မောင်ချက် (အပိုင်း ၂ )

in #myanmar6 years ago

FB_IMG_1530542624113.jpgဒီလိုနဲ့မောင်ချက်တစ်ယောက် ကိုယ့်မျက်စိရှေ့မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ အများအကျိုးကို အားကျိုးမာန်တက်ဆောင်ရွက်နေတုန်းမှာ မြို့ထဲမှာသတင်းသဲ့သဲ့ကြားခဲ့ရတယ်။မောင်ချက်ကိုသူ့မိဘတွေက ပြန်ခေါ်ဖို့လိုက်လာကြတော့မယ်တဲ့လေ။ကြားရတဲ့စကားကို သေချာနားမလည်ပေမယ့်လည်း ထပ်မမေးတော့ဘဲအိမ်ကိုပြန်လာခဲ့တယ်။အိမ်မှာ ဘီဘီစီရှိတယ်လေ။

အိမ်ပြန်ရောက်တာနဲ့ မိန်းမကိုကမန်းကတမ်းရှာမိတယ်။တွေ့ချင်လို့ရှာမှ မိန်းမကိုမတွေ့ရတော့ စိတ်ထဲနည်းနည်းတင်းသွားတယ်။ပြန်လာရင်တော့ ပြသနာရှာလိုက်အုံးမယ်လို့ စိတ်ထဲမှာတွေးထားပေမယ့် အိမ်ထဲဝင်လာတဲ့မိန်းမကိုတွေ့တဲ့အချိန်မှာတော့ ပြောရအုံးမယ်ယောက်ျားရေဆိုတဲ့ မိန်းမရဲ့စကားအောက်မှာ ကိုယ်သိချင်တာများပါမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒေါသတွေဆိုတာလည်း ကြက်ပျောက်ငှက်ပျောက်ပေါ့။

FB_IMG_1524064965334.jpg
photo credit by facebook
မိန်းမရဲ့သတင်းစကားအရတော့ မောင်ချက်ကချမ်းသာတဲ့မိသားစုကဖြစ်ပီး မိဘတွေကစီးပွားရေးဘက်မှာပဲအာရုံစိုက်ထားတော့ မောင်ချက်ကိုဂရုမစိုက်နိုင်ခဲ့ဘဲ ပိုက်ဆံကိုသာလိုသလောက်ပေးသုံးထားတဲ့ အကျိုးဆက်ကတော့ ဆယ်ကျော်သက်အရွယ်မောင်ချက်တစ်ယောက် ပျက်စီးခြင်းရဲ့လမ်းပေါ်ကိုရောက်သွားတယ်။ပတ်ဝန်းကျင်ကစကားသံတွေက မောင်ချက်မိဘတွေရဲ့နားထဲကိုရောက်တဲ့အချိန်မှာတာ့ မောင်ချက်တစ်ယောက်ဆေးသမားဖြစ်သွားရှာပီတဲ့ ယောက်ျားရယ်ဆိုပီး စကားစကိုဖြစ်သွားတဲ့မိန်းမကို နားရင်းကိုဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်သွားပေမယ့်လည်း စိတ်ထဲမှာဖြစ်တဲ့ဒေါသကတော့ စိတ်ထဲမှာပဲပျောက်ကွယ်ခဲ့ရပါတယ်။

ကိုယ်သိချင်မှန်းသိရက်နဲ့ ဆက်မပြောဘဲ သူ့အလုပ်ကိုသူ မသိချင်ယောင်ဆောင်ပီး လုပ်နေတဲ့မိန်းမကို ဘယ်အချိန်မှာဆက်ပြောမလဲလို့စောင့်နေပေမယ့် မိုးသာချုပ်သွားတယ် မိန်းမကလေသံတောင်မဟတော့ပါဘူး။စပ်စုတာကိုမကြိုက်ဘူးနော် နေရာတကာစပ်စပ်စုစုမလုပ်နဲ့လို့ ဒီမြို့ကိုမိန်းမစရောက်တဲ့နေ့ကတည်းက သတိပေးထားတဲ့ကိုယ့်ကိုကိုယ် ဒီတစ်ခါတော့ အမုန်းဆုံးဖြစ်သွားခဲ့တယ်။

IMG20180204120651.jpgရုံးပိတ်ရက်မို့ စောစောစီးစီးမထဖြစ်ဘဲ နေမြင့်အောင်အိပ်လိုက်မိတဲ့ကိုယ်က လက္ဘက်ရည်ဆိုင်ကိုရောက်တဲ့အချိန်မှာ ကိုယ်စားချင်တဲ့နန်းကြီးသုပ်လည်းမရှိတော့ လက္ဘက်ရည်တစ်ခွက်ကိုသာမှာပီး တိတ်တိတ်ဆိတ်ဆိတ်သောက်နေမိခဲ့တယ်။လူစုံတဲ့အချိန်လည်းမဟုတ်တော့ ကိုယ်ကြားချင်တဲ့မောင်ချက်အကြောင်းလည်း မကြားခဲ့ရပါဘူး။မောင်ချက်အကြောင်းကိုတွေးမိတော့ လက္ဘက်ရည်နဲ့နန်းကြီးသုပ်ထုပ်လေးဆွဲပီး အိမ်ရှေ့ကလာခေါ်တတ်တာလေးကို မျက်လုံးထဲမြင်ယောင်လာပီး စိတ်မကောင်းဖြစ်မိတယ်။

အေးစက်စက်လက္ဘက်ရည်တစ်ခွက်ကို ကုန်အောင်မော့သောက်လိုက်ပီး အိမ်ကိုပြန်လာခဲ့တယ်။လမ်းတစ်လျှောက်မှာတော့ မောင်ချက်တစ်ယောက်များတွေ့မလားဆိုပီး မရှိမှန်းသိရက်နဲ့ ယောင်ယမ်းပီးရှာမိသေးတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ အိမ်ရှေ့မှာကိုယ်မမြင်ဘူးတဲ့အမျိုးသမီးနှစ်ယောက်နဲ့ စကားလက်ဆုံကျနေတဲ့မိန်းမကိုတွေ့လိုက်ရတဲ့အချိန်မှာ မိန်းမတွေဒီလောက်တောင်ပဲအားနေကြသလားလို့တွေးမိတယ်။သတိထားကြည့်တော့မှ ဈေးခြင်းတွေအိမ်ပြန်မထားကြရသေးဘူးပဲဆိုတာ သိလိုက်ရတယ်။ဒါနဲ့စိတ်ထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုမအောင့်နိုင်တော့ဘဲ ခင်ဗျားတို့အိမ်ပြန်ပီးချက်ဖို့ပြုတ်ဖို့မစဉ်းစားသေးဘူးလားလို့ မေးမိခဲ့တယ်။

ကိုယ့်ဆီကစကားသံကိုကြားတော့မှ အမျိုးသမီးသုံးယောက်ရဲ့စကားဝိုင်းက အဆုံးသတ်သွားခဲ့တယ်။ဆွဲခြင်းကိုယ်ဆီဆွဲပီး ခြံဝိုင်းထဲကထွက်သွားခဲ့တယ်။မိန်းမကတော့ မျက်စောင်းထိုးပီးအိမ်ထဲကိုဝင်သွားခဲ့တယ်။ကိုယ်လည်းကိုယ်မသိရမယ့် သတင်းကိုနားထောင်မနေတော့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စုံစမ်းတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။

@leeshang
MSC -230

Sort:  

သနားပါတယ်ဗျာ

စာရေးသူကိုလား

မောင်ချက် ကို သံယောဇဉ်တွယ်သွားတယ်ပေါ့

သံယောဇဉ်ဆိုတာလည်း တွယ်မိတွယ်ရာလေ

လ္ဘက်ရည်ကို လက္ဘက်ရည်ဟုမရေးရပါ။ ပြင်လိုက်ရင်ကောင်းတာပေါ့။

ဟုတ်ကဲ့ပါဆရာ မှားမှန်းမသိလိုက်ဘူး

မောင်ချက် တစ်ယောက်ဘာတွေဆက်ဖြစ်မလဲ?

ဘာတွေဖြစ်လာမလဲ

ဇာတ်ရည်လည်အောင် အပိုင်း၁ ကို ပြန်ဖတ်ကြည့်ရတယ် ဆက်မျှော်နေပါမယ်

အလုပ်ရှုပ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်

သံ​ယောဇဉ်​​ပေါ့​လေ။

အင်း ဟုတ်တယ်

ဘာတွေများဆက်ဖြစ်ဦးမလဲ မျော်နေပါတယ်ဗျာ
@leeshang

ကျေးဇူးပါ

မိန်းမထက် မောင်ချက်ပိုအရေးကြီးသွားတာပေါ့နော့် ဘဒို

ကမန်းကတမ်း အစား အလောသုံးဆယ်လို့ရေးသင့်တယ်သားရေ။

ဟုတ်ကဲ့ပါ ဆရာ

This post has received a $22.22 % upvote from @siditech thanks to: @leeshang.
Here's a banana! banana-small.png

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64284.72
ETH 2650.82
USDT 1.00
SBD 2.79