သတိပျြု

in #myanmar6 years ago (edited)

image
ကျွန်ပ်တို့သည် မိမိထက်
အဆင့်တန်းမြင့်သူကို
ကြည့်မိ မြင်မိလျှင်
မိမိ၏ဘဝဟာ
ဝမ်းနည်းစရာဖြစ်သော်လည်း
မိမိအောက်
အဆင့်တန်းနိမ့်သူကို
ကြည့်မိ မြင်မိပြန်လျှင်လည်း
မိမိအဖို့ ဝမ်းမြောက်စရာလို့
ထင်မိကောင်းထင်မိနိုင်သည် ။

သို့သော် ••••••

မိမိထက် အဆင့်အတန်းမြင့်သူကို
မနာလိုဝန်တိုစိတ်မထားဘဲ
အားကျတဲ့စိတ် ဝမ်းမြောက်သောစိတ်
သူ့လိုဖြစ်အောင်ကြိုးစားအားထုတ်ဖို့
စိတ်ရှိလာအောင်မွေးမြူဖို့
လိုအပ်ပေသည်
မနာလိုဝန်တိုစိတ်ဖြစ်ခြင်သည်
မိမိ၏ဘဝ မိမိဘဝ၏အဆင့်တန်းကို
နက်ရှိုင်းသောချောက်ကမ်းပါးသို့
မိမိကိုယ်တိုင် ဆွဲချသည်နှင့်တူ၏
မနာလိုဝန်တိုစိတ်ကို စိုးစဉ်းမျှမထားသင့် ။

မိမိအောက်နိမ့်ကျသောသူကိုတွေ့လျှင်လည်း
ဒီကောင်ငါ့ထက်နိမ့်ကျ ဆင်းရဲနွမ်းပါးပါတယ်ဆိုပြီးတော့လည်း
မထေမဲ့မြင် မပြုသင့်သလို အနိုင်ကျင့်လိုသော
စိတ်ကိုလည်း မမွေးမြူသင့်ခြင်းကို
အကြီးအကျယ် သတိပြုဖို့ လိုအပ်ပေသည် ။

@letwethondara
photo from google

Sort:  

မေတ္တာ ဂရုဏာ မုဒိတာ .. ပေါ့

ဟုတ်တယ်လေ

အမှန်​ပါပဲ ဘုန်းဘုန်း

မှန်ပါတယ်

အား​ပေးခဲ့တယ်​ bro

ကောင်းပါတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66631.72
ETH 3487.54
USDT 1.00
SBD 2.71