ခရီးသွားရန်ပြင်ဆင်ခြင်း

in #myanmar6 years ago (edited)

ခရီးသွားဖို့ဆိုရင် ဘုရားဖူးခရီးပဲဖြစ်ဖြစ်/ လေ့လာရေးခရီးပဲဖြစ်ဖြစ်သွားဖို့အဆင်သင့်ဖြစ်နေတတ်တဲ့ကိုယ့်အတွက် ဒီတစ်ခေါက်အလုပ်ပိတ်ရက်မှာတော့ ရုံးကအစ်ကိုတစ်ယောက်နဲ့သူ့ရဲ့ဇနီးက သူတို့ဇာတိပြန်ရင်လိုက်ခဲ့ပါလားတဲ့လေ။မင်းဘူးရွှေစက်တော်ဘုရားကိုလည်းလိုက်ပို့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းတဲ့စကားအဆုံးတော့ ခေါင်းကိုအမြန်ညိတ်မိတယ်။အလုပ်ပိတ်ရက်ရှည်မှာ သူများတွေခရီးတွေသွားဖို့ပြင်ဆင်နေတာကိုကြည့်ပီးအားကျနေတဲ့အချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုတဲ့စကားပုံလိုပါပဲ အရမ်းကိုအဆင်ပြေသွားခဲ့တယ်။

ကိုယ့်ဘာသာဆုံးဖြတ်ပီးမှ အမျိုးသားကိုအသိပေးမိတယ်။ကိုယ့်အကြောင်းသိတဲ့ကိုယ့်အမျိုးသားကလည်း ပြုံးပြုံးကြီးနဲ့မေးခွန်းထုတ်ပါတယ် အသိပေးတာလားတိုင်ပင်တာလားတဲ့လေ။ကိုယ်ကလည်းပြန်ဖြေခဲ့ပါတယ် အသိပေးတာပဲဖြစ်ဖြစ် တိုင်ပင်တာပဲဖြစ်ဖြစ် ယောက်ျားဆိုတာ မိန်းမကိုအလိုလိုက်ရမှာ သဘာဝပဲလို့ပြောပီးသကာလခရီးသွားဖို့အတွက်စတင်ပြင်ဆင်ရပါတော့မယ်လေ။

ခရီးသွားဖို့ဆိုရင်တော့ ပထမဆုံးပြင်ဆင်ရမှာအဝတ်အစားပေါ့။အိမ်ထောင်ကျပီးနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့မသိမသာလေးတက်လာတဲ့ကိုယ်အလေးချိန်ကြောင့် ခရီးသွားမယ်ဆိုတိုင်း အဝတ်အစားကိုကြိုတင်ပြင်ဆင်ရပါတယ်။အရင်ကတော့ ခရီးသွားမယ်ဆိုရင် အိတ်ထဲကိုအဝတ်အစားတွေ ပစ်ထည့်ရုံပါပဲ။ခုတော့အရင်ဆုံးအစမ်းဝတ်ကြည့်ရပါတယ်။ပီးမှတော်တာကိုအရင်ထည့်ရပါတယ် မတော်တာတွေကိုတော့ချုပ်ရိုးတွေဖြေရသည်ပေါ့။အဲဒီတော့ သူငယ်ချင်းတို့လည်း ကိုယ်ကနည်းနည်းဝလာတယ်လို့ခံစားမိရင် ခရီးသွားခါနီးတိုင်း စိတ်အေးလက်အေးမနေပါနဲ့ အဝတ်အစားတွေကို အစမ်းဝတ်ကြည့်ပါ။မဟုတ်ရင်ခရီးသွားခါနီးမှ စိတ်အနှောင့်အယှက်ဖြစ်ရတတ်လို့အကြံပေးတာပါ ကိုယ်တွေ့နော်။

ဒုတိယပြင်ဆင်ရတာကတော့ ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေပေါ့။သွားတိုက်ဆေး/ သွားတိုက်တန်/ မျက်နှာသစ်ဆေး/ ခေါင်းလျှော်ရည်/ Roll On/ ခေါင်းလိမ်းဆီ/ မိတ်ကပ်ဘူး/ လိမ်းဆေးတစ်ခုခု/ အကိုက်အခဲပျောက်ဆေး/ တွယ်ချိတ် အစရှိသည်ပေါ့ လိုမယ်ထင်တာတွေကိုယူဆောင်သွားသင့်ပါတယ်။ပိုက်ဆံပါတာပဲ ရောက်တဲ့နေရာဝယ်လို့ရတာပဲဆိုပေမယ့် တစ်ကယ်လိုအပ်မှဝယ်မယ်ဆိုရင် အဆင်မပြေတာတွေရှိတတ်ပါတယ်။သူများတွေကဖီးလိမ်းပြင်ဆင်နေချိန်မှာ ကိုယ်ကဝယ်ရမယ့်ဆိုင်ရှာနေရတုန်းဆိုရင် အိနြေ္ဒပျက်ပါတယ်။ခရီးသွားတယ်ဆိုတာ အများအားဖြင့်ကိုယ့်မိသားစု မဟုတ်တဲ့သူတွေနဲ့သွားရတာဖြစ်တဲ့အတွက် ကိုယ့်ကိုစောင့်နေတာကို အများကကြိုက်မှာမဟုတ်ဘူးလေ။
တတိယပြင်ဆင်ရမှာတော့ ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေပေါ့ power bank ,sefile stick အစရှိသည်ပေါ့လေ။နောက်ထပ်လိုအပ်တာက ဦးထုပ်တို့ မျက်မှန်တို့ပါ။ခရီးသွားရတာ ရက်ရှည်ဆိုရင်မျက်နှာတွေကျလာတတ်တယ်။အဲဒီတော့ မျက်တွင်းကျတာကို ကာကွယ်ဖို့ဆိုရင်မျက်မှန်က မရှိမဖြစ်ပစ္စည်းပါ။အဲဒီတော့ ခရီးသွားမယ်ဆိုရင်မျက်မှန်ကိုတော့မမေ့နဲ့နော် မျက်တွင်းတွေကျနေရင် ဓါတ်ပုံထဲမှာ မလှမပဖြစ်နေမှာ။အဲ မေ့တော့မလို့ အချဉ်ထုပ်လေးလည်းယူသွားအုံး ကားမူးတာတို့မအီမလည်ဖြစ်တဲ့အချိန်ဆို အသုံးတည့်တယ်လေ။
အားလုံးပြင်ဆင်ပီးသွားပီဆိုရင်တော့ အိတ်ထဲကိုပိုက်ဆံအပြည့်သာဖြည့်လိုက်တော့။အရေးအကြီးဆုံး ပစ္စည်းဆိုတော့မေ့နေမှာစိုးလို့ပါ။

ခရီးသွားဖို့ပြင်ဆင်တိုင်း ကိုယ့်သူငယ်ချင်းတစ်ယောက်ပြောတာကို သတိရမိတယ်။အဲဒီသူငယ်ချင်းက ကိုယ်တို့ကိုဘာပြောလည်းဆိုတော့ သူကားဝယ်ပီးရင်ချောင်းသာကိုလိုက်ပို့မယ်တဲ့လေ အဲဒီအခါကျရင်တစ်ယောက်မှ ပိုက်ဆံယူမလာကြနဲ့တဲ့ ကိုယ်ကအဲ့ဒါဆိုနင်ပဲယူလာမှာပေါ့ဆိုတော့ သူလည်းယူမလာဘူးတဲ့ တွေ့တဲ့ဘုန်းကြီးကျောင်းမှာတောင်းစားမယ်တဲ့လေ။သူကပြောသေးတယ် မြန်မာနိုင်ငံပါဟာ ဘုန်းကြီးကျောင်းတွေ ဒီလောက်များတာငတ်မသေပါဘူးတဲ့။

ကဲ ပြင်စရာရှိတာတွေပြင်ပီးပီဆိုတော့ အိပ်ယာစောစောဝင်ပီး သွားရမယ့်ခရီးစဉ်ရဲ့လမ်းကြောင်းလေးတွေစဉ်းစားနေပေါ့။ကိုယ်တစ်ခါမှမရောက်ဘူးတဲ့ဒေသဆိုရင် face book ကနေကိုယ်သွားမယ့်ဒေသရဲ့ နာမည်ကြီးနေရာလေးတွေကိုရှာကြည့်ပါ။သူများတွေဘယ်နေရာမှာ ဓါတ်ပုံတွေဘယ်လိုရိုက်လည်းဆိုတာကြိုသိတော့ ကိုယ်ရောက်မှ ဘယ်နေရာမှာ ဓါတ်ပုံရိုက်ရမှာလဲဆိုပီးစဉ်းစားရတာ တစ်ခုလျော့တာပေါ့။F B အပြင်တစ်ခြားလေ့လာလို့ရတဲ့နေရာတွေ အများကြီးရှိမှာပါ။ကိုယ်ကတော့ facebook လောက်ပဲသုံးဖြစ်လို့ facebook ကပဲရှာဖြစ်ပါတယ်။
ကိုယ်တွေ ငယ်ငယ်တုန်းကတော့ ရွှေတိဂုံဘုရားနဲ့ကျိုက်ထီးရိုးဘုရားကို ရောက်ဘူးရင်အကောင်ပါပဲ။သူငယ်ချင်းတွေကြားမှာတော့ဆရာပေါ့။လူတိုင်းကမရောက်ဘူးတော့ နွေရာသီကျောင်းပိတ်ရက်မှာ ခရီးသွားထားတဲ့သူက ကျောင်းတွေပြန်ဖွင့်ရင် ရောက်ခဲ့တဲ့နေရာတွေကအကြောင်းတွေကို ဥာဏ်မှီသလောက် ပြန်ပြောပြကြတာပေါ့။ဘယ်မှမရောက်ဘူးတဲ့သူတွေကတော့ မျက်လုံးလေးတွေဝိုင်းပီး နားထောင်ရတာပေါ့။

ဒီဘက်ခေတ်မှာတော့ ခရီးသွားရတာထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး နွေရာသီကျောင်းပိတ်ရက်တွေဆို မိသားစုလိုက်ဘုရားဖူးခရီးတွေသွားဖြစ်နေကြပါပီ။ခရီးတိုတွေရော ခရီးရှည်တွေပါ လူတိုင်းသွားနိုင်နေကြပါပီ ဆိုတော့ကာ ကိုယ် အပေါ်မှာပြောပြခဲ့တာတွေက လူတိုင်းသိတဲ့ခရီးသွားရင် ပြင်ဆင်ရမယ့်အကြောင်းတွေပါ။ဒါပေမယ့်လည်းလို့ပေါ့လေ ခရီးဆောင်အိတ်ထဲအဝတ်အစားတွေထည့်ရင်း ပေါ်လာတဲ့အတွေးလေးတွေကို share ဖြစ်တာပါ။ပြောစရာတွေလည်းကုန်ပီဆိုတော့ ကျန်တဲ့အဝတ်တွေဆက်ထည့်လိုက်ပါအုံးမယ်လေ။

@leeshang
MSC-230

Sort:  

ကိုယ်တွေ ခရီးသွာ့းကတော့ ဘာမှ မပါဘူး ဟီး

ပါတဲ့သူတွေဆီကယူသုံးကွာ

ကို​ဒွေခရီးထွက်​ရရင်​​တော့ပြင်​ဆင်​ချိန်​​တောင်​မ​​​ရ

အဲလိုမျိုး ​လေး​တွေ​ရေးတာသ​ဘောကျတယ်​။
အား​ပေး​နေပါတယ်​။

ကြိုးစားပါ့မယ်

အခုလိုမျှ​ဝေ​ပေးတာ ​ကျေးဇူးပါ အမ​ရေ.....။

သိသလောက်လေးပေါ့

ခရီးသွားရင်​ယူသွားရမည့်​ပစ္စည်းများ၊အကုန်​လုံးအစစအရာရာစဉ်းစားထားရပါတယ်​။Good idea and writing.

ခရီးသွားရာသီဆိုတော့ စဉ်စားမိတာလေးတွေပါ

ခရီးသွားအပြန်လက်ဆောင်ဝယ်လာရန်မမေ့သင့်ပါ

ဝက်မြေဥဝယ်ခဲ့မယ်

ပျော်ရွှင်စရာခရီးဖြစ်ပါစေ။

ပေးတဲ့ဆုနဲ့ပြည့်ပါစေ အူးလေး

အဓိက လိုအပ်​တာ​တော့ မန်းနီး 😃😃

ပိုက်ပိုက်ကတော့ အဓိကပေါ့

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.030
BTC 67692.01
ETH 3734.85
USDT 1.00
SBD 3.69