ဝဋ်

in #myanmar6 years ago (edited)


photo credit by facebook

လူကြီးတွေပြောနေကြတဲ့ ဝဋ်ကြွေးတွေများကြောက်စရာကောင်းလိုက်တာဆိုတဲ့စကားကို သိတတ်စအရွယ်တည်းကကြားဖူးနေပေမယ့် သိပ်နားမလည်ခဲ့ဘူး အရွယ်ရောက်လာတဲ့တဲ့အချိန်ကျမှ ဝဋ်ကြွေးဆိုတာသူတပါးအပေါ်ကိုယ်ပြုဖူးတဲ့ အကုသိုလ်ကံက တစ်ချိန်ချိန်မှာကိုယ့်ဆီကို ပြန်ရောက်လာတယ်ဆိုတာ နားလည်ခဲ့တယ်။

ဝဋ်လည်တယ်ဆိုတာကို ကိုယ်တိုင်တစ်ကြိမ်နှစ်ကြိမ်လောက်ကြုံခဲ့ရချိန်မှာ ပတ်ဝန်းကျင်ကိုလည်းသတိထားခဲ့မိတယ်။ဝဋ်ဆိုတာအံ့သြဖို့ကောင်းလွန်းလို့ ကိုယ်စိတ်ဝင်စားခဲ့မိတယ်။ကိုယ်ဆယ်ကျော်သက်အရွယ်တုန်းက သူငယ်ချင်းကောင်းမလေးတစ်ယောက်ကို ကောင်လေးတစ်ယောက်နဲ့ကြိုက်နေတာဆိုပီး ပတ်ဝန်းကျင်မှာပြောခဲ့မိတယ်။ဒါတောင်ကိုယ်ပြောခဲ့ချိန်တုန်းက သူ့အပေါ်မှာနစ်နာပါစေဆိုတဲ့စိတ်မျိုးနဲ့ပြောခဲ့တာမဟုတ်ပါဘူး။

သူတို့နှစ်ယောက်ကိုကြိုက်စေချင်လွန်းလို့ ကိုယ်အောင်သွယ်သဘောနဲ့ပြောခဲ့မိတာပါ။ဒါပေမယ့် ကိုယ့်သူငယ်ချင်းနဲ့အဲဒီကောင်လေးကမကြိုက်ခဲ့ပါဘူး။ကိုယ့်သူငယ်ချင်းကတော့ ကိုယ့်ကိုစိတ်ခုသွားခဲ့တယ်ထင်ပါတယ်။ကိုယ်လည်းနောင်တော့ရခဲ့မိတယ် နောက်ဆို ပါးစပ်ကိုစည်းကမ်းရှိအောင်ထားရမယ်ဆိုတာတော့ နားလည်ခဲ့တယ်။

နောက်တော့ ကောလိပ်တွေဖွင့်တာနဲ့ ကျောင်းတက်ဖို့ပြင်ဆင်ရတာနဲ့ အဲဒီကိစ္စကိုလည်းမေ့သွားခဲ့တယ်။ဒီလိုနဲ့ ကိုယ်ဒုတိယနှစ်ရောက်တော့ ကောင်လေးတစ်ယောက်နဲ့ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ခဲ့တယ်။အဲဒီကောင်လေးမှာလည်း ရည်းစားကောင်မလေးရှိတော့ ကိုယ်လည်းစိတ်ပေါ့ပေါ့ပါးပါးပဲ ခင်ခဲ့မိတယ်။ကိုယ့်သူငယ်ချင်းကောင်လေးရဲ့ရည်းစားနဲ့ ကိုယ်နဲ့လည်းခင်ခင်မင်မင်ရှိတော့ ဘာပြသနာမှမရှိခဲ့ပါဘူး။

တစ်နေ့တော့မရှိတဲ့ပြသနာကို ဘယ်သူကအစဆွဲထုတ်သွားလည်းမသိပါဘူး။ကိုယ်အိမ်ပြန်ရောက်တဲ့အချိန်မှာ ကိုယ့်အဒေါ်ကကျောင်းမှာတော်တော်ပျော်ခဲ့ရဲ့လားလို့မေးတယ်။ကျောင်းတက်လာတာပဲ ဒုတိယနှစ်ရောက်မှ ကျောင်းမှာပျော်ရဲ့လားလို့မေးတော့ နည်းနည်းအံ့သြခဲ့မိတယ်။ညနေထမင်းစားပီးတဲ့အချိန်မှာတော့ အိမ်ရှိလူအကုန်စုပီး ကိုယ့်ကိုသြဝါဒပေးပါလေရောပေါ့။လူကြီးတွေကတော့ ကျောင်းမှာမျက်နှာမငယ်ရအောင် အစစလိုလေသေးမရှိထားထားတာ သူကတော့ ကျောင်းမှာရည်းစားနဲ့ပျော်နေတယ်ဆိုပဲ။

ကိုယ်လည်းတော်တော်စိတ်ဆိုးသွားခဲ့တယ် ကိုယ်မဟုတ်တာကိုအဟုတ်လုပ်ပြောနေတော့ ကိုယ့်မှာရည်းစားမရှိတဲ့အကြောင်းနဲ့ စာကိုသေချာသင်နေတယ်ဆိုတာပြောပြတာ ဘယ်လိုမှလက်မခံကြဘူး။ဒါနဲ့ကိုယ်လည်းစိတ်ညစ်ညစ်နဲ့ အိပ်ရာဝင်ခဲ့တယ်။အိပ်ယာထဲသာဝင်ခဲ့ပေမယ့် ဒေါသကတော့ထွက်နေတုန်း ဘယ်သူကများသူများကို ဖျက်လိုဖျက်ဆီးနဲ့ အကျင့်ပုတ်ပီးတော့ အိမ်ကိုလာတိုင်သွားလည်းဆိုတာ သိချင်မိခဲ့တယ်။

ဘယ်သူပြောတာများဖြစ်နိုင်မလည်းဆိုတာ စဉ်းစားရင်းနဲ့အိပ်ပျော်သွားခဲ့တယ်။မိုးလင်းတော့တစ်ခါထပ်စဉ်းစားတယ် ဘယ်လိုမှစဉ်းစားလို့မရတဲ့အဆုံး စိတ်ညစ်ညစ်နဲ့ အိမ်ရှေ့ကပိတောက်ပင်အောက်မှာထိုင်နေတုန်း ကိုယ့်အသိတစ်ခုဝင်လာခဲ့တယ်။လွန်ခဲ့နှစ်နှစ်လောက်တုန်းကလည်း ကိုယ်သူများကိုဒီလိုစွပ်စွဲခဲ့ဘူးတယ်ဆိုတာကိုပေါ့။သြော် ရှေ့ကဝိပါတ် ၇ရက် အခုဝိပတ်က တံခေါက်ခွက်ကတက်တယ်ဆိုတာ ဒါမျိုးပါလားလို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေရွတ်လိုက်မိတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကလည်း ကိုယ့်သူငယ်ချင်းကိုယ့်လိုခံစားရမှာပဲဆိုပီး သူ့အတွက်လည်းစိတ်မကောင်းဖြစ်ခဲ့မိတယ်။မဟုတ်တာကို အဟုတ်လုပ်ပြောခံရတဲ့စကားအတွက် ကိုယ်စိတ်ဆိုးသလို ကိုယ့်သူငယ်ချင်းလည်းစိတ်ဆိုးခဲ့မှာပေါ့။ကိုယ့်သူငယ်ချင်းကကိုယ့်ကို ဒဏ်မခတ်ပေမယ့် ကံကြမ္မာကတော့ မသိချင်ယောင်ဆောင်မနေပဲ မိမိရရကို ဒဏ်ခတ်တတ်ပါလားဆိုတာကို ကိုယ်နားလည်ခဲ့တယ်။အဲဒီနောက်ပိုင်း ကိုယ်သေချာမသိတဲ့အကြောင်းတွေဆို ကိုယ်မပြောဖြစ်အောင်နေခဲ့တယ်။သေချာတဲ့ကိစ္စဆိုရင်တောင် အဲဒီလူအတွက်အကျိးမရှိတဲ့စကားဆိုရင် ကိုယ်မပြောဖြစ်အောင် ထိန်းသိမ်းခဲ့တာ ဒီနေ့ထိပဲပေါ့။ဝဋ်ကြွေးတွေကို ကြောက်လွန်းလို့ပါ။

@leeshang
MSC -230

Sort:  

You got a 18.33% upvote from @mitsuko courtesy of @leeshang!

Need to make our mind pure

ဟုတ်တာပေါ့

ဝဋ်ရှိရင်လည်း ဒီဘဝ ဒီမျှကြအောင် ဆပ်ကြရမှာပေါ့

ရှောင်ပြေးလို့လည်းမရဘူးလေ

အမှန်​ပါပဲဝဋ်​ဆိုတာ​ကြာက်​ဖို့အင်​မတန်​​ကောင်းပါတယ်​။

နောက်ဆိုသူများကို မဟုတ်တာမပြောရဲတော့ဘူး

ဝဋ်မှာအမြဲ ငရဲမှာအပ

အရမ်းမှန်တယ်

ဟုတ်တယ်။ဝဋ်ကြွေးတွေက ကြောက်စရာပဲ။

ကြောက်ဖို့ကောင်းတယ်

ထူးထူးဆန်းဆန်းပဲ ဝဋ်ကြွေးကလိုက်လာတတ်တယ်

တစ်ခါတည်းနဲ့တော်တော်လန့်သွားတယ်

သေးငယ်သော ဝဋ်တွေတောင် တစ်ပတ်လည်ရင် ကြီးမားတဲ့ ဝဋ်တွေဆိုရင်တော့ ကြောက်စရာ။

သံသရာမှာကြောက်ဖို့ကောင်းတဲ့ ကိစ္စတွေပေါ့

ဟုတ်မှန် အကျိုးရှိတဲ့စကားကိုပဲအခြေအနေနှင့်
အချိန်အခါကိုကြည့်ပြီး ပြောသင့်ပါတယ်

ဝဋ်ကြွေးကတော့ သံသရာလည်နေသရွေ့ ဆပ်နေရဦးမှာဘဲဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63039.96
ETH 2549.01
USDT 1.00
SBD 2.78