ဆောင်းတွင်း နဲ့ တစ္ဆေ
ဆောင်းတွင်းရဲ့ချမ်းအေးလှတဲ့မနက်ခင်းတစ်ခုမှာ လူတွေအားလုံးအိပ်မောကျနေတတ်တဲ့ မနက်လေးနာရီအချိန်လောက်မှာတော့ တိတ်ဆိတ်နေတဲ့ရွာလမ်းမဆီက တရွေ့ရွေ့သွားနေတဲ့ အရိပ်တစ်ခုကို မြင်တွေ့လိုက်ရတဲ့ ဒေါ်သိန်းတစ်ယောက် လန့်သွားခဲ့ပါတယ်။
ဒီရွာမှာမွေးခဲ့တဲ့ သူမအတွက် ဒီမြင်ကွင်းကထူးဆန်းလို့နေပါတယ်။သူမတို့ရွာကလူတော်တော်များများက ဘုန်းကြီးကျောင်းက မနက်ငါးနာရီ ကလတတ်ခေါက်သံကြားမှာ အိပ်ယာကထကြပီး ဆွမ်းချက်တဲ့သူကချက် အလုပ်ခွင်ဝင့်မယ့်သူကလည်း အလုပ်အတွက်ပြင်ဆင်ကြနဲ့ ရွာလေးကအသက်ဝင်လာတာပါ။ခုတော့ မနက်လေးနာရီမှာ အဖော်မပါဘာမပါနဲ့ မိန်းမတစ်ယောက်ကလျှောက်သွားနေတာဆိုတော့ လူမှဟုတ်ရဲ့လားဆိုပီး တွေးမိကာကြက်သီးတဖြန်းဖြန်းထသွားပါတယ်။
ဒါနဲ့ ဒေါ်သိန်းလည်းအသာလေးအိပ်ယာထဲကိုပြန်ဝင်ပီး ငြိမ်နေမိပါတယ်။မနက်အိပ်ယာလည်း ငါးနာရီလောက်မနိုးတော့ဘဲ နေတွေမြင့်မှ အိပ်ယာကနိုးတဲ့အတွက် ဘေးအိမ်ကလူတွေကတောင် ဒေါ်သိန်းကို အံ့သြနေကြလေရဲ့။ဒေါ်သိန်းကတော့ အိမ်နီးချင်းတွေကို သူမမနက်ကတွေ့ခဲ့ရတာကို ပြောပြရင်ကောင်းမလား မပြောပြဘဲထားလိုက်တာကောင်းမလားဆိုတဲ့အတွေးတွေနဲ့ ဗျာများနေလေရဲ့။
အသက် ၅၀ကျော်လာတဲ့အထိ သရဲခြောက်တယ်ဆိုတာမယုံကြည်ခဲ့တဲ့ သူမအတွက် ခုမှသရဲခြောက်ခံရတယ်ပြောရင်လည်း သူများရယ်မှာကို ကြောက်တဲ့အတွက် ဘယ်သူ့ကိုမှမပြောဘဲ နေလိုက်မိတယ်။
နောက်တစ်နေ့မနက် သူမတို့ရွာက စပ်စုစိန်ဒေါ်ပိန်ရောက်မလာခင် အချိန်ထိပေါ့။
ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာတဲ့ ဒေါ်ပိန်ကသူမနားကိုတိုးပီး မနေ့ကမနက်လေးနာရီလောက် ရွာလမ်းမှာလမ်းလျောက်နေတဲ့ မိန်းမတစ်ယောက်ကိုတွေ့တဲ့အကြောင်း တိုးတိုးတိတ်တိတ်ပြောပြပါတယ်။ဒါနဲ့ ဒေါ်သိန်းတစ်ယောက်အားတတ်သွားပီး သူမတွေ့ခဲ့တဲ့အကြောင်းကို ပြောဖို့အားယူနေတဲ့အချိန်မှာပဲ ဒေါ်ပိန်ရဲ့မြေးမလေးကဒေါ်ပိန်ကိုလိုက်ခေါ်တာနဲ့ ဒေါ်ပိန်ပြန်သွားတော့ သူမမပြောဖြစ်ခဲ့ရပြန်ပါဘူး။
ဒီလိုနဲ့နောက်နေ့တွေမှာတော့ ဒေါ်သိန်းတစ်ယောက် မနက်လေးနာရီလောက်တွေ့ရတတ်တဲ့ သရဲမကိုထပ်တွေ့အုံးမလားဆိုပီး မနက်မနက်ဆို အိပ်ယာကထပီးချောင်းကြည့်မိပါတယ်။ပထမနေ့တော့ ဘာမှမတွေ့ရပါဘူး။ဒီလိုနဲ့ ဒုတိယနေ့ရောက်တဲ့အချိန်မှာတော့ ဒေါ်သိန်းမျှော်လင့်နေတဲ့ အရိပ်တစ်ခုကိုထပ်မံတွေ့လိုက်ရပါတယ်။ဒီတစ်ခါမှာတော့ ဒေါ်သိန်းကြောက်မနေတော့ပါဘူး။အရိပ်ကိုတွေ့တဲ့အချိန်မှာတော့ မျက်နှာကိုခပ်တင်းတင်းထားပီး လှမ်းအော်မိပါတယ်။
ဒေါ်သိန်းရဲ့ "ဟိတ်" ဆိုတဲ့အသံကို ကြားရတဲ့အချိန်မှာတော့ အမှောင်ထဲကအရိပ်တစ်ခုက ဒေါ်သိန်းကိုလှမ်းကြည့်ပါတယ်။ ဒေါ်သိန်းကိုလှမ်းကြည့်တဲ့အမျိုးသမီးရဲ့ မျက်နှာက နှာခေါင်းတွေ ပါးစပ်တွေ မျက်လုံးတွေမပါတဲ့ ပြောင်ချောချောမျက်နှာကြီးတစ်ခုဖြစ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ဒေါ်သိန်းတစ်ယောက် ဘုရားရေ ဆိုတဲ့အသံတစ်ခုနဲ့အတူ ပစ်လဲကျသွားပါတယ်။
ဒေါ်သိန်းတစ်ယောက် သရဲကိုတွေ့လို့လန့်ပီးဖျားသွားတယ်ဆိုတဲ့ စကားတစ်ခွန်းရွာထဲမှာ ပြန့်သွားတဲ့အချိန်မှာတော့ ကာလသားတော်တော်များများက လက်မခံကြပါဘူး။သူတို့ရွာမှာဒီလိုအဖြစ်အပျက်ဆိုတာ မရှိခဲ့ဘူးတာမို့ ဒေါ်သိန်းညာပြောတယ်ပဲ ထင်နေကြပါတယ်။
လူကြီးတွေကတော့ တကယ့်သရဲလား သူခိုးတွေများလားဆိုတာကို သိချင်နေကြတာမို့ သတ္တိရှိတဲ့လူငယ်တွေစုပီး သရဲဖြစ်ဖြစ် သူခိုးဖြစ်ဖြစ်ဖမ်းကြမယ်ဆိုပီး တိုင်ပင်နေကြတဲ့အချိန်မှာပဲ ရွာထဲကနွားကျောင်းတဲ့ ကလေးတစ်သိုက်ပြေးလာကို မြင်လိုက်ကြပါတယ်။
နွားကျောင်းသားလေးတွေထဲက အသက်အကြီးဆုံးဖြစ်တဲ့ ဖိုးအောင်ရဲ့ ရွာပြင်မှာအထုပ်ကြီးတစ်ထုပ်တွေ့တယ်ဆိုတဲ့ စကားကြောင့် ရွာထဲကလူကြီးတစ်ချို့နဲ့ ကာလသားတစ်ချို့လိုက်သွားကြတယ်။ဖိုးအောင်တို့ပြောသလိုပဲ အထုပ်ကြီးတစ်ထုပ်တွေ့တာကြောင့် စိတ်ဝင်တစားနဲ့ အထုပ်ကြီးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ ပုပ်အက်အက်အနံ့ကြီးက ထောင်းကနဲထွက်လာပီး အဲဒီနောက်မှာတော့ မျက်နှာတစ်ခုလုံးဖျက်ဆီးခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသက်မဲ့နေတဲ့ခန္ဓာကို တစ်ခုကိုပါတွေ့လိုက်ကြရပါတယ်။
@leeshang
MSC -230
ပရလောကက မယုံကြည်လို့မရပါဘူးဗျာ...
ပူကပူ သရဲကခြောက်ဆိုရင်တော့ နေစရာကိုရှိမယ်မထင်ဖူး :D
You got a 6.58% upvote from @proffit courtesy of @leeshang!
Send at least 0.01 SBD/STEEM to get upvote , Send 1 SBD/STEEM to get upvote + resteem
ကြာက်စရာကြီးပါလား😨
ဟေ ကြောက်သွားသလား
သရဲဗျို့
သရဲ သရဲ
ဟာဗျာ ဆက်ရေးပါအူးဗျ ကောင်းနေပီ ...
Congratulations @leeshang! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPသရဲကြောက်တတ်တယ်ရှင့်။
ကြောက်နဲ့ ကြောက်နဲ့
ဒီလောက်ပူပြင်းနေတာ သူကသရဲလာခြောက်နေတယ်
ပူလို့အိပ်မပျော်တာနဲ့ပဲ သရဲခြောက်လိုက်တယ်
ကြောက်စရာကြီး။
ရေးသာရေးတာ ကိုယ်လည်းသရဲကြောက်တယ်