ငတိမ

in #myanmar8 years ago (edited)


photo credit by facebook
ကျောင်းသားဘဝတုန်းက နေရာတကာစပ်စပ်ဆော့ဆော့ရှိတတ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို တိုက်ဆိုင်မှုတွေရှိတိုင်း သတိရတတ်တယ်။အဲဒီကောင်မလေးဘယ်လောက် စပ်ဆော့သလဲဆိုတော့ သူတို့ကျောင်းက သူ့ထက်တစ်တန်းကြီးတဲ့ နှစ်ကျကျောင်းသားကြီး ကျောင်းသုံးရက်လောက် မလာရဲခဲ့တဲ့အထိပေါ့။

ဖြစ်ပုံကတော့ ကျောင်းထဲက စားလို့အရမ်းကောင်းတဲ့ဇီးပင်ကြီးကစတာပေါ့။ဇီးပင်ကြီးအောက်မှာ ထိုင်နေတဲ့အသားဖြူဖြူ မျက်နှာဖောင်းဖောင်းနဲ့ကောင်မလေးတစ်ယောက် ပါးစပ်ကပွစိပွစိနဲ့ ဘာတွေပြောနေမှန်းမသိပြောနေပီး ဇီးပင်ကြီးကိုလည်း ဟိုဘက်လှည့်ကြည့်လိုက် ဒီဘက်ကလှည့်ကြည့်လိုက် လက်အုပ်လေးချီလိုက်နဲ့လုပ်နေတာကို ကျောင်းသားကြီးကမြင်သွားတယ်။

ဒါနဲ့ သူစိတ်ဝင်စားသွားပီး ကောင်မလေးနားကိုသွားတယ် အနားရောက်တော့မှ ကောင်မလေးကို"ဘာလုပ်နေတာလဲ"လို့မေးတော့။ကောင်မလေးက စိတ်ရှုပ်သွားတဲ့မျက်နှာနဲ့ ပြန်ဖြေတယ် "ဇီးပင်အောက်ကို ရောက်နေမှတော့ ဇီးသီးစားမလို့ပေါ့" တဲ့။ပြီးတော့မှ "ဇီးသီးမရတဲ့ကြားထဲ အာရုံနောက်အောင် လာမလုပ်နဲ့"ဆိုပီး ပါးစပ်ကပွစိပွစိပြန်လုပ်နေလေရဲ့။

ကျောင်းသားကြီးပိုသိချင်လာတယ် အဲဒါနဲ့ကောင်မလေးကို "နင်ဘာတွေရွတ်နေတာလဲ ပြောပြရင်ဇီးသီးခူးပေးမယ်"လို့ပြောလိုက်တယ်။ကျောင်းသားကြီးရဲ့စကားအဆုံးမှာတော့ ကောင်မလေးမျက်နှာဝင်းသွားတယ် ပြီးတော့မှပြောပြတယ်။"ဇီးသီးကြွေဖို့အတွက် လေတွေတိုက်ဖို့ လေနတ်သားဆီမှာဆုတောင်း ရင်း ကြွေကျရင်လည်း အလုံးကြီးကြီးတွေဖြစ်ဖို့ ရုက္ခစိုးနတ်ဆီမှာ ဆုတောင်းနေတာ" ဖြစ်တဲ့အကြောင်း ရှင်းပြနေတာ အဟုတ်ပဲ။

ကျောင်းသားကြီးက ကောင်မလေးကို "ညည်းပြောနေတာတွေ သူတို့ကကြားပါ့မလား"ဆိုပီးမေးတော့ ကောင်မလေးကသွက်သွက်လက်လက်ပဲ ပြန်ဖြေပါတယ်။"ကြားလို့ပဲ အစ်ကိုကြီးကိုလွှတ်လိုက်တာပေါ့"တဲ့လေ။ကျောင်းသားကြီးလည်းသူ့ကတိနဲ့သူဆိုတော့ ဘာမှမပြောသာတော့ဘဲ ဇီးသီးတက်လှုပ်ပေးရပါတော့တယ်။ဇီးပင်ပေါ်ကိုမတက်ခင် တတွတ်တွတ်မှာတာကတော့" ကောင်မလေး ငါဇီးသီးတက်လှုပ်ရင် အပေါ်ကိုမော့မကြည့်နဲ့နော်"တဲ့။

ပထမပိုင်းတော့ ကောင်မလေးကစကားနားထောင်ပါတယ်။နည်းနည်းကြာလာတော့ ကျောင်းသားကြီးမှာတာကိုမေ့သွားပီး အပေါ်ကိုမော့ကြည့်လိုက်ပါတယ်။ကျောင်းသားကြီးရဲ့ ငယ်သံပါအောင်အော်တဲ့အသံနဲ့ ကောင်မလေးရဲ့ကြောင်တောင်တောင်မျက်နှာလေးကတော့ တစ်ထပ်တည်းကျသွားပါတယ်။

နောက်နေ့မနက်လည်းရောက်ရော ငတိမက ဖွပါလေရော။ကျောင်းသားကြီးကဇီးသီးတက်လှုပ်တာ သူမကအောက်ကနေ ဘယ်ကိုင်းမှာအသီးပိုများလည်း ကြည့်ပေးမလို့အပေါ်ကိုမော့ကြည့်တာ ငယ်သံပါအောင်အော်တယ်ဆိုပီးတော့ပေါ့။သူမကဆက်ပြောသေးတယ် သူတော့ဘာမှမမြင်ပါဘူးတဲ့ ကျောင်းသားကြီးက ဘာလို့များအော်တာပါလိမ့်တဲ့လေ။ကျောင်းသားကြီးလည်း ဘာကိုရှက်သွားလည်းမသိပါဘူး ကျောင်းတော့သုံးရက်လောက် ပျက်လိုက်ရသည်ပေါ့။

ငတိမက ဒီမှာတင်ရပ်မသွားပါဘူး ကျောင်းသားကြီးရဲ့ရှက်တတ်တဲ့အားနည်းချက်ကို သိသွားပီးနောက်ပိုင်း ကျောင်းသားကြီးကို စနောက်ဖို့ အခွင့်အရေးရသွားပါတယ်။ကျောင်းသားကြီးကတော့ သူမကိုကြောက်လို့ သူမ ရှိတဲ့နေရာတွေကို မသွားလိုပါဘူး။ဒါပေမယ့်လည်း ကံတရားက သူ့စိတ်တိုင်းကျမဖြစ်တော့ ငတိမလေးနဲ့တစ်နေ့တော့ တည့်တည့်တိုးပါလေရော။

ကျောင်းသားကြီးက သူ့ထက်နည်းနည်းသေးနေတဲ့ အင်္ကျီကိုဝတ်လာတဲ့နေ့မှ ငတိမနဲ့တည့်တည့်တိုးပါလေရော။ဒီဂွင်ကိုစောင့်နေတဲ့ ငတိမက ကျောင်းသားကြီးကို "အစ်ကိုအစ်ကို ညီမကိုအဲဒီအင်္ကျီပြန်ရောင်းပါလားတဲ့လေ"။ကျောင်းသားကြီးစိတ်ညစ်သွားတယ်။ အင်္ကျီက သေးတဲ့နေ့ကျမှ ငရှုပ်မနဲ့လာတွေ့လေခြင်းဆိုပီး မျက်ရည်ဝိုင်းသွားတယ်။

ပြီးတော့မှ "ငါဒီအင်္ကျီဝယ်လာတာ မကြာသေးဘူးခုမှဝတ်တာတဲ့လေ" ပြီးတော့ ငါကိုအာရုံနောက်အောင်မလုပ်ပါနဲ့ဆိုပီး တောင်းပန်ရှာတယ်။ကောင်မလေးကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အဲဒီအင်္ကျီသမီးကိုပြန်ရောင်းပါတဲ့လေ။အင်္ကျီနည်းနည်းသေးနေတာကိုသိတဲ့ ကျောင်းသားကြီးပျော်သွားတယ် ဒီကောင်မလေးကို ဖားရိုက်မယ်ဆိုပီး စိတ်ထဲကတွေးလိုက်တယ်။

ကျောင်းသားကြီးကကောင်မလေးကို သူ့အင်္ကျီကခုမှဝယ်လာတာဖြစ်ပီး သူဝယ်တုန်းက (၇၅၀၀) ကျပ်ရှိပီးပြန်ဝယ်ရင် (၃၅၀၀)နဲ့ရောင်းမယ်ဆိုပီး ဈေးညှိပါတယ်။ကောင်မလေးကလည်း (၂၀၀၀) မရရင် မဝယ်ဘူးဆိုပီး စစ်ပါတယ်။ကျောင်းသားကြီးစိတ်ညစ်သွားတယ် မရောင်းရင်လည်း ဒီအင်္ကျီက အပိုဖြစ်တော့မယ်ဆိုတာသိတော့ (၂၅၀၀)ရရင်ရောင်းမယ်ဆိုပီးဈေးထပ်ညှိတယ်။ကောင်မလေးကလည်း (၂၀၀၀)မရရင်မယူဘူး ဆိုပီးတင်းထားတယ်။နောက်ဆုံးတော့ ကျောင်းသားကြီးစိတ်ညစ်သွားတယ်။မထူးဘူးဆိုပီး (၂၀၀၀)နဲ့ရောင်းလိုက်တယ်။

နောက်နေ့မနက်ရောက်တော့ ကျောင်းသားကြီးကျောင်းမရောက်ခင်ဘဲ ကျောင်းထဲမှာသတင်းတစ်ခုက ပျံ့နေလေရဲ့။ကျောင်းသားကြီးဖဲရှုံးလို့ ဝတ်ထားတဲ့အင်္ကျီလေးသူ့မဆီမှာရောင်းထားခဲ့ရတယ်ဆိုပီး အင်္ကျီလေးပြပြပီးတော့ ပြောနေတဲ့ငတိမကို ကျောင်းသားကြီးအမှုန့်ကြိတ်ပစ်ချင်တဲ့အထိ ဖြစ်သွားပါတယ်။အတင်းငြင်းရအောင်လည်း သက်သေက သူမလက်ထဲမှာဆိုတာ့ ဘာမှမပြောနိုင်ဘဲ ကြိတ်ကြိတ်သာ ငိုနေရပါတော့တယ်။

@leeshang
MSC - 230

Sort:  

You got a 8.51% upvote from @mitsuko courtesy of @leeshang! .

Join our team and delegate your SP to earn passive income.
Get part of 80% @mitsuko profit based on your delegated SP
Delegate 10 SP
Delegate 100 SP
Delegate 200 SP
Delegate 300 SP
Delegate 500 SP
Delegate 1000 SP

or custom delegation SP

တော်​​တော်​မလွယ်​ပါ့​ကောဗျ😁😁😁

ဟုတ်ပါ့ဗျာ

အစအ​နောက်​​တော်​​တော်​သန်​တယ်​​နော်​။

လူစုံမှရှင်းပြတတ်တဲ့ အကျင့်လည်းရှိသေးတယ်

ဒိုးခပဲကွာ အဲ့ ကမ ဟီး

မင်းဆီလွှတ်လိုက်ရမလား

အမွှေစိန်မလေးဘဲ

လန့်လွန်းလို့ပါ

မွှေနိုင်​လွန်းတယ်

အာ့လို အာ့လို

Gooood👍

ကျေးဇူးပါ

အမွေစိန်လေးပေါ့ ဗျာ... 😁😁

အမွှေစိန်မှ အမွှေစိန်စစ်စစ်

You got a 2.21% upvote from @brandonfrye courtesy of @leeshang!

Want to promote your posts too? Send a minimum of .10 SBD or Steem to @brandonfrye with link in the memo for an upvote on your post. You can also delegate to our service for daily passive earnings which helps to support the @minnowfund initiative. Learn more here

You got a 3.91% upvote from @t50 courtesy of @leeshang!
95% of all SBD bids go to the people who invest by delegating to the bot.


To use this service send a minimum of 0.010 SBD or STEEM to @t50 with the post you want upvoted as the memo.
For a limited time top bidder will get 15+ additional upvotes!
Low Minimum Bids!
Increase Your Rep!
Draw Attention To your Post.
Earn Passive Income By Delegating SP to the Bot.
Overbid Protection
Voting processed every 2.4h (2,880 blocks).
@t50 follows all followers!


If you do not want to receive upvotes from @t50 you can ask to be blacklisted by replying to this comment.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 59825.23
ETH 1553.85
USDT 1.00
SBD 0.42