ချဉ်ပေါင်ရွက်ကြော်

in #myanmar6 years ago


photo credit by facebook

ချဉ်ပေါင်ရွက်ကြော်လေးစားချင်လို့ ဈေးထဲကိုမိုးတဖွဲဖွဲကျနေတဲ့ကြားထဲက ထွက်လာခဲ့မိတယ်။ချဉ်ပေါင်ရွက်သည်ရှေ့ကိုရပ်မိချိန်မှာ ခပ်ချေချေထိုင်နေတဲ့ဈေးသည်ကို ချဉ်ပေါင်ရွက်တစ်စည်းဘယ်လောက်လဲလို့မေးမိတယ်။ ဈေးသည်ကမျက်နှာကိုခပ်လွှဲလွှဲကြည့်ရင်း နှစ်ရာဖိုးသုံးစည်း တစ်စည်းချင်းယူရင် တစ်ရာတဲ့လေ။ပန်းစည်းစည်းသလို စည်းထားတဲ့ချဉ်ပေါင်ရွက်ကိုကြည့်ရင်း သုံးစည်းပဲပေးပါလို့ပြောပီးမှ ငြုတ်သီးစိမ်းပါတစ်ရာဖိုးပေးပါဆိုတော့ ဈေးသည်က ချဉ်ပေါင်ရွက်ဝယ်တာများ ဘာဝယ်နေတယ်ထင်လဲမသိဘူး စဉ်းစားနေလိုက်တာတဲ့လေ။

ဈေးသည်ရဲ့စကားကို အောင့်သီးအောင်သက်နဲ့ခံလိုက်ရပေမယ့် ဘာမှတော့ပြန်မပြောဖြစ်ခဲ့ပါဘူး ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ မကုန်စေချင်ဘူးလေ။ချဉ်ပေါင်ရွက်ဝယ်ပီးတော့ နောက်ထပ်ဝယ်ရမှာကမျှစ်ဆိုတာ စဉ်းစားမိပီး မျှစ်သည်ဖက်ကိုထွက်ခဲ့တယ်။ဒီတစ်ခါတော့ စကားများများမပြောဖို့ဆုံးဖြတ်ပီး ရချင်သလောက်သာရဆိုပီး မျှစ်ငါးရာဖိုးပေးပါလို့ပြောလိုက်တယ်။မျှစ်သည်က တစ်ဆယ်သားသုံးရာ နှစ်ဆယ်သားကိုခြောက်ရာတဲ့ ကိုယ်လည်းစိတ်ထဲကနည်းနည်းတော့ ကသိကအောက်ဖြစ်သွားပီး ငါးရာဖိုးဝယ်လို့မရဘူးလားလို့ ပြန်မေးမိတော့မှ ဈေးသည်ကရပါတယ်လို့ပြန်ပြောတယ်။

မပြောဘူးနေလို့လည်း မဖြစ်သေးပါဘူးတွေးမိပီး မျှစ်ကကျတ်အောင်ပြုတ်ထားတာလားလို့ မေးလိုက်တော့ သူလည်းဖောက်သည်ယူထားတာမို့မသိဘူးတဲ့ လာပို့တဲ့သူကိုအကျတ်လား မကျတ်တကျတ်လားဆိုတာမမေးလိုက်မိလို့ နောက်ဆိုမေးထားလိုက်မယ်ဆိုပီး စကားတွေကိုအလုံးပိုတွေပြောနေတာကို နားမထောင်တော့ပဲ ထွက်လာခဲ့မိတယ်။တစ်ကယ်ဆိုရင် မသိဘူးအမရယ် ဖောက်သည်ယူတာမလို့ဆိုလည်း ပီးနေတာကို ထေ့သလိုငေါ့သလိုတောင်ပြောလိုက်သေးရဲ့။

ဈေးထဲမှာလမ်းလျှောက်ရင်း စဉ်းစားမိတယ် ဒီလူတွေရွှေသာရောင်းရင်ဘယ်လိုနေမလဲပေါ့။ချဉ်ပေါင်ရွက်ကြော်ဖို့အတွက် လိုအပ်တဲ့အခြားပစ္စည်းတွေကို ဆက်ဝယ်ဖို့အတွက်တောင် အင်အားမရှိတော့သလို ဖြစ်လာခဲ့လို့ ဘာမှထပ်မဝယ်တော့ပဲ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့အမေက ပုစွန်ခြောက်ကဘယ်မှာတုန်းတဲ့။အိမ်မှာပုစွန်ခြောက်ကုန်နေတာကို ဝယ်မလာလို့ပွစိပွစိလုပ်နေသေးတယ်။ပုစွန်ခြောက်မပါရင် ချဉ်ပေါင်ရွက်ကြော်ကဘယ်လိုလုပ်ကောင်းမှာလဲဆိုပီး အဆက်မပြတ်ပြောနေတာသံကို နားမထောင်တော့ပဲ မကောင်းလည်းရတယ်အမေရာ ချဉ်ပေါင်ရွက်ကြော်ဖြစ်ရင်ပီးရောလို့ ပြောပီးအိပ်ခန်းထဲကိုဝင်ပီး အိပ်ယာပေါ်မှာလှဲနေမိတယ်။

ခဏနေတော့ အခန်းထဲကိုအမေလိုက်လာတယ် ဈေးကပြန်လာပီးမျက်နှာမကောင်းလို့ ဘာဖြစ်လာတာလဲတဲ့။အမေ့ကိုပြောပြဖို့ အားယူရင်းမျက်ရည်တွေကစီးကျလာခဲ့တယ်။အမေကစိတ်ပူသွားပီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဆိုပီး အထိတ်တလန့်နဲ့မေးတော့ ဈေးသည်တွေနဲ့ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောပြတော့မှ အမေကရယ်နိုင်တော့တယ်။

ငါ့သမီးဈေးလေးတစ်ခါလွှတ်လိုက်ပါတယ် မျက်ရည်စက်လက်နဲ့ပြန်လာတယ်ဆိုပီး အိမ်လာတဲ့သူတွေကိုပြောပြနေသေးတယ်။အမေ့ကြည့်ရတာတော့ စိတ်ဆိုးတဲ့ပုံမပေါ်ဘူး။ကိုယ်အမေ့ကိုမကျေနပ်လို့ အမေကကိုယ့်သမီးခံလာရတာကို ဘာဖြစ်လို့ရယ်နေတာလဲ စိတ်မဆိုးဘူးလားလို့မေးမိတော့ လူဆိုတာအမျိုးမျိုးရှိတယ်သမီးရဲ့တဲ့ သမီးကပြောသလို ရွှေရောင်းတာမဟုတ်ပဲ ဟင်းရွက်ရောင်းပီးအချိုးမပြေဖြစ်နေတာမဟုတ်ပဲ အဲဒီနေ့မှာ ဟင်းရွက်ရောင်းတဲ့ဈေးသည်က သူ့ရဲ့အိမ်မှာ ဘယ်လိုကိစ္စမျိုးရှိလာခဲ့လို့လဲမှမသိတာတဲ့။

ဟင်းရွက်ရောင်းတဲ့သူရယ် ရွှေရောင်းတဲ့သူရယ် မဟုတ်ပါဘူးတဲ့ လူဆိုတာ သူအဆင်မပြေတဲ့အခိုက်နဲ့ ကိုယ်နဲ့တွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်နေရင် သူ့ရဲ့ဒေါသကိုအခြားသူတစ်ယောက်ဆီကို မိုက်မိုက်မဲမဲလွှဲချလိုက်တတ်ကြတယ် ဒါကိုဗွေယူလိုက်ရင် ကိုယ်လည်းသူ့လို မိုက်မဲတဲ့သူတစ်ယောက်ဖြစ်သွားမှာပေါ့တဲ့။ကိုယ်ကအလိမ္မာနဲ့ ခွင့်လွှတ်လိုက်ရင် ကိုယ်ဖက်ကငြိမ်းချမ်းသွားမှာပါတဲ့ သူ့အပူကို ကိုယ့်အပူဖြစ်အောင်မယူချင်ပါနဲ့တဲ့။အမေ့စကားကဟုတ်သလိုရှိပေမယ့် ငယ်ရွယ်တဲ့ကိုယ်ကတော့ ခုချိန်ထိပြန်တွေးရင် ဒေါသထွက်တုန်းပဲ။

@leeshang
MSC -230

Sort:  

တချို့​ဈေးသည်​​တွေအဲလိုပဲ။

သူတို့မျက်နှာပဲကြည့်နေရတယ်

စကား​ပြော စာ ပိုဒ်​ များ ကို မျက်​​တောင်​ အဖွင့်​ အပိတ်​ နှင်​​ပြော​စေ ချင်​ပါသည်​။

ကျေးဇူးပါ နောက်ကျနေလို့ နဲနဲလောသွားပါတယ် ပြန်စစ်လိုက်ပါမယ်

Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 14.59% upvote courtesy of @leeshang!


Message from the Mother Ship:

You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.

Click one of the links below and start earning :)

10 SP20 SP50 SP
100 SP200 SP500 SP
1000 SP2000 SP5000 SP
Any Other Amount

ချဉ်ပေါင်ကြော် ကြိုကိတယ်ဗျို့

ရိုက်လိုက်ပါအုံး

In the fight of Humans vs Bots, @megabot defended you with 20.00% upvote courtesy of @leeshang!

Support @Megabot by delegating SP to the bot and get a part of 98% of @Megabot's profit.

Direct delegation links : 10 SP || 50 SP || 100 SP || 500 SP || 1000 SP || Any other amount of SP

Join our discord group here.

Thank You !

BOING! You got a 27.16% upvote from @boinger courtesy of @leeshang!

Loading...

ဒေါသဆိုတာကလဲ ထွက်နေချိန်ဆိုရင် ဘာမှကိုမှမမြင်တော့တာပဲဗျာ

အေးလေ

စား​ကောင်းလား:-)

တခုခုပေါ့ ဘာလိုနေမှန်းမသိဘူး

ချဉ်ပေါင်ရွက်ကို ပုဇွန်ခြောက်မပါပဲကြော်နည်းတင်ပေးရဦးမယ်

မျှော်နေပါ့မယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56325.56
ETH 2374.82
USDT 1.00
SBD 2.33