သိုက်ဆက်

in #myanmar6 years ago (edited)

IMG20180303165437.jpgလွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကတည်းက မတွေ့ခဲ့ရတဲ့သူငယ်ချင်းနဲ့ပြန်တွေ့ခဲ့ရတဲ့အချိန်မှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ငယ်ငယ်တုန်းကသိခဲ့ဘူးတဲ့ ဘုန်းကြီးတစ်ပါးအကြောင်း သူငယ်ချင်းကိုမေးမိတော့ အဲဒီဘုန်းကြီးကအခုဒီဘက်ကို သိပ်မလာတော့ဘူးတဲ့ အရင်လိုကိစ္စတွေသိပ်မလုပ်ပေးတော့ပဲ တရားပဲပိုအားထုတ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုကြားရတယ်။ ဆရာတော်အတွက်သာဓုခေါ်မိခဲ့ရင်း အတိတ်ဘဝက အစ်ကိုရဲ့ညီမအပေါ်သံယောဇဉ်ကြီးမှုကြောင့်ဖြစ်ခဲ့ရတဲ့ သိုက်ဆက်ဆိုတဲ့ကိစ္စတွေကို ဖြေရှင်းပေးခဲ့တာကို ထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရတဲ့အကြောင်းကို ပြန်သတိရလာမိခဲ့တယ်။

ကိုယ့်အသက်ဆယ်ငါးနှစ်လောက်တုန်းက ကိုယ်တို့ရွာကိုပေါ်တော်မူကုန်းကဆိုတဲ့ ဘုန်းကြီးတစ်ပါးရောက်လာခဲ့တယ် အဲဒီအချိန်တုန်းက ပေါ်တော်မူကုန်းဆိုတာလည်း ဘယ်မှာရှိမှန်းမသိခဲ့ပါဘူး။ဒါပေမယ့် မျက်နှာကပြုံးပြုံး ပြုံးပြုံးနဲ့ အသက်လေးဆယ်လောက်ရှိမယ့် ဘုန်းကြီးတစ်ပါး ရွာထဲကိုဝင်လာတယ်ဆိုရင် ကလေးတော်တော်များများပျော်လေ့ရှိကြတယ်။အကြောင်းကတော့ အဲဒီဆရာတော်ဆီမှာ ကလေးတွေအတွက် မုန့်တစ်မျိုးမဟုတ်တစ်မျိုးပါလာတတ်လို့ပါပဲ။

ဆရာတော်ရဲ့အပြုံးကြောင့်လား လူတွေကိုကူညီတတ်တဲ့အကျင့်ကြောင့်လာတော့မသိပါဘူး ရွာကိုရောက်ပီး နှစ်လလောက်ကြာတော့ ရွာသားတွေနဲ့ဆရာတော်နဲ့ တစ်သားတည်းဖြစ်သွားတယ်။ရွာထဲမှာနေမကောင်းတဲ့ သက်ကြီးရွယ်အိုလူနာရှိရင် ညနေတိုင်းဆရာတော်ရောက်လာပီး ပရိတ်ရွတ်ဖတ်ပီး လူနာကိုပရိတ်တရားနာစေတယ်။ဘယ်သူမှသွားပင့်စရာမလိုပါဘူး လူနာရှိတဲ့အိမ်ကို သင်္ကန်းလေးတပြင်ပြင်နဲ့ သူ့ဘာသာရောက်လာတာပါ။

အဲဒီလိုနေရင်းနဲ့တစ်နေ့တော့ ကိုယ်တို့ရွာကအဖွားကြီးတစ်ယောက်ရဲ့သမီးဖြစ်သူ နေမကောင်းလို့ဆိုပီး ရွာကိုပြန်ရောက်လာခဲ့တယ်။အဲဒီအဒေါ်ကြီးက တစ်ကိုယ်လုံးပူလောင်နေလို့ပါဆိုပီး ခုန်ပေါက်သောင်းကျန်းနေတယ်။သူကပြောချင်တာပြောပြီး လုပ်ချင်တာလုပ်နေတော့ သူ့ယောက်ျားကသူ့ကို စိတ်ကျန်းမာရေးဆေးရုံကိုပို့ဖို့စီစဉ်နေပီ။အဲဒီအချိန်မှာပဲ ဘယ်ကသတင်းရသွားလဲမသိဘူး ပေါ်တော်မူဆရာတော်က အဲဒီအဒေါ်ကြီးကိုအိမ်ကို သူ့ထုံးစံအတိုင်း သင်္ကန်းလေးတပြင်ပြင်နဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ ရောက်လာခဲ့တယ်။

ဆရာတော်ကြွလာတော့ အိမ်ရှင်တွေလည်းထူးဆန်းနေတယ် ဆရာတော်ကတော့ဘာမှမပြောဘဲ ဘုရားဝတ်ပြုပီး ရောဂါဖြစ်နေတဲ့အဒေါ်ကြီးကို သူ့ရှေ့ကိုခေါ်ခိုင်းခဲ့တယ်။ရောဂါဖြစ်နေတဲ့အဒေါ်ကြီးရောက်လာချိန်မှာတော့ ဆရာတော်က ကရင်လူလည်တွေပါလားဆိုပီးပြောတယ်။အဲဒီအချိန်မှာ ရောဂါဖြစ်နေတဲ့အဒေါ်ကြီးကငိုပါလေရော။သူ့ညီမလေးကိုစိတ်မချလို့ နောက်ကလိုက်နေတာပါဆိုပီးပြောနေတော့ ဆရာတော်က မင်းနဲ့မင်းညီမနဲ့က ဘဝချင်းခြားနေပီဖြစ်လို့ မနှောင့်ယှက်နဲ့ဆိုပီးပြောတယ် မင်းညီမလေးကိုမင်းချစ်ရင် သူဒီဘဝမှာအဆင်ပြေပြေနေနိုင်အောင် ကူညီပေးလိုက်ပါ ပီးရင်မင်းတို့ကျွတ်လွတ်ဖို့အတွက်အမျှအတန်းဝေခိုင်းပေါ့လို့ပြောခဲ့တယ်။

ဆရာတော်ကတစ်ဆက်တည်းမှာပဲ "ဘုရားပစ္စည်းကိုစောင့်တာလည်းမဟုတ်ပဲ ကိုယ့်ပစ္စည်းကိုယ်အစွဲတကြီးနဲ့စောင့်နေတာ ကောင်းလည်းမကောင်းပါဘူး "ဆိုတော့ သူနားလည်ပါပီ အဖွားကိုတိုင်ပင်ရအုံးမယ်လို့ပြောပီး ငိုမြဲငိုနေခဲ့တယ်။ဒါနဲ့ဆရာတော်လည်း "မင်းတို့ဘယ်လိုဖြစ်ကြရတာလည်း"လို့မေးတော့ အဒေါ်ကြီးကိုဝင်ပူးနေတဲ့သူက သူတို့ကကရင်ရွာတစ်ရွာ(သူကတော့ ရွာနာမည်အတိအကျပြောပါတယ်) က ငွေကြေးချမ်းသာတဲ့မိသားစုဖြစ်ပီး တိုင်းပြည်ကမအေးချမ်းတော့ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို မြေကြီးထဲမှာမြုပ်ထားခဲ့ကြတယ်တဲ့။

တစ်နေ့တော့သူတို့ရွာကို ဓါးပြတွေဝင်လာပီးသူတို့တစ်မိသားစုလုံးကို သတ်ပစ်ခဲ့ကြတယ် သူ့မိဘတွေအဖိုးအဖွားတွေနဲ့ သူ့ညီမလေးရောသူပါသေဆုံးခဲ့ကြပီး သူ့အဖွားနဲ့သူသာပစ္စည်းတွေကိုစောင့်ရင်း မကျွတ်မလွတ်ဘဝနဲ့ရှိနေခဲ့ကြပီး ကျန်တဲ့သူတွေကတော့ လူဝင်စားပြန်ဖြစ်နေကြပီဆိုတဲ့အကြောင်းနဲ့ သူ့ညီမလေးကိုစိတ်မချလို့ အနောက်ကနေလိုက်နေတဲ့အကြောင်းကိုပြောပြခဲ့တယ်။နောက်တော့ ငိုရင်းနဲ့ပဲဝင်ပူးနေတဲ့သူက ထွက်သွားတယ်ထင်ပါတယ် အဲဒီအဒေါ်ကြီးကကြောင်တောင်တောင်နဲ့ လူတွေကိုကြည့်နေခဲ့တယ်။ရွာဓလေ့အတိုင်း တစ်ခြံလုံးအပြည့်လူတွေရောက်နေကြပီလေ။

အားလုံးပီးသွားတော့ ဆရာတော်ကဘယ်သူ့ကိုမှ ဘာမှမပြောဘဲပြန်ကြွသွားခဲ့တယ်။ဆရာတော်ပြန်ကြွသွားတော့မှ အဖွားကြီးကသူ့သမီးလင်မယားကို အကျိုးအကြောင်းမေးကြည့်တော့ သူ့သမီးယောက်ျားက လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပီး သူ့မိန်းမနောက်ကိုမြွေတစ်ကောင်ကလိုက်နေခဲ့ပီး သူတို့လည်းမြွေကိုသတ်ဖို့အတွက်အဆင်မပြေတော့ ဒီအတိုင်းပဲကြည့်နေခဲ့ရကြောင်း တစ်နေ့တော့မြွေကြီးကသူတို့အိမ်ရှေ့ကတွင်းထဲကိုဝင်သွားတဲ့အချိန် တွင်းဝကိုပိတ်ပစ်လိုက်ကြတယ် အဲဒီနောက်ပိုင်း သူ့မိန်းမကအခုလိုဖြစ်သွားတဲ့အကြောင်းကို ဖွင့်ပြောခဲ့တယ်။အဖွားကြီးကသူတို့ကိုပြောဆိုတာပေါ့ နားလည်တဲ့သူကိုမပြောပြဘဲ ကိုယ်ထင်ရာကိုယ်လုပ်တယ်ဆိုပီးပေါ့။ဒါမျိုးဆိုတာမယုံလို့မရဘူးလို့ပြောခဲ့တယ် သူ့သားမက်လည်းအဖြစ်အပျက်တွေက လက်မခံလို့မရတော့ လက်ခံသွားခဲ့ရတယ်။

အဲဒီအဖြစ်အပျက်တွေဖြစ်ပီးသိပ်မကြာဘူး အဒေါ်ကြီးရဲ့စီးပွားရေးတရိပ်ရိပ်တက်လာခဲ့တယ်။အခုဆိုအဲဒီအဒေါ်ကြီးက ကုမ္ပဏီတစ်ခုမှာတောင် ရှယ်ယာရှင်ဖြစ်နေပီဆိုတဲ့အကြောင်းကို ကြားရတော့ အဒေါ်ကြီးအတွက် ဝမ်းသာမိသလို အဒေါ်ကြီးရဲ့သိုက်ဆက်တွေကို ကူညီပေးခဲ့တဲ့ဆရာတော်လည်း အရင်ကထက်တရားအားထုတ်နေတယ်ဆိုတဲ့ စကားကိုကြားရတာက ပိုပီးတော့စိတ်ချမ်းသာမိပါတယ်။

@leeshang
MSC -230

Sort:  

This post has received a 1.96% upvote from thanks to: @leeshang.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

When everything seems to be going against you, remember that the airplane takes off against the wind, not with it.

I would never die for my beliefs because I might be wrong.

သိုက်ဆက်ဆိုလို့ သူငယ်ချင်းတစ်ယောက်ဖြစ်ဖူးတာ
တော့ မှတ်မိတယ်

တစ်ချို့အကြောင်းတွေကမယုံလို့မရဘူး

ထုးထွေဆန်းပြားဘဝများမှာ ဒါတွေလည်းကြုံတွေ့တတ်ပါတယ်

ဟုတ်တယ်နော်

သိပ်​နားမလည်​​တော့မ​ပြောတတ်​ဘူးရှင့်​။

ဟုတ်တယ် သိပ်တော့နားမလည်ဘူး အဲဒီတစ်ခါကတော့မျက်မြင်ပဲ

ကျနော်တို့ မသိနိုင်တဲ့ သိပ္ပံပညာနဲ့ သက်သေမပြနိုင်တာတွေ အများကြီးရှိနေပါပေါ့ လားဗျာ

ဟုတ်တယ် ယုံတာမယုံတာတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပေါ့

လျှို့ ဝှက်ဆန်းကြယ်တွေက မယုံရအခက် ယုံရအခက်ကြီးတွေပဲ။

ကြုံရတဲ့တစ်ခါကတော့ အမှတ်ရနေစရာပါပဲ

အဖြစ်အပျက်က ထူးဆန်းတယ်ဗျာ

ရွာမှာတော့ တော်တော်နာမည်ကြီးသွားတယ်

ဆန်းကြယ်​လှပါဘိဗျာ

ဟုတ်တယ်

မယုံဘူးလို့​တော့ ​ပြောလို့မရ​ပေမယ့်​ ဒါမျိုး​တွေက ယုံရခက်​ခက်​ပဲ

အရမ်းကြီးတော့ယုံလို့မရဘူး

အဲ့လိုမျိုးတွေတော့ မျက်ဝါးထင်ထင်မကြုံဖူးသေးဘူးဗျ
ကြားပဲကြားဖူးတယ်

အရမ်းကြီးတော့မယုံနဲ့ လူလိမ်တွေလည်းရှိတယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61409.80
ETH 3378.90
USDT 1.00
SBD 2.51