ကိုယ့်ကိုယ်က်ုကံကောင်းတယ်လို့ယုံကြည်မူ့ရှိခြင်းဟာ သင့်ဘဝကိုတိုးတက်စေမှာပါ

in #myanmar7 years ago (edited)

image
လူတိုင်းဟာ ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေ မြောက်များစွာ ကြုံရစမြဲပါ။
ဘယ်လိုပဲ ကြုံရပစေ .. နောက်ဆုံးမှာတော့ ငါကံကောင်းတတ်တဲ့သူပါလို့ .. ယုံကြည်ချက်ထားလိုက်တာက ကိုယ့်ဘဝခရီးကို အကောင်းဆုံးလမ်းက လျှောက်လိုက်တာပါပဲ ...။
ဘာဖြစ်လို့လဲဆိုတော့ ဘဝဆိုတဲ့ ခရီးရှည်ကြီးမှာ လျှောက်ရမယ့်လမ်းက နှစ်လမ်းပဲရှိလို့ပါ ...။ တစ်လမ်းက ငါကံဆိုးတယ်လို့ ယုံကြည်မှုနဲ့ လျှောက်ရတဲ့လမ်းနဲ့ နောက်တစ်လမ်းက ငါကံကောင်းတယ်လို့ ယုံကြည်မှုနဲ့ လျှောက်ရတဲ့လမ်း .. ဒီနှစ်လမ်းပဲရှိပါတယ်။
တချို့လူတွေက ငါကံဆိုးတယ်လမ်းက လျှောက်တယ်။ တချို့လူတွေကတော့ ငါကံကောင်းတယ်လမ်းက လျှောက်ကြတယ်။

 ကိုယ့်ကိုယ်ကိုယ် ငါကံကောင်းတယ် I am lucky. လို့ ယုံလိုက်ရင် ဘာတွေဖြစ်လာမလဲ။
    ကိုယ့်ကိုယ်ကိုယ် Feel great ဖြစ်သွားတယ်။  ကိုယ့်စိတ် အကြီးကြီးဖြစ်သွားတယ် အမြင့်ကြီး ဖြစ်သွားတယ်။ သေးသေးနုပ်နုပ် သိမ်သိမ်ငယ်ငယ်လေး မဟုတ်တော့ဘူး။
     နောက်ထပ်ရော ဘာတွေဖြစ်အုံးမလဲ ...။
    ကိုယ့်ရဲ့ တွေးပုံခေါ်ပုံက ထိထိရောက်ရောက် ဖြစ်လာတယ်။ အားပါပါ မာန်ပါပါ တွေးရဲလာတယ်။ အားနဲ့မာန်နဲ့ တွေးလာတဲ့အခါကျတော့ ကိုယ့်ရဲ့အရည်အချင်းတွေ အစွမ်းအစတွေ ထွက်လာဖို့ ဥာဏ်ပွင့်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အများကြီးဖြစ်လာတယ်။ အဲဒီစိတ် အဲဒီသတ္တိ ဖြစ်လာပြီဆိုရင် ဘာလုပ်လုပ် အောင်မြင်တော့မှာပဲ။ အကြံကောင်း ဥာဏ်ကောင်းတွေကလည်း ထွက်ပြီးရင်း ထွက်နေတော့မှာပဲ။ 

    လောကကို စိတ်ကဦးဆောင်တယ်တဲ့။ အရာရာ ဒီစိတ်က ဖြစ်အောင် လုပ်ပေးနေတာနော်။
   အဲဒီတော့ ဒီစိတ်ကို ကောင်းတာတွေ နေ့တိုင်းပြော .. ကောင်းတာတွေ ဖြစ်မယ်လို့ ယုံခိုင်း ..  ကောင်းတာတွေချည်းပဲ လုပ် ..။ အဲဒါဆို ကိုယ့်ကိုယ်ကိုယ် ကောင်းတာ အရင်ဆုံး ပေးပြီးသား ဖြစ်နေတယ်။
   ကောင်းတဲ့အရာတစ်ခုဟာ နောက်ထပ် အကောင်းကိုပဲ ဆွဲငင်ယူပါတယ်။ တူရာ တူရာ စုတတ်တဲ့ သဘောပါ။ နောက်ထပ် ကောင်းတာတွေ အများကြီး ဖြစ်လာအုံးတော့မယ်။

   လောကဓံ အနိမ့်အမြင့် ကတော့ ကြုံနေရအုံးမှာပါပဲ။ ဒါပေမယ့် ဘဝမှာ ဘာပဲကြုံရကြုံရ နောက်ဆုံးအနှစ်ချုပ်ကြည့်လိုက်ရင် ငါကံကောင်းတယ်လို့ပဲ ဖြစ်သွားရမယ်။ 

     ကိုယ့်ကိုယ်ကိုယ် ငါကံကောင်းတယ်လို့ ယုံကြည်ရင် ကံတွေက ပိုကောင်းတတ်ပါတယ်။ 

@letwethondara
photo from google

Coin Marketplace

STEEM 0.14
TRX 0.35
JST 0.035
BTC 116030.77
ETH 4722.16
SBD 0.86