ကိုယ့်အတွက် အကျိုးရှိအောင်အသုံးပြုကြစို့လား

in #myanmar7 years ago (edited)

image

ခေတ်ကာလကြီးကလဲ နေ့စဉ်နဲ့အမျှပြောင်းလဲပြောင်းလဲတိုးတက်နေတဲ့
ခေတ်ဆိုတော့ အိမ်ထဲမှာထိုင်နေရင်း internetလေးဖွင့် face book
account လေးဖွင့်ပြီး phoneလေးပွတ်လိုက်ယုံနဲ့တင် မြန်မာနိုင်ငံသာမက ကမ္ဘာမှာ ဖြစ်ပျက်နေသော အကြောင်းတွေကို သိနိုင်တဲ့ခေတ်လို့
ဆိုရင်လဲမမှားနိုင်ပါဘူး ။

ဖွံ့ဖြိုးတိုးတက်မူတွေက မြန်ဆန်သလို ပျက်စီးဖို့ လမ်းကြောင်းအခွင့်အလမ်းတွေကလဲ ပိုပိုများလာလေပါပဲ ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးမှာ on lineကောင်းကောင်းမသုံးတတ်
ဖုန်းကောင်းကောင်း မသုံးတတ်ရင် လူကြားထဲဝင်ဆံ့ဖို့ကိုတော်တော်မလွယ်တဲ့ခေတ်လို့ဆိုရင်လဲ ရနိုင်ပါတယ် ။

"သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး "ဆိုရိုးစကားလိုပဲ အရာရာတိုင်းမှာ
ကောင်းတာတွေလဲရှိသလို ဆိုးတာတွေလဲ နောက်က ကပ်ပါလာစမြဲမို့
အကောင်းနဲ့အဆိုးဟာ အမြဲတန်းဒွန်တွဲနေလေ့ရှိပါတယ် ။ ကောင်းတာရှိရင် သူ့ရဲ့ဆန့်ကျင်ဘက်မကောင်းတာရှိသလို မကောင်းတာရှိရင်လဲ သူ့ရဲ့ဆန့်ကျင်ဘက်ကောင်းတာ တွေရှိတယ်ဆိုတာ အရာရာတိုင်မှာ မေ့ထားလို့မရပါဘူး ။
image
တချို့ဆို online ပေါ်မှာ အသိပညာ ဗဟုသုတတွေ လိုက်စား ကိုယ့်ဘဝ
အနာဂတ်၏ အောင်မြင်ကြောင်းစာတွေဖတ် စီးပွားရေ ကြီးပွားရေအကြောင်း တွေကိုသိရှိလို့ onlineဆိုတဲ့ အသိပညာဗဟုသုတတွေပွင့်လန်းနေတဲ့
သစ်ပင်ကြီးဆီကနေ အသိပညာ ဗဟုသုတ လို့ခေါ်တဲ့ အသီး အပွင့်တွေကို
ခူးစားလို့ ကိုယ့်ဘဝရဲ့အနာဂတ် အောင်မြင် ထွန်းတောက် အထက်ရောက်သွားတဲ့လူတော်လူကောင်းလေးတွေလဲရှိသလို တချို့ကျတော့လဲ
online ကြောင့် လမ်းမှားရောက်ဘဝပျက်သွားတဲ့သူတွေလဲမနည်းပါဘူး ။

ဒါကြောင့် အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဟာဒွန်တွဲအမြဲယှဉ်တွဲလျှက်
ကိုယ့်ရဲ့စိတ်ဟာအဓိကဖြစ်လို့ onlineဆိုတဲ့ ဆေးပဒေသာပင်ကြီးကို
သောက်တတ်ရင်တော့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်မှာပါ မသောက်တတ်ရင်တော့့ကိုယ့်ဘဝကိုနူက်ယူမယ့် အဆိပ်ပင်ကြီးဖြစ်တယ်ဆိုတာ
ကျွန်တော်တို့အားလုံး သတိမမူခဲ့ရင်ပေါ့ဗျာ ။

ဟိုတလောက facebookပေါ် နာမည်ကြီးသတင်းတစ်ခုတက်လိုက်ပါသေးတယ် ဖရဲသီးသယ်လေး ဇွဲကြိုးချသေးတဲ့သတင်းလေးပါ ။

image
ကျွန်တော် တကယ်စိတ်မကောင်းဖြစ်မိပါတယ် မသန်မစွမ်းပေမယ့်
သူ့မှာရှိတဲ့ခွန်အားလေးနဲ့ သမ္မာအာဇီဝကျကျ ရိုးသားစွာ မိဘကိုလုပ်ကျွေးနေတဲ့သူလေးပါ ။
လူတစ်ယောက်ရဲ့ မဆင်မကျင်ဝေဖန်နိမ့်ချပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် မကြွေးလွှင့်သင့်ဘဲ အသက်တစ်ချောင် ကြွေလွှင့်ပျက်စီးဆုံးရှုံးခဲ့ရတာပါ ။
ကျွန်တော် ဘယ်သူ့ကိုမှမမုန်းပါဘူး မုန်းလို့ အစဖော်ပြောဆိုခြင်းလဲမဟုတ်ပါဘူး ။ဘာမှအဓိပ္ပါယ်မရှိ စာနာစိတ်မရှိ မဆင်မခြင်မစဉ်းစားဘဲonlineပေါမှာစာလေးတစ်ကြောင်းတင်ခဲ့ခြင်းကြောင့် အသက်တစ်ကြောင်းကြွေလင့်ခဲ့ရတာဟာ online ကိုအကောင်းဘက်ကအသုံးမချတာကို ဥပမာထားလို့ပြောပြရခြင်းပါ ။
ဒုတ်နဲ့ရိုက် ဓားနဲ့ခုတ် လက်သီးနဲ့ထိုးကြိတ် မှအသက်သေတာမဟုတ်ပါဘူး စကားတစ်ခွန်း စာတစ်ကြောင်းလောက်နဲ့ လဲလူ့အသက်တစ်ချောင်းကိုနူက်ယူလို့ရတယ်ဆိုတာဖရဲသီး သယ်လေးရဲ့အဖြစ်က သက်သေ
ပြသွားခဲ့တာပါ ။

ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ နောက်ထပ် မတွေ့ကြုံ မမြင်ရ မကြားရအောင်  ကျွန်တော်တို့အားလုံးonlineကို အကောင်းဘက်က အသုံးပြု 

အသုံးချကြစို့လားဗျာ ••••။

myanmar steemit မိသားစုဝင်များအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပကတိ ချမ်းသာစွာရှိနိုင်ကြပါစေ ဆုမွန်ကောင်းတောင်းရင်း

@letwethondara
photos from googel images

Sort:  

အမှန်ပါပဲဗျာ
နောက်ကနေ မယ်မယ်ရရမသိပဲ
သံယောင်လိုက် ပြစ်တင်ကဲ့ရဲ့တတ်သူတွေ
ကလည်း တစ်ပုံတစ်ပင် ။

ဟုတ်တယ် bro

သနားပါတယ် .. နော်
Upvote!

ဟုတ် အစ်မ အဲ့ဒိသတင်းကိုဖတ်မိဘူးထင်တယ်

စိတ်ညစ်ပြီး Suicide လုပ်သွားတယ်လို့ တော့ ကြားမိလိုက်တယ် ..

Release the Kraken! You got a 1.38% upvote from @seakraken courtesy of @letwethondara!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 64876.28
ETH 2650.41
USDT 1.00
SBD 2.81