ကိုယ့်ရဲ့နတ်သမီး( ဇာတ်သိမ်း)

in #myanmar6 years ago

ဆောင်းနှောင်းရဲ့နှင်းကြွင်းနှင်းကျန်လေးတွေ ဟိုတစ်စက်ဒီတစ်စက်အောက်မှာ ငူငူငိုင်ငိုင်ထိုင်ခဲ့ရတဲ့နေ့တွေမှာတော့ ကိုယ့်ရဲ့နတ်သမီးလေးလည်း နှင်းစက်တွေနဲ့အတူ တစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်ခဲ့ရပေါ့။ဆောင်းရာသီကုန်ဆုံးချိန်အထိ ပြန်ရောက်မလာသေးတဲ့သူငယ်ချင်းမလေးကြောင့်လား ကိုယ့်နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သွားတဲ့ နတ်သမီးလေးကြောင့်လားမသိနိုင်ပဲ ရင်ထဲမှာတစစ်စစ်နဲ့ ဆောင်းတွင်းကိုနှုတ်ဆက်ခဲ့ရပါတယ်။

နွေဦးကအရင်နှစ်တွေထက် စောစောစီးစီးကျရောက်လာချိန်မှာ ရာသီဥတုရဲ့အပူချိန်ထက် ကိုယ့်ရင်ထဲကအပူကချိန်ကမြင့်တက်လာချိန်မှာတော့ မခံစားနိုင်တော့တဲ့အဆုံး သူငယ်ချင်းတွေကိုရင်ဖွင့်ဖြစ်ခဲ့မိတယ်။သူငယ်ချင်းတွေက တက်တက်ကြွကြွနဲ့ကူညီဖို့ ဆုံးဖြတ်ခဲ့ကြချိန်မှာတော့ ကိုယ့်အဖြစ်ကငိုရအခက်ရယ်ရအခက်နဲ့ပေါ့။

သူငယ်ချင်းတွေက မင်းရဲ့နတ်သမီးလေးကဘယ်လိုပုံစံလဲလို့ မေးတဲ့အချိန်မှာတော့ အရပ်မြင့်မြင့်နဲ့မတိုမရှည်ဆံပင်လေးတွေ ကျောလယ်မှာပြန့်ကျဲနေတာကိုပဲ မှတ်မိနေပီး သူမရဲ့ရုပ်သွင်ကို သေချာမမြင်လိုက်မိတဲ့ကိုယ့်အဖြစ်က ကောက်ရိုးပုံမှာအပ်ပျောက်ရှာရသလို ဖြစ်မှာကို တွေးမိတော့ကိုယ့်ရင်ထဲကို မီးစနဲ့ထိုးသလိုခံစားခဲ့ရချိန်မှာ ထူးဆန်းစွာနဲ့ ကိုယ့်သူငယ်ချင်းမလေးကို သတိရနေခဲ့တယ်။


photo credit by facebook

ဒီလိုနဲ့ မိုးဦးရဲ့မိုးရေစက်တွေ ကောင်းကင်ကအရှိန်ပြင်းပြင်းနဲ့ကျလာတဲ့တစ်နေ့မှာတော့ ကိုယ့်ရဲ့သူငယ်ချင်းမလေးက မိုးရေတွေစိုရွှဲပီးတော့ ကိုယ့်မျက်စိရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။သူမကသွက်သွက်လက်လက်နဲ့ ကိုယ့်အမေရှိရာမီးဖိုခန်းအတွင်းကိုဝင်သွားပီး အဆောင်မှာနေရတာအဆင်မပြေတဲ့အကြောင်းနဲ့ ဒီအိမ်မှာနေချင်တဲ့အကြောင်း အမေ့ကိုပြောနေသံကြားလိုက်တဲ့အချိန်နဲ့ တစ်ဆက်တည်းမှာ ကိုယ့်အမေရဲ့လှိုက်လှိုက်လှဲလှဲကြိုဆိုသံတွေကို ကြားရတဲ့အခိုက်မှာတော့ ကိုယ့်မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြတ်ပြေးသွားတာကတော့ အသေအချာပါပဲ။

ကိုယ့်သူငယ်ချင်းမလေး အိမ်ကိုရောက်လာတဲနေ့ကစပီး ကိုယ့်ရဲ့နေ့ရက်တွေဟာ ပျော်စရာအပြည့်နဲ့ပေါ့။ကိုယ့်ရဲ့နတ်သမီးလေးအကြောင်းကိုပြောပြရင် သူမကိုယ့်ကိုလှောင်လေမလားဆိုတဲ့အတွေးနဲ့ သူမကိုဖွင့်မပြောဖြစ်ခဲ့ပါဘူး။ပျော်ရွှင်နေတဲ့အချိန်မှာတော့ သူမကိုမငြိုငြင်စေချင်ဘူးလေ။

သူမသင်တန်းသွားတဲ့ တစ်နေ့မှာတော့ ကိုယ့်အမေရဲ့အကူအညီတောင်းမှုကြောင့် သူမအခန်းထဲကအင်္ကျီကိုသွားယူပေးတဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ အားကစားဖိနပ်အဖြူရောင်လေးကိုတွေ့တော့ ကိုယ်အရမ်းအံ့သြမိခဲ့တယ်။ကိုယ့်သူငယ်ချင်းကာင်မလေးက ဘယ်တုန်းကမှအားကစားဆိုတာကို စိတ်မဝင်စားခဲ့တာ ကိုယ်အသိဆုံးမို့ပါ။ဒါနဲ့ကိုယ်လည်း မသင့်တော်မှန်းသိရက်နဲ့သူမရဲ့အဝတ်ဗီရိုကို ဖွင့်ကြည့်ခဲ့တဲ့အချိန်မှာတော့ တွေ့လိုက်ရတဲ့အားကစားဝတ်စုံအဖြူရောင်လေးကြောင့် ကိုယ့်ရင်တွေခုန်လာခဲ့မိတယ်။

သူမပြန်လာတဲ့အချိန်ကိုစောင့်ရတာ ဒီတစ်ခါအကြာဆုံးပဲဆိုတော့ ကိုယ့်အမေကကိုယ့်ကိုမော့ကြည့်တယ်။ကိုယ်ပြောချင်တဲ့အဓိပ္ပါယ်ကိုအမေနားမလည်ပေမယ့် ဘာမှပြန်မမေးတာကိုပဲ ကျေးဇူးတင်မိခဲ့တယ်။မေးခွန်းတွေရှိလာခဲ့ရင်လည်း ဘယ်လိုပြန်ဖြေရမလဲဆိုတာ ကိုယ်မသိခဲ့ဘူးလေ။ခုချိန်မှာတော့ သူမအမြန်ပြန်လာဖို့ကိုပဲ ကိုယ်မျှော်လင့်နေခဲ့မိတယ်။ကိုယ်သိချင်တဲ့အဖြေက သူမဆီမှာပဲရှိတယ်လေ။

ညနေစောင်းတဲ့အချိန်မှာတော့ သီချင်းလေးတစ်အေးအေးနဲ့ သူမပြန်ရောက်လာခဲ့တယ်။သူမပြန်ရောက်ရောက်ချင်း ကိုယ်သူမကိုမေးခဲ့မိတယ် "အားကစားဝတ်စုံအဖြူရောင်က ဘယ်သူ့ဟာလဲဆိုတော့ " သူမကခပ်အေးအေးပဲပြန်ဖြေခဲ့တယ် "အားကစားဝတ်စုံအဖြူရောင်ကဘာထူးဆန်းလို့လဲ ငါ့ဟာတဲ့" လေ။သူမကအေးဆေးနေသလောက် ကိုယ်ကတော့ယောက်ယတ်ခတ်လို့။

ကိုယ်သူမကိုချော့ပီးမေးတော့ သူမက "နင်ဘာဖြစ်နေတာလဲ ငါ့အင်္ကျီပါဆို"ပီးပြန်ပြောခဲ့တယ်။သူမကဆက်ပြောသေးတယ် ဆောင်းတွင်းတုန်းက ငါပြေးချင်စိတ်ပေါက်လို့ အားကစားဝတ်စုံတွေဝယ်ဝတ်တာ နင့်ကိုအစီရင်ခံရအုံးမှာလားလို့ သူမကကိုယ့်ကိုတောင်အပြစ်တင်နေသေးရဲ့။ဒါနဲ့ကိုယ်လည်း ဆောင်းတွင်းတုန်းက နင့်အမေနဲ့တောင်ကြီးကိုလိုက်သွားတာမဟုတ်ဘူးလားဆိုတော့ သူမကတောင်ကြီးကိုလိုက်မသွားပဲ အိမ်မှာလည်းတစ်ယောက်တည်းမနေချင်လို့ အဆောင်မှာသွားနေတာတဲ့လေ။

သူမကဆက်ပြောသေးတယ် "နင်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာငါတွေ့သားပဲ နင်ကငါ့ကိုမတွေ့ဘူးလား" တဲ့လေ။

@leeshang
MSC -230

Sort:  

ဇာတ်သိမ်းလေးပဲဖတ်လိုက်ရပေမဲ့ အရေးသားက
တော့ စာရေးဆရာ လက်ရာပါပဲ

မဖြစ်နိုင်မှန်းသိရက်နဲ့ ကျေနပ်၏

You got a 5.24% upvote from @t50 courtesy of @leeshang!


To use this service send a minimum of 0.010 SBD or STEEM to @t50 with the post you want upvoted as the memo.
Low Minimum Bids!
Increase Your Rep!
Draw Attention To your Post.
Earn Passive Income By Delegating SP to the Bot.
Overbid Protection
Voting processed every 2.4h (2,880 blocks).
@t50 follows all followers!


Invest and earn daily by delegating to the bot, we match or beat popular competitors.


If you do not want to receive upvotes from @t50 you can ask to be blacklisted by replying to this comment.

နတ်​သမီး​လေးကဘာမှမခံစားတတ်​ဘူး​နော်​။

ကြေကွဲပေါ့

သူမက အေးစက်စက်နှလုံးသားပိုင်ရှင်ပေါ့။

အေးလေ ဘယ်တတ်နိုင်ပါ့မလဲ

နတ်သမီးကို မမျော်လင့်တဲ့အချိန်မှာပြန်တွေ့ရတော့ ပျော်မှာပေါ့နော်

ဒါပေါ့

ဖတ်ရှုအားပေးခဲ့ပါသည်

ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ဘာလိုလိုနဲ့တောင်ဇာတ်သိမ်းသွားဘီ

စောများသွားသလား

စိတ်ရဲ့ဝေဒနာက ပြင်ပဝေဒနာထက် ပိုခံစားရတယ်နော်

ရင်ထဲကအပူက ရာသီဥတုအပူထက်ပိုဆိုးတာပေါ့

ခုတော့မိုးမရွာတော့ဘူးဗျ နေပူတာ

မိုးရွာတဲ့နေကျရင်ပြန်လာလိမ့်မယ်

သူနဲ့ကြမှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတယ်ပေါ့
ကိုယ့်ရဲ့နတ်သမီးက

အဲသလိုဖြစ်သွားတယ်

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 65566.66
ETH 3559.87
USDT 1.00
SBD 2.48