ဟန်းနီးမွန်း

in #myanmar6 years ago

ခရီးတွေအများကြီးသွားခဲ့ဘူးပေမယ့် ဒီတစ်ခေါက်သွားရမယ့်ခရီးအတွက် ရင်ခုန်နေမိတယ်။မိဘတွေသူငယ်ချင်းတွေနဲ့ပဲ ခရီးတွေအမြဲထွက်ခဲ့ဘူးသူမို့ ဒီတစ်ခေါက်ချစ်တဲ့သူနဲ့အတူ ခရီးအတူထွက်ဖို့စီစဉ်ရတာ ကိုယ့်အတွက်တော့ စိတ်တွေအရမ်းလှုပ်ရှားနေခဲ့မိတယ်။အမြဲတစ်ယောက်စာပဲစီစဉ်ခဲ့ရပေမယ့် ဒီတစ်ခေါက်မှာတော့ နှစ်ယောက်စာကိုစီစဉ်ခဲ့ရတဲ့အတွက် နည်းနည်းတော့ ပိုပီးဂရုစိုက်ခဲ့ရတာပေါ့။သွားရမယ့်ခရီးကလည်း ကိုယ်တို့ရဲ့ ဟန်းနီးမွန်းလေ။

ဟန်းနီးမွန်းကို မင်္ဂလာဆောင်ပီး ၆လလောက်မှထွက်ဖြစ်တာကတော့ ပိုပီးအမှတ်တရဖြစ်ခဲ့တာပေါ့။အမတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပီးပီးချင်း ဘယ်ကိုမှဟန်းနီးမွန်းမထွက်နဲ့ မင်္ဂလာဦးအချိန်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ဟန်းနီးမွန်းပဲဆိုတဲ့စကားကို လိုက်နာခဲ့မိတာ ကိုယ့်အတွက်တော့တော်တော်မှန်သွားခဲ့တယ်။

ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်းပြောဘူးတယ် သူဟန်းနီးမွန်းသွားတုန်းက သူ့အမျိုးသားကဟန်းနီးမွန်းခရီးကို laptop ယူလာတယ်တဲ့။တစ်လမ်းလုံးသူ့ laptopကိုပဲ ပွေ့ပိုက်ပီးတော့ ကားစီးလာတယ်တဲ့လေ။ဒါနဲ့သူငယ်ချင်းကလည်း သူ့ကိုဂရုစိုက်စေချင်တော့ airconကလည်းအေးလိုက်တာလို့ပြောလိုက်တော့ သူ့အမျိုးသားကအနွေးထည်ယူမလားလို့မေးတယ်တဲ့လေ။ဖက်ထားပေးရမလားလို့မေးရင် သေသွားမှာစိုးလို့လားမသိဘူးဆိုပီး သူငယ်ချင်းကဒေါသတွေထွက်နေတာကိုကြည့်ပီး ကိုယ်တို့တွေအားရပါးရ ရယ်ခဲ့ချိန်တုန်းကတော့ ကိုယ့်အတွေးထဲမှာပေါ်လာတာကတော့ ကိုယ်ဟန်းနီးမွန်းထွက်ရင် သူငယ်ချင်းတွေကိုပါခေါ်သွားမယ်ဆိုပီးတော့ပေါ့။

ကိုယ့်စိတ်ကူးထဲကအတိုင်းထွက်ခဲ့ရတဲ့ ဟန်းနီးမွန်းမှာ သူငယ်ချင်းတွေနဲ့သွားခွင့်ရအောင် ခွင့်ပြုပေးခဲ့တဲ့ကိုယ့်အမျိုးသားကိုလည်း ကျေးဇူးတင်မိတယ်။သူကတော့ပြောရှာပါတယ် သူငယ်ချင်းတွေပါတော့ သူ့ဒုက္ခတွေကို ဝိုင်းခံမယ့်သူတွေနဲ့ဆိုတော့ သူသက်သာတာပေါ့တဲ့လေ။ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့အတူ သွားခဲ့ရတဲ့ဟန်းနီးမွန်းကတော့ ပျော်စရာကြီးပေါ့။

IMG20171202171430.jpgပထမဆုံးကိုယ်တို့သွားတဲ့နေရာကတော့ ပြင်ဦးလွင်မြို့လေးပေါ့။အေးအေးချမ်းချမ်းနဲ့သာယာတဲ့မြို့လေးမှာ လည်ပတ်ရင်း မဟာအံ့ထူးကံသာဘုရားကြီးမှာ ဆုတွေအတူတူတောင်းတဲ့အချိန်မှာတော့ သူငယ်ချင်းတွေကို ကိုယ်တို့ဘေးနားကို မလာစေချင်ခဲ့တာကို သူငယ်ချင်းတွေသိရင်တော့ ကိုယ့်ကိုဝိုင်းပီးကောင်းချီးပေးကြမှာ အသေအချာပါပဲ။IMG20171203142655.jpg

ပြင်ဦးလွင်မြို့ပီးတော့ နောက်ထပ်ကိုယ်တို့သွားခဲ့တဲ့နေရာကတော့ မန္တလေးမြို့ပေါ့။မဟာမြတ်မုနိဘုရားကြီးကိုအတူတူဖူးပီး တောင်သမန်အင်းမှာ အကြော်သွားစားခဲ့ရတာကတော့ ပျော်စရာအကောင်းဆုံးပေါ့။ဦးပိန်တံတားပေါ်မှာထိုင်ပီး လေးညှင်းခံရင်း ကိုယ့်ရဲ့ကိုယ်ပိုင် ကင်မရာမင်းနဲ့ ရိုက်ခဲ့ရတဲ့ဓါတ်ပုံတွေကတော့ အများကြီးပေါ့။IMG20171203152710.jpg

နောက်ဆုံးကိုယ်တို့သွားခဲ့တဲ့နေရာကတော့ စစ်ကိုင်းတံတားကြီးကိုဖြတ်ပီးး သွားခဲ့ရတဲ့ ဆွမ်းဦးပုညရှင်စေတီနဲ့ ကောင်းမှုတော်ပုထိုးတော်ကြီးကိုပေါ့။ဆွမ်းဦးပုညရှင်ဘုရားရှေ့မှာစားခဲ့ရတဲ့ အရွက်စုံသုပ်ကလည်း မမေ့နိုင်တဲ့ထဲမှာတစ်ခုအပါပေါ့။ကိုယ့်အမျိုးသားက ခရီးစဉ်ပီးတဲ့အချိန်မှာတော့ ကိုယ့်သူငယ်ချင်းတွေကို ပြောနေသံကြားရပါတယ်။ဟန်းနီးမွန်းထွက်ရတာလား ကလေးထိန်းထွက်ရတာလား မသဲကွဲဘူးတဲ့လေ။IMG20171203164014.jpg

ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာဆောင်ပီးခြောက်လအကြာမှ သူငယ်ချင်းတွေနဲ့ ထွက်ခဲ့ရတဲ့ ဟန်းနီးမွန်းကတော့ ကိုယ့်ဘဝရဲ့အမှတ်တရတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်ဆိုတာတော့ ကိုယ်ငြင်းလို့မရနိုင်ခဲ့ဘူးဆိုတာတော့ အမှန်ပါပဲ။

@leeshang
MSC - 230

Sort:  

သူငယ်​ချင်း​တွေလည်းပါဆို​တော့​ပျော်​စရာ​ကောင်းမှာပါ....

သူငယ်ချင်းတွေနဲ့ဆိုတော့ မပျင်းရဘူးပေါ့

ပျော်စရာ

အမှန်ပါ

တစ်သက်လုံး ကလေးထိန်းလုပ်ရတော့မယ်ဆိုတာတော့ မစဉ်းစားမိတာနေမှာ ☺☺☺

နောက်ဆိုကလေးနှစ်ယောက်ထိန်းရတော့မယ်

အမျိုးမျိုးဘဲ ၊အ ပြစ်ေ ပြာလိုက်‌ ချီးကျူးလိုက်‌။မနက်‌ ဖြန်‌ ပွဲရှိတယ်‌‌နော်‌။

အဲ့လိုပဲ ချစ်ရတာပေါ့

ပြင်ဦးလွင်မြို့လေးက ဟန်းနီးမွန်းထွက်ဖို့ အရမ်းကောင်းတဲ့ မြို့လေးပါ ပျော်ရွှင်ဖွယ်ခရီးဖြစ်ပါစေ ညီမရေ

ကျေးဇူးပါအမ

ဟန်နီးမွန်းထွက်နိုင်ဖို့ ကြိုးစားတုန်းပါဗျာ

ထွက်ဖြစ်အောင်ထွက်ပါ

ရုက္ခဗေဒဥယဉ်ကြီးထဲ ဓာတ်ပုံတွေရိုက်ခဲ့ဖူးလား

ရိုက်ခဲ့တယ်ဦး အများကြီးပဲ ဟဲဟဲ

ကိုယ်လည်း ထွက်ချင်လာတယ် ဟန်းနီးမွန်း😁😁

ထွက်လိုက်ပါ

ပျော်စရာ အားကျစရာ ဟန်နီးမွန်းခရီးလေးပါ

ပျော်စရာတော့ကောင်းခဲ့တယ်

ပေိာ်ရွှင်စရာကောင်းသော ဟန်နီမွန်းလေးပေါ့နော်

ဟုတ်ကဲ့

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14