အချိန်ရှိခိုက် လုံးလစိုက်၍ကြိုးစားကြပါ

in #myanmar6 years ago (edited)

image
ကျနော်တို့အားလုံး ရရှိလာတဲ့လူ့ဘဝခဏတာလေးမှာ
အချိန်ကိုအကျိုးရှိစွာနဲ့ အသုံးချနိုင်ဖို့သည်က
အရေးအကြီးဆုံးများစွာထဲ အရေးကြီးဆုံးအရာတစ်ခုလို့
ကျနော်ထင်မြင်မိပါတယ် ။

အချိန်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူ၍
သုံးမျိုးဖြင့် ပိုင်းခြားသတ်မှတ်ပါတယ် ။

အနာဂတ်အချိန်သည် မရောက်ရှိလာသေး၍ ကျနော်တို့အားလုံး
ပိုင်ဆိုင်တယ်လို့သတ်မှတ်လို့မရသေးပါဘူး ။
အတိတ်ဆိုတဲ့အချိန်သည်လည်း ပြီးဆုံးလွန်မြောက်ခဲ့ပြီဖြစ်လို့
ပြန်လည်ဖမ်းဆုပ်ယူထားလို့ မရတော့ပါဘူး ။
ရောက်ဆဲပစ္စုပ္ပန် အချိန်သည်သာ ကျနော်တို့အားလုံး
ကိုယ်စီပိုင်ဆိုင်သောအချိန် ဖြစ်ပါတယ် ။

သို့ဖြစ်ပါသောကြောင့်
ကုန်ဆုံးခဲ့ပြီးသော အချိန်ကိုလည်း မနှမြောသင့်သလို
ရောက်လာလတံ့သောအချိန်ကိုလည်း
မျှော်လင့်စောင့်စား တောင့်တမနေဘဲ
ယခု ရောက်ဆဲဖြစ်သော ပစ္စုပ္ပန်အချိန်ကလေး
မကုန်လွန် မပြီးဆုံးသေးသောအချိန်ကလေးကိုသာ
လက်တွေ့ကျကျ အကျိုးရှိအောင်
အသုံးချလိုက်သင့်ပါတယ် ။

အောင်မြင်စေချင်သော စေတနာဖြင့်
@letwethondara
photo from facebook

Sort:  

မှန်ပါတယ်အချိန်နဲ့ဒီရေသည်လူကိုမစောင့်တဲ့။အချိန်ကိုစောင့်မနေသင့်ပါဘူး

မှန်ပါတယ် broကြိုးစားဗျာ

မှန်ပါတယ်ဗျာ အားပေးတယ်ကြိုးစားပါ

ဟုတ် broသားလဲကြိုးစာဗျာ အတူတူအောင်မြင်ကြတာပေါ့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 59370.83
ETH 2591.60
USDT 1.00
SBD 2.46