တစ်နှစ်တာဆုကြေးအများဆံးဇယား

in #myanmar6 years ago

တစ်နှစ်တာဆုကြေးအများဆုံး ဂေါက်သီးမယ်ဆုအား ရနိုင်သူဆိုပီး ၂ဦးသာရှိပါသည်။ ပထမနေရာရနေသူဆန်ဟွန်ပတ်ခ်နှင့် ဒုတိယနေရာရနေသူ ဆိုယွန်ရူးတို့ပါ။ အကောင်းဆုံးလူသစ်မယ်လေး ပတ်ခ်က ရူးထက် ခုကြေး ဒေါ်လာ ၂၉၈,ဝ၄၇ ပိုများနေပါသည်။ ဒီနောက်ဆုံးပွဲမှာ ပထမရသူ၏ဆုကြေးက ဒေါ်လာ ၆၂၅,ဝဝဝ ဖြစ်ပေရာ ရူးဗိုလ်စွဲပါက ရူးက ဒီဆုရပါလိမ့်မည်။ ရူးဗိုလ်မစွဲပါကမူ ပတ်ခ်ပင် ဒီဆုရမည့်အနေအထားပါ။

နိုဝင်ဘာလ ၁၆ရက်နေ့တွင် နှစ်ပိတ်ပွဲကြီး စတင်ပါသည်။ ဒီပွဲကြီးသို့ ဝင်ခွင့်ရသူများအနက် ယခုနှစ်အတွင်း ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့သူများအားလုံး ပါဝင်ကစားခဲ့ကြပါသည်။ Rolex Rankings ဟုခေါ်သည့် ကမ္ဘာ့ဂေါက်သီးမယ်အဆင့် ဇယားတွင် တစ်နှစ်တာအတွင်း ကမ္ဘာ့နံပါတ်တစ်ခုဖြစ်ခဲ့သူအရေအတွက်တွင် ဒီ ၂၀၁၇ခုနှစ်က အများဆုံးဟု ဆိုရပါမည်။ ကွဲပြားခြားနားသော ဂေါက်သီးမယ်ငါးဦးက ဘုရင် မပလ္လင်ထက်ဝယ် ထိုင်နီုင်ခဲ့ကြသည်။ ခြောက်လအတွင်း အပြောင်းအလဲများဖြစ်ခဲ့ကြခြင်းလည်းဖြစ်ပါသည်။ အောက်ပါ ဂေါက်သီးမယ်များပါ။
၁။ လစ်ဒီယာကိုး ၂၆.၁၉.၂၀၁၅ မှ ၁၁.၆.၂၀၁၇ထိ
၂။ အာရီးယားဂျူတာနုဂန် ၁၂.၆.၂၀၁၇ မှ ၂၅.၆.၂၀၁၇ထိ
၃။ ဆိုယွန်ရူး ၂၆.၆.၂၀၁၇မှ ၅.၁၁.၂၀၁၇ထိ
၎။ ဆန်ဟွန်ပတ်ခ် ၆.၁၁.၂၀၁၇မှ ၅၁၂.၁၁.၂၀၁၇ထိ
၅။ ရှန်ရှန်ဖန်း ၁၃.၁၁.၂၀၁၇မှ လက်ရှိအချိန်အထိ

နယူးဇီလန်ဂေါက်သီး မယ်လေး လစ်ဒီယာကိုးက ကာလရှည်ကြာစွာ(စုစုပေါင်း ၁၀၄ပတ်)နံပါတ်တစ်နေရာကိုရခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ထိုင်း ဂေါက်သီးမယ်လေး အာရီးယားဂျူတာနုဂန်းက ၂၀၁၆ခုနှစ်အတွင်း ငါးပွဲဗိုလ် စွဲနိုင်ခဲ့မှုကို အခြေခံပြုကာ ၂၀၁၇ ခုနှစ် ဂျွှန်လ ၁၁ရက်နေ့တွင် Manulife LPGA Classic ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာပါတော့သည်။ ယင်းကာလနောက်ပိုင်းတွင် သူမသည် ကိုယ်ခန္တာနာကျင်မှုဒဏ်ရာများကြောင့် ပါဝင်မကစားနိုင်မှုများ၊ ပြိုင်ပွဲကစားနေရင်း နှုတ်ထွက်ခဲ့ရမှုများ၊ ငါးပွဲဆက်တိုက်နှစ်ရက်နှင့် ပြုတ်ခဲ့မှုများဖြစ်ခဲ့ပြီးနောက် ၂၀၁၇ခုနှစ်အတွင်း ANA Inspiration မေဂျာပွဲကြီး ၂.၄.၂၀၁၇ နှင့် Walmart NW Arkansas Ch. ၂၅.၆.၂၀၁၇ ဗိုလ်စွဲခဲ့သူ ကိုးရီးယားဂေါက်သီးမယ်ဆိုယွန်ရူးက ၂၆.၆.၂၀၁၇နေ့တွင် ကမ္ဘာ့နံပါတ်တစ်ဖြစ်လာပါသည်။ ယင်းနောက်ပိုင်းတွင် ရူးလည်း လက်ပျက်လက်ကျမှုများဖြစ်ခဲ့ပါသည်။

ဆန်ဟွန်ပတ်ခ်သည် ဇူလိုင်လ ၁၇ရက်နေ့တွင် အမျိုးသမီး ယူအက်စ်အိုးပင်း မေဂျာပွဲကြီး ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁၁ မှ ပဉ္စမနေရာသို့ ရောက်ရှိလာပြီး သြဂုတ်လ ၂၇ရက်နေ့တွင် Canadaian Pacific Women's Open ဗိုလ်စွဲလိုက်သည့်အခါ တတိယနေ့တွင် LPGA KEB Hana Bank Ch.တွင် ဒုတိယရသည့်အခါ ဒုတိယနေရာသို့ ရောက်လာပြီး ပထမနေရာရနေသူ ရူးနှင့် အမှတ်ချင်းမကွာလှတော့သည့် အခြေအနေ(ရူးက၈.၇၅မှတ်၊ သူမက၈.၅၀မှတ်) ဖြစ်ခဲ့ပါသည်။ပတ်ခ်သည် အောက်တိုဘာလ ၂၉ရက် နေ့က Sime Darby LPGA Malaysia ပွဲတွင် အဆင်ပူးတွဲ ၅ချိတ်ပြီးနောက် နိုင်ဝင်ဘာလ ၂ရက်နေ့မှ ၅ရက်နေ့အထိ ကျင်းပခဲ့သော Toto Japan Classic ဝင်မကစားသည့်တိုင် အဆိုပါပွဲတွင် ကမ္ဘာ့အဆင့်တစ် ရူးက အပေါ် ၈.၄၁ မှတ်-၈.၃၈မှတ်ဖြင့် အမှတ်အနည်းငယ်လေး အသာရကာ ကမ္ဘာ့အဆင့်တစ်ပထမဆုံးအကြိမ်ဖြစ်လာပါသည်။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83