ကိုလှနဲ့မမြ ( အပိုင်း -၁)

in #myanmar6 years ago

လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ချစ်လာကြရင် ဘယ်လိုအတားအဆီးတွေးကိုမှ မကြောက်တတ်ကြပါဘူး။ကိုလှနဲ့မမြတို့စုံတွဲက သက်သေပေါ့။

အိမ်ချင်းမျက်နှာချင်းဆိုင်နေကြတဲ့ ကိုလှနဲ့မမြတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြပီဆိုတဲ့သတင်းကို မမြရဲ့အမေကြားရတဲ့နေ့မှာပဲ ဒေါသတွေထွက်ပီး ပွဲကြမ်းနေခဲ့ပါတယ်။ဆယ်တန်းအောင်ကာစသမီးဖြစ်သူက ရည်းစားထားတာကိုလက်မခံနိုင်တာထက် သမီးဖြစ်တဲ့မလှကြိုက်နေတဲ့သူက မျက်နှာချင်းဆိုင်အိမ်က ကောင်လေးဖြစ်နေတဲ့အတွက် မလှအမေပိုပီးစိတ်ဆိုးနေတာပါ။

ရုပ်ရည်ချောမောတဲ့မမြကို အထက်တန်းကျောင်းသူဘဝထဲက ကြိုက်တဲ့သူတွေဝိုင်းနေခဲ့ပါတယ်။အဲဒီအချိန်တုန်းကတော့ မမြကဘယ်သူကိုမှပြန်မကြိုက်ခဲ့ပါပဲ တက္ကသိုလ်တက်ချိန်ကြမှ သူ့အမေမုန်းတဲ့သူကို တည့်တည့်မတ်မတ်ကြိုက်မိခဲ့ပါတယ်။မမြအမေကလည်းရှင်းပါတယ် လူပျိုအပျိုရည်းစားမထားရဘူးမဟုတ်ဘူးထား။ဒါပေမယ့် အဲဒီလူဟာကိုလှမဖြစ်ရဘူးတဲ့လေ။

မမြကသူ့အမေကိုမေးပါတယ် ကိုလှနဲ့ဘာကြောင့်သဘောမတူပါသလဲဆိုတော့ မမြအမေဖြေတဲ့အဖြေကရှင်းပါတယ် ကာတွန်းရုပ်နဲ့တူလို့ပါတဲ့လေ။မမြမှာငိုရအခက် ရယ်ရအခက်ပေါ့။ဒီလိုနဲ့ပဲ မမြအမေကပြသနာရှာတဲ့ရက်တွေဆို မမြကငြိမ်ငြိမ်လေးနေပီး လိမ္မာပြလိုက်ပါတယ် ကိုလှနဲ့သူမပြတ်သွားပီပေါ့။မမြအမေသတိမထားမိလိုက်တဲ့အချိန်တွေဆိုရင်တော့ သူမတို့နှစ်ဦးချစ်သူတွေပြန်ဖြစ်သွားကြတာပေါ့။

မမြရဲ့အမေကမျက်နှာချင်းဆိုင်အိမ်ကနေ ပြသနာမျိုးစုံရှာပေမယ့် ကိုလှရဲ့အမေကတော့ မသိချင်ယောင်ဆောင်နေတတ်ပါတယ်။ကိုလှအမေရဲ့စိတ်မှာကတော့ မမြကသူ့ချွေးမဖြစ်ကိုဖြစ်ရမယ်ပေါ့။မမြအမေကပြသနာရှာရင် မမြကကိုလှကိုအဆက်အသွယ်ဖြတ်ပါတယ်။သူတို့နှစ်ယောက်ပြတ်ကြပီပေါ့။အဲဒီလိုနေ့တွေဆို ကိုလှရဲ့အမေက မချုပ်ရသေးတဲ့ထမီတစ်ထည်ကို ဂျိုင်းကြားထဲညှပ်ပီး မမြအမေရဲ့အလစ်ကိုစောင့်နေတတ်ပါတယ်။

မမြရဲ့အမေအိမ်မှာမရှိဘးဆိုတာသေချာပီဆိုရင် မမြရဲ့စက်ခုံရှေ့ကိုရောက်လာပါတယ်။ထမီလေးချုပ်ချင်လို့ပါဆိုပီးအစချီကာ ကိုလှနဲ့ရန်ဖြစ်ပြန်ပီလား ဘာတွေဖြစ်ကြတာတုန်းဆိုပီး မေးတတ်ပါတယ်။အဲဒီလိုအချိန်မျိုးဆိုရင် မမြတစ်ယောက်စိတ်ညစ်ရပါတယ် လူကြီးဆိုတော့ မခြေမငံပြန်ပြောလို့ကလည်းမဖြစ် သူမရဲ့အမေပြန်လာရင်းလည်း ပြသနာတက်ကြမယ်ဆိုတာ သိနေလို့ကပါပဲ။ကိုလှရဲ့အမေကလည်း မမြဆီကအဖြေကိုမရမခြင်း မပြန်ပါဘူး။လူကြီးနှစ်ယောက်ပြသနာတတ်ရင် သူမတို့နှစ်ယောက်အတွက်လည်း အခြေအနေမကောင်းမှန်းသိတာကြောင့် ဘာမှမဖြစ်ပါဘူး ကြီးကြီးရယ်လို့ ပြနန်ဖြေရင်း ကြီးကြီးပြန်တော့နော်လို့ပဲ ခပ်မြန်မြန်နှင်လွှတ်မိခဲ့မိပါတယ်။

ကိုလှရဲ့အမေမှာလည်း ကိုလှနဲ့မမြကိုမဖြစ်မနေနီးစပ်စေချင်တဲ့ အကြောင်းရင်းကရှိနေခဲ့ပါတယ်။ကိုလှအထက်က အကိုတစ်ယောက်က သူ့ရဲ့ချစ်သူနဲ့လမ်းခွဲအပီးမှာ ရွာမှာမနေချင်တော့ဘူးဆိုပီး စစ်တပ်ထဲဝင်သွားပါတယ်။ရည်းစားနဲ့ပြတ်ကာစလည်းဖြစ် မိဘနဲ့လည်းဝေးနေတော့ ကိုလှရဲ့အကိုဟာနောက်ဆုံးမှာ အရက်သမားတစ်ယောက်ဖြစ်သွားခဲ့ပီး အရက်ကြောင့်ပဲငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရပါတယ်။အဲဒါကြော်မို့ ကိုလှရဲ့အမေက ကိုလှအလှည့်မှာလည်း သူ့ရဲ့အကိုလိုဖြစ်သွားမှာကြောက်မိနေလို့ပါပဲ။

@leeshang
MSC -230

Sort:  

အချစ်ရဲ့ သတ္တိစွမ်းအား...

ဘာမဆိုရင်ဆိုင်မယ်

You got a 3.39% upvote from @moneymatchgaming courtesy of @leeshang! Please consider upvoting this post to help support the MMG Competitive Gaming Community.

ဒါဟာ အချစ်တွေပေါ့ဗျာ

အချစ်တွေ အချစ်တွေ

မသိဘူး ချစ်တယ်

ချစ်စေ

အချစ်အချစ်အချစ် သိဘူးချစ်တယ်

အေးပါကွာ

အမေတွေကတစ်ယောက်တစ်မျိုးစီနော်။ကြားထဲက စုံတွဲကတော့ ဒီအမေတွေနဲ့ မလွယ်ဘူး။

ကြုံရဆုံရတဲ့ဘဝတွေလေ

ဇာတ်လမ်းတွေက လှည့်ကွက်မတူတာတွေပဲနော် ပညာအတော်ရပါတယ်

စာ​ရေး​ကောင်းတယ်​​နော်​။တပတ်​နဲ့တပတ်​ပို​ကောင်းလာတယ်​။

You just received a 12.50% upvote from @honestbot, courtesy of @leeshang!
WaveSmall.gif

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50