ကိုယ်ချစ်တဲ့ ပိုက်ဆံ

in #myanmar7 years ago (edited)

received_1719067968365443.jpegဘဝမှာလူတန်းစေ့နေနိုင်အောင် အဓိကအုတ်မြစ်ဖြစ်တဲ့ပိုက်ဆံကို ကိုယ်အပါအဝင်လူတော်တော်များများကကြိုးစားပီးရှာနေကြတယ်။ပိုက်ဆံရှိမှလူရာဝင်မယ်ဆိုတဲ့စကားကို လက်ကိုင်ထားကြတဲ့လူတစ်ချို့လည်းရှိသလို ငွေရှိရင်ဂုဏ်ရှိတာပဲဆိုတဲ့စကားကို ထောက်ခံနေကြတဲ့လူတွေလဲအများကြီးပေါ့။ဒါပေမယ့်လည်းပေါ့လေ ငွေတွေဂုဏ်တွေဆိုတာ အချိန်တန်တော့လည်းထားခဲ့ရတာပါပဲ။
ကိုယ့်မိဘတွေက့ ကိုယ်တို့မောင်နှမသုံးယောက်ရဲ့ပညာရေးကို ဦးစားပေးအဆင့်အနေနဲ့ဂရုစိုက်ပေးခဲ့တယ်။ကိုယ့်အဖေကအမြဲပြောတတ်တယ် "အဖေတို့ကဝန်ထမ်းတွေဆိုတော့ မိသားစုဖူလုံရုံလောင်ပဲဝင်ငွေရှိတယ် သမီးတို့ကိုငွေကြေးတွေအများကြီးပေးနိုင်မှာမဟုတ်ဘူး ပညာအမွေပဲပေးနိုင်မှာ တဲ့လေ" ပညာရေးနဲ့ပတ်သတ်လို့ကတော့ သင်ချင်သလောက်သာသင်ကြပါ ထောက်ပံ့ဖို့ကတော့ မိဘတွေတာဝန်သာထား " လို့အမြဲပြောခဲ့တယ်။

မိဘတွေရဲ့ထောက်ပံ့မှုတွေကြောင့် မောင်လေးကအသက်မွေးဝမ်းကျောင်းဆိုင်ရာဘွဲ့တစ်ခုရခဲ့တယ်။ ညီမလေးကတော့ ၂ဘွဲ့ယူပီး ကျောင်းဆရာမဖြစ်ခဲ့တယ်။ကိုယ်ကတော့အတင်းကုတ်ကတ်ပီးယူခဲ့ရတဲ့ဘွဲ့လေးတစ်ခုနဲ့ ကုမ္ပဏီဝန်ထမ်းလေးပဲဖြစ်ခဲ့ရတယ်။

ငွေဆိုတာသည်းခြေကြိုကတ်တယ်ဆိုတဲ့စကားကို ကိုယ်ကြားဖူးခဲ့ပေမယ့် ကိုယ့်မောင်နဲ့ညီမကိုတွေ့မှ အဲဒီစကားကလူတိုင်းအတွက်မဖြစ်နိုင်မှန်းသိခဲ့ရတယ်။ကိုယ်ကတော့ငယ်ငယ်လေးထဲက ပိုက်ဆံကိုသဘောကျတတ်ခဲ့တယ်။ပိုက်ဆံကိုဘယ်လိုရှာပီးဘယ်လိုစုရမလဲဆိုတာ ကိုယ်သိခဲ့တယ်။တစ်နေ့တစ်နေ့ပိုက်ဆံကို ဘယ်လိုရှာရမလဲဆိုတာကို အချိန်တော်တော်များများစဉ်းစားနေခဲ့တယ်။ကိုယ့်မောင်နဲ့ညီမကတော့ ကိုယ်နဲ့နည်းနည်းမှမတူခဲ့ပါဘူး။ကိုယ်ကသူတို့ကို တာဝန်ချိန်ပြင်ပမှာ ပိုက်ဆံကိုဘယ်လိုရှာရမလဲဆိုတာ သင်ပေးခဲ့သလို အပိုဝင်ငွေရှာဖို့ကိုလည်းအမြဲတမ်းပြောခဲ့တယ်။ဒါပေမယ့် ရောင့်ရဲနိုင်လွန်းတဲ့တာဝန်သိဝန်ထမ်း၂ယောက်ကတော့ နယ်လှည့်ဆေးကုအဖွဲ့နဲ့လိုက်သွားတဲ့သူနဲ့ ပိုက်ဆံရှိတဲ့ကလေးတွေကကျူရှင်သွားနိုင်လို့ ပိုက်ဆံမရှိတဲ့ကလေးတွေကို အိမ်မှာအခမဲ့ခေါ်သင်ပေးတဲ့သူနဲ့ ဟုတ်နေတာပါပဲ။

ကိုယ်ကတော့ ပိုက်ဆံရမယ်ဆိုရင် သမ္မာအာဇီဝအလုပ် ဘယ်အလုပ်ကိုမဆိုလုပ်ခဲ့တယ်။ကိုယ်ငယ်ငယ်ကဆို အမေကြီးတို့အိမ်ရှေ့က ကံ့ကော်ပန်းတွေပွင့်လို့ခူးပေးရင် ဗန်းကလေးထဲထည့်ပီး ဈေးထဲမှာသွားရောင်းပီးသားပဲ။ကျန်တဲ့ဝမ်းကွဲ ညီအမတွေကတစ်ယောက်မှမရောင်းဘူး ရှက်လို့တဲ့လေ။ကိုယ်ကတော့ ပန်းရောင်းတဲ့အလုပ်ကို ၈တန်းနှစ်အထိလုပ်ခဲ့တယ်။ကံ့ကော်ပန်းရောင်းလို့ရတဲ့ပိုက်ဆံတွေကို အမေကြီးကနေ့တိုင်းစုဗူးထဲထည့်ပေးခဲ့တယ်။ကံကော်ပန်းပွင့်တဲ့ရာသီကုန်သွားရင် အမေကြီးကစူဗူးဖောက်ပီးဘာဝယ်မလဲမေးတိုင်း အမေကြီးရဲ့အလုပ်ထဲထည့်ပေးပါဆိုပီးကိုယ်ပြောခဲ့တယ်။ရတဲ့အမြတ်ကိုသုံးပီး အရင်းကိုစုထားခဲ့တာ ၅နှစ်လောက်ကြာတဲ့အချိန်မှာတော့ ကိုယ့်ပိုက်ဆံတွေများလာခဲ့တယ်။

ကိုယ်အရွယ်ရောက်လာတဲ့အချိန်မှာတော့ ပိုက်ဆံရဲ့တန်ဖိုးကိုပိုသိလာခဲ့တယ်။ပိုက်ဆံရဲ့အရေးပါပုံကိုနားလည်လာတဲ့အချိန်မှာတော့ ပိုက်ဆံကိုကိုယ်ကြိုးစားရှာခဲ့တယ်။ကိုယ့်အဖေကတော့ ကိုယ့်ကိုလောဘမကြီးဖို့ အမြဲသတိပေးခဲ့တယ်လေ။အလုပ်ပိတ်ရက်တွေကို အိမ်မှာဘဲအေးအေးဆေးဆေးအနားယူစေချင်ခဲ့ပေမယ့် ခေါင်းမာတတ်တဲ့ကိုယ်က လုပ်ချင်တာကိုပဲလုပ်ခဲ့မိတယ်။

ပိုက်ဆံကိုရှာဖို့ပဲသိခဲ့ပီးသုံးဖို့ကိုတော့ ကိုယ်မသိခဲ့ပါဘူး။အဝတ်အစားအကောင်းစားတွေလည်းဝယ်မဝတ်ခဲ့ဘူးဘူး။လက်ဝတ်လက်စားတွေလည်းဝယ်ဖို့စိတ်ကူးမရှိခဲ့ဘူး။အဆိုးဆုံးကတော့ လှူဖို့တန်းဖို့ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးတာပါ။တစ်ခါတစ်လေဆို ရတဲ့ပိုက်ဆံကိုအကုန်စုလိုက်လို့ သုံးဖို့တောင်မကျန်တော့တဲ့အချိန်တွေရှိခဲ့တယ်။သုံးစရာမရှိတော့လို့အမေ့ဆီကတောင်းသုံးရင် ကိုယ့်အဖေက ငါ့သမီးကတော့ ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဖြစ်နေပီဟေ့ဆိုပီး စတတ်တယ်။

တစ်နေ့တော့ ကိုယ့်အဖေဖွင့်ထားတဲ့တရားကို အိပ်ယာထဲကနေကိုယ်နားထောင်နေမိတယ်။တရားဟောနေတာက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသပါ ဆရာတော်ကတော့ တရားတွေဟောတာအများကြီးပါပဲ။ကိုယ်နဲ့တိုက်ဆိုင်လို့ ကိုယ့်နားထဲရောက်လာတဲ့စကားလေးကတော့ "လူတွေကကိုယ့်အိပ်ကပ်ထဲကပိုက်ဆံကိုတန်ဖိုးမထားကြဘဲ ဘဏ်ထဲမှာငါ့ပိုက်ဆံတွေဘယ်လောက်ရှိတယ် ဘယ်မျှရှိတယ်ဆိုတာကိုပဲ ဂုဏ်ယူနေကြတယ်တဲ့" တစ်ကယ်တော့ ဘဏ်မှာရှိတဲ့ပိုက်ဆံကကိုယ်သုံးရမယ့်ပိုက်ဆံမဟုတ်ဘဲ ကိုယ့်အိပ်ကပ်ထဲက ပိုက်ဆံကသာကိုယ်သုံးရမယ့်ပိုက်ဆံဆိုတာ သတိမပြုမိကြဘူး ဆိုပီးမိန့်သွားခဲ့တယ်။ဆရာတော်က တရားသဘောနဲ့ဆုံးမသွားပေမယ့် ကိုယ်ကတော့ကိုယ်နဲ့တိုက်ဆိုင်နေတဲ့စကားကိုပဲ နားထဲစွဲနေမိခဲ့တယ်။

ဆရာတော်ရဲ့တရားကိုနာပီးတဲ့နောက်ပိုင်း ကိုယ်ပိုက်ဆံတွေကိုဘာအတွက်နဲ့စုခဲ့တာလည်းလို့တွေးမိခဲ့တယ်။နောင်ရေးအတွက်ဆိုရအောင်လည်းဘယ်အချိန်သေမယ်မှန်းလည်းမသိကြဘူးလေ။အများကောင်းကျိုးဆောင်ရွက်နေတဲ့ ကိုယ့်မောင်နဲ့ညီမကို လေးစားရကောင်းမှန်းသိလာတဲ့အချိန်မှာတော့ ကိုယ်တိုင်မလုပ်နိုင်တဲ့ပရဟိတလုပ်ငန်းတွေကို ကိုယ်တတ်နိုင်တဲ့ငွေကြေးထောက်ပံ့မှုလေးတွေလုပ်ပေးနိုင်ဖို့ အသိကလေးရခဲ့တယ်။ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း စုထားတဲ့ပိုက်ဆံလေးတွေကို အကျိုးရှိမယ့်နေရာတွေမှာ နည်းနည်းစီလောက်သုံးပေးဖို့ ကိုယ်တိုက်တွန်းဖြစ်ပါတယ်။

Author @Leeshang
MSC 230

Sort:  

ဘဏ်ထဲက ပိုက်ဆံကဒီဘဝကိုယ်သေသွားရင် အများအတွက်စုထားခဲ့တာပါ။ လှူလိုက်တဲ့အခါ ဘဝအဆက်ဆက် ကိုယ့်အတွက်စုဆောင်းထားလိုက်တာမို့ များများသာလှူနိုင်ပါစေရှင်

ပေးတဲ့ဆုအတိုင်းဖြစ်ပါစေ

စုလည်းစု သုံးလည်းသုံး လှူလည်းလှူ

အကောင်းဆုံးပေါ့

အရမ်းကို​ကောင်းပါတယ်​ရှင်​။အ​ရေးအသား​ရောတင်​ပြပုံ၊အ​​ကြောင်းအရာအကုန်​​ကောင်းပါတယ်​ရှင်​။

နောက်လည်းပိုကြိုးစားပါမယ်

ငွေကိုစနစ်​တကျစု​ဆောင်းတတ်​တာ​လေးစားပါတယ်

ကျေးဇူးပါ

သုံးလည်းသုံး လှု လည်းလှု ရမှာပေါ့နော

သုံးသင့်တာသုံး လှူသင့်တာလှူ စုသင့်တာစုပေါ့
ပိုက်ဆံဆိုတာအသေမထားရဘူးလေ

ရေးသားတင်ပြထားတာကောင်ပါတယ်sisအားပေးနေပါတယ်😊

ငယ်ငယ်ကအဖေခနခနပြောဖူးတယ်
ငွေကိုချစ်မှ ငွေကကိုယ့်ကိုပြန်ချစ်တယ်တဲ့

လက်ထဲကပိုက်ပိုက်လေးချေးပါ 🤗🤗🤗🤗

လေးလပိုင်းချေးမယ် ဟီးဟီး

ပိုက်ဆံလူတိုင်းကြိုတဲ့အရာပေါ့
ဒါပေမဲ့ကောင်းစွာအသုံးချတက်ဖို့တော့လိုပါတယ်

ဒါပေါ့ ဒါပေါ့

Yes !
Second god of the money !
Money makey everything!

😃😃

I like money 😃

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34