လောကဓံတရားရှစ်ပါး အပိုင်း (၁)

in #myanmar7 years ago

image
ဤကမ္ဘာလောကကြီး၌ ကျင်လည်နေကြရသူအားလုံး
လောကဓံတရား ရှစ်ပါးနဲ့ မကြုံတွေ့ရသူ ရင်မဆိုင်ရသူဆိုတာ မရှိပါဘူး
လောကဓံတရား(၈)ပါးဟူသည် ______
လာဘော အလာဘော
ယသော အယသော
နိန္ဒံ ပသန္တံ သုခံ ဒုက္ခံ ။
(၁) လာဘ -လာဘ်လာဘ ပေါ်များခြင်း
(၂) အလာဘ - လာဘ်လာဘ ဆုတ်ယုတ်ခြင်း
(၃) ယသ - အခြံအရံ ပေါ်များခြင်း
(၄) အယသ- အခြံအရံ တပည့်မရှိခြင်း
(၅) နိန္ဒ -ကဲ့ရဲ့ခံရခြင်း
(၆) ပသန္တ - ချီးမွှမ်းခံရခြင်း
(၇) သုခ - ချမ်းသာခြင်း
(၈) ဒုက္ခ- ဆင်းရဲခြင်း အားဖြင့် လောကဓံရှစ်ပါးဖြစ်သည် ။
ဤ (၈) ပါး လုံးကို အစဉ်တိုင်း အဓိပ္ပါယ်များကို ပြောပြချင်ပါတယ် ။

(၁) လာဘ - လာဘ်လာဘ ပေါ်များခြင်း
__________________________
ဘာကြောင့် လာဘ်လာဘ ပေါ်များရတာလဲ အရာရာတိုင်းမှာ
အကြောင်း+ အကျိုး နိယာမသဘောတရားဆိုတာရှိပါတယ်
အတိတ်ဘဝက လူဖြစ်ရခြင်း အကြောင်းကုသိုလ်ကံကို လုပ်ခြင်းကြောင့်
ယခုပစ္စုပ္ပန်ဘဝမှာ လူ ဖြစ်ရခြင်း အကျိုးတရားကိုရရှိလာခဲ့ကြတာပါ။
ကမ္ဘာမှာ အချမ်းသာဆုံး လူတိုင်းရဲ့ ပါးစပ်ဖျားရေပန်းစားနေတဲ့ ဘီလျံနာသူဋ္ဌေးကြီး ဘီလ်ဂိတ်အကြောင်းကို မပြောတော့ပါဘူး
လက်ရှိမြန်မာနိုင်ငံမှာ သူဋ္ဌေးကြီးစာရင်ဝင် မြန်မာဘောလုံးအဖွဲ့ချုပ်
ဥက္ကဌ ဦးဇော်ဇော်ကိုပဲ စံနမူထားပြီးပဲ ပြောပါရစေ ။
စားပွဲထိုးဘဝကနေ မြန်မာနိုင်ငံသူဋ္ဌေးကြီးစာရင်းဝင်ထိအခုလိုချမ်းသာလာခဲ့တာ ဘာကြောင့်လဲ ။
ဘာကြောင့်လဲဆိုတော့။
ချမ်းသာအောင် ကြိုးစားခဲ့လို့ ချမ်းသာအောင်အလုပ်တွေလုပ်ခဲ့လို့
ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်သလို ချမ်းသာကြီးပွားလာမှာလဲ
မဟုတ်ပါဘူး ။ ချမ်းသာကြီးပွားခြင်းရဲ့အကြောင်းတွေကိုလုပ်ခဲ့လို့ပါ ။
အလုပ်လုပ်တိုင်း အလုပ်ကြိုးစားတိုင်းလဲ ကြီးပွားမချမ်းသာကြပါဘူး ။ ကြီးပွားချမ်းသာဖို့ လာဘ်လာဘတွေပေါ်များလာဖို့ဆိုရင် ဤအချက်လေးတွေ ရှိဖို့လိုအပ်ပါတယ် >>>>>>>
ကိုယ့်လုပ်တဲ့အလုပ်အပေါ်မှာ

လေးစားခြင်း ။
ချစ်မြတ်နိုးခြင်း ။
စေတနာထားခြင်း ။
ကြိုးစားခြင်း ။
ယုံကြည်မူရှိခြင်း ။
ကိုယ်နဲ့အလုပ်အတူတူ လုပ်တဲ့သူအပေါ်မှာလဲ
ရိုးသားခြင်း ။
စေတနာထားခြင်း
ယုံကြည်မူရှိခြင်း
ဤ အချက်တို့ နှင့် ပြည့်စုံတဲ့သူဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ်
ကြီးပွားချမ်းသာမှာ ဧကန်မလွဲပါဘူး ။ ဒါဟာ ။ လက်ရှိပစ္စုပ္ပန်
လက်တွေ့ကျကျ သဘောတရားကိုပြောတာပါ ။
image
တရားသဘောနဲ့ပြောရမယ်ဆိုတော့ >>>>>>>>
ချမ်းသာကြီးပွား လာဘ်လာဘ ပေါ်များဖို့ဆိုရင်
ကံ, ဥာဏ်,ဝီရိယ ဤသုံးပါးနှင့်ပြည့်စုံဖို့လိုအပ်ပါတယ် ။
ရှေး အတိတ်ဘဝ ယခုလက်ရှိပစ္စုပ္ပန်ဘဝ၌ကောင်းမူကုသိုလ်ကံရှိခြင်း ။
ထက်မြတ် စူးရှသော ဥာဏ်ပညာရှိခြင်း ။
ကြိုးစားအားထုတ်မူရှိခြင်းတို့ဖြစ်ပါသည် ။
image
ကျွန်တော်နှင့်တကွ မိတ်ဆွေ သူငယ်ချင်းများအားလုံး
စတီးမစ် မှာ ပို့စ်တင်ရင် ပိုက်ဆံရကြပါတယ် ။ နောက် အသိပညာ
ဗဟုသုတတွေ ကိုယ်စီ ဖလှယ်ကြလို့ ကိုယ်သိတဲ့ အသိထက် အသိပညာ
ဗဟုသုတတွေ ထပ်တိုးသိရလို့ စတီးမစ်ကိုလုပ်ရတာ အဖက်ဖက်က ပျော်စရာလဲကောင်းပါတယ် ။
စတီးမစ်မှာပို့တင်သောအခါ ကိုယ်သိတဲ့အသိပညာတွေကို တခြားသောမိတ်ဆွေတွေကိုသိစေခြင်းဆိုတဲ့စိတ် စေတနာလေးထားဖို့
ကိုယ့်လုပ်တဲ့အလုပ်ကိုယုံကြည်ဖို့ ကိုယ်တင်လိုက်သောပို့စ်ကို
တခြားသူတွေက vote မပေးလဲစိတ်ဓာတ်မကျပဲ ဆက်ကြိုးစားဖို့
ကျွန်တော် ရေးတင်လိုက်သော ပို့စ်တွေ ဟာ လိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သိပါတယ် ။ ကျွန်တော် steemitကိုစလုပ်တာ သိပ်မကြာသေးပါဘူး ဒါကြောင့် ကျွန်တော်ဆက်ကြိုးစားနေမှာပါ ။ မိတ်ဆွေသူငယ်ချင်းများလဲ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနေဖို့ ဒီနေရာက အားပေးလိုက်ပါတယ်မိတ်ဆွေသူငယ်ချင်တို့ ။

photos from googel
written by letwethondara
ကြိုးစားလျှက်

Sort:  

Infuse your life with action. Don't wait for it to happen. Make it happen. Make your own future. Make your own hope. Make your own love. And whatever your beliefs, honor your creator, not by passively waiting for grace to come down from upon high, but by doing what you can to make grace happen... yourself, right now, right down here on Earth.

ကျေးဇူးပါ .. လောကဓံတရား ၈ပါး ဘဲသိတာ ..
အဲ့ ၈ပါး ကို ပါဠိလိုမသိခဲ့ဘူး .. ခုမှသိတယ်

ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 63788.86
ETH 2476.31
USDT 1.00
SBD 2.66