ဘဝဆိုတာ

in #myanmar6 years ago (edited)


မွေးကတည်းကကျင်လည်ရမယ့် ပတ်ဝန်းကျင်က ကိုယ်နဲ့သဟဇာတဖြစ်ဖို့လိုတယ်လို့ ကိုယ်ထင်တယ်။ကိုယ်မနေချင်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရမယ်ဆိုရင် ကိုယ်လည်းစိတ်ဆင်းရဲရမယ် ကိုယ့်ပတ်ဝန်းကျင်ကသူတွေလည်း စိတ်ညစ်ရမယ်လို့ ကိုယ်ထင်တယ်။လူတိုင်းနဲ့တော့ အတွေးချင်းတူမယ်လို့မထင်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ လူတော်တော်များများကပြောတတ်ကြတယ် ပတ်ဝန်းကျင်ဆိုတာ ကိုယ်ကရွေးချယ်လို့မရဘဲ ပတ်ဝန်းကျင်ကပဲ ကိုယ့်ကိုရွေးချယ်တာတဲ့လေ။

ကိုယ်နဲ့ခင်တဲ့မောင်လေးတစ်ယောက်ဆို သူဖြစ်ချင်တာက အင်ဂျင်နီယာတဲ့။ဒါပေမယ့် ခုလက်ရှိမှာ သူကဆေးဗိုလ်တစ်ယောက်ဖြစ်နေလေရဲ့။သူကပြောတယ် "သူဆေးဗိုလ်ဘဝမှာမပျော်ဘူး"တဲ့ ဒါနဲ့ကိုယ်လည်း သူစိတ်ပြေရာပြေကြောင်းဖြစ်အောင် "ဒီအလုပ်ကကုသိုလ်ရပါတယ်မောင်လေးရယ် ဒီလိုပဲအဆင်ပြေအောင်နေပေါ့"လို့ ပြောခဲ့တယ်။သူ့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ် သူရွေးချယ်ခွင့်မရတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးဖြစ်တယ်။

အဲ့ဒီမောင်လေးနဲ့ ကိုယ်မတွေ့ဖြစ်တာသုံးနှစ်လောက် ရှိသွားတဲ့အချိန်မှာ ကိုယ်လည်းသူ့အကြောင်း မေ့သွားပါတယ်။တစ်နေ့မှာတော့ ကိုယ့်တို့အိမ်ကိုသူရောက်လာခဲ့တယ်။သူ ပါရဂူစာမေးပွဲဖြေဖို့ ကျူရှင်လာတတ်တာတဲ့လေ။ကိုယ်သူ့ကိုစချင်တာနဲ့ "ဝါသနာပါတဲ့အလုပ်မှ မဟုတ်တာပဲဟာ အပင်ပန်းခံမနေစမ်းပါနဲ့ အလိုက်သင့်လေးပဲ သွားစမ်းပါ"လို့ပြောတော့ "မဟုတ်ဘူးလေအမရဲ့ ဖြစ်လာတဲ့ဘဝမှာတော့ အကောင်းဆုံးပဲ သူလုပ်ချင်တယ်"တဲ့လေ။ကိုယ်သိလိုက်တယ် သူ့ပတ်ဝန်းကျင်က သူ့ကိုရွေးချယ်လိုက်ပီဆိုတာ။

ဒါကတော့ ပတ်ဝန်းကျင်ကရွေးချယ်လိုက်တဲ့ သူတစ်ယောက်ပေါ့။ပတ်ဝန်းကျင်ကိုရွေးချယ်ခဲ့တဲ့သူတစ်ယောက်လည်း ကိုယ့်တွေးဖူးပါတယ်။သူ့ရဲ့အဖေကလျှပ်စစ်အင်ဂျင်နီယာ သူ့အမေကကျောင်းဆရာမတစ်ယောက်။ဝန်ထမ်းမိဘနှစ်ပါးကမွေးလာတဲ့ သူ့ကိုအရွယ်ရောက်တဲ့အချိန်မှာ သူ့ကိုလည်းဝန်ထမ်းတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။ခက်တာက သူကလည်းခေါင်းမာစွာနဲ့ ဝန်ထမ်းသားသမီး ဝန်ထမ်းပဲမဖြစ်စေရဘူးတဲ့လေ။

ဒီလိုနဲ့ သူ့မိဘတွေနဲ့အတိုက်အခံလုပ်ပီး ပညာရေးကိုလည်းဆုံးခမ်းတိုင်အောင်မသင်ယူခဲ့ဘူး။ကိုယ်တွေကတော့ ပညာရေးဆုံးခမ်းတိုင်အောင်မသင်ပဲ သူဘာလုပ်စားမှာလဲလို့ ပြောဖြစ်ခဲ့ကြတယ်။ကိုယ်တွေအလုပ်ဝင်တော့ ကိုယ်တို့အလုပ်လုပ်တဲ့ ကုမ္ပဏီမှာ ကိုယ်တို့အောက်တစ်ဆင့်နိမ့်တဲ့ ရာထူးနဲ့သူအလုပ်ဝင်ခဲ့တယ်။ကိုယ်တို့ပိုပီးပြောစရာရတာပေါ့။သူကတော့ ခပ်တည်တည်ပါပဲ သူ့အတွက်အရင်းအနှီးလိုတယ်တဲ့လေ။

ကိုယ်တို့အလုပ်မှာသူဝင်လုပ်တာ ဆယ်နှစ်လောက်ကြာတဲ့အချိန်မှာတော့ ဘွဲ့ရကိုယ်တို့က ရာထူးတွေတစ်ဖြည်းဖြည်းတိုးလာပေမယ့် သူကတော့ အရင်အတိုင်းပါပဲ။တစ်နေ့တော့ သူအလုပ်ကထွက်သွားတယ် ရာထူးမတိုးဘာမတိုးနဲ့ဆိုတော့ သူရှက်လို့ဖြစ်မှာပေါ့လို့ပဲထင်မိတယ်။ဒါပေမယ့် သူတို့အိမ်ရှေ့မှာ ကုန်စုံဆိုင်အလတ်စားလေးတစ်ခုတွေ့တဲ့အချိန်မှာတော့ ကိုယ်တို့အံ့အားသင့်ခဲ့တယ်။

သူကတော့ ထုံးစံအတိုင်းစကားများများမပြောဘဲ ဈေးပဲရောင်းနေခဲ့တယ်။ကိုယ်တွေကတော့ ကြော့ကြော့လေးရုံးတက်နေတုန်းပေါ့။မသ်လိုက်မသိဘာသာအချိန်မှာပဲ သူ့ကုန်စုံဆိုင်လေးကတစ်ဖြည်းဖြည်းကြီးလာခဲ့တယ်။သိပ်မကြာခင်မှာပဲ သူကားတစ်စီးဝယ်နိုင်ခဲ့တယ်။ကိုယ်တွေကတော့ ရုံးဖယ်ရီနဲ့အလုပ်သွားနေရတုန်းပါပဲ။အဲဒီအချိန်မှာတော့ သူရွေးချယ်ခဲ့တဲ့ ပတ်ဝန်းကျင်က သူ့အတွက်အံဝင်ခွင်ကျ ဖြစ်သားပဲလို့တွေးမိရင်း အားကျမိတယ်။

ပတ်ဝန်းကျင်ကရွေးချယ်တဲ့အထဲလည်းမပါ ပတ်ဝန်းကျင်ကိုလည်းမရွေးချယ်နိုင်ခဲ့တဲ့ ကိုယ်တွေကတော့ ဘဝကိုအလိုက်သင့်လေးစီးမျောရင်းနဲ့ ဘယ်သောင်ဘယ်ကမ်းဆိုက်မှန်းမသိ မျောနေဆဲပဲပေါ့။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စမ်းတဝါးဝါးနဲ့ ဘာလုပ်ရမှန်းမသိတဲ့ ကလေးတွေကိုတွေ့ရင် ဘာလုပ်ချင်တာလည်းလို့မေးမိတယ်။ရည်မှန်းချက်ရှိတဲ့ သူမျိုးဆိုရင် ကိုယ်တတ်နိုင်သလောက်ထောက်ပံ့ပေးဖြစ်တယ်။ရည်မှန်းချက်မရှိတဲ့ကလေးတွေဆို ကိုယ့်ဘဝနဲ့နှိုင်းယှဉ်ပီးဆုံးမဖြစ်တယ်။

ဒီလိုနဲ့ပဲ လူဆိုတာ ကိုယ်ကရွေးချယ်တဲ့ဘဝကို ကိုယ့်စိတ်တိုင်းကျအောင်မြင်အောင်လုပ်မလား ကိုယ့်ကိုရွေးချယ်တဲ့ဘဝက ကိုယ့်ကိုစိတ်မပျက်အောင်ကြိုးစားမလားဆိုတာ ငယ်တုန်းမှာသေချာစဉ်းစားကြဆိုတာ ကိုယ်ရဲ့လက်သုံးစကားတစ်ခုဖြစ်လာခဲ့တယ်။

@leeshang
MSC-230

Sort:  

You got a 38.01% Upvote and Resteem from @singing.beauty, as well as upvotes from our curation trail followers!

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @singing.beauty by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool daily! That is up to 38.5% APR! You can also undelegate at anytime.

We are also a very profitable curation trail leader on https://steemauto.com/. Follow @singing.beauty today and earn more on curation rewards!

မှတ်​သားစရာ​တွေပါ အမ​ရေ....။
မျှ​ဝေ​ပေးတာ​ကျေးဇူးပါ

နောက်လည်းဖတ်ပီး မှတ်ချက်လေးတွေပေးပါအုံး

Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 8.00% upvote courtesy of @leeshang!


Message from the Mother Ship:

You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.

Click one of the links below and start earning :)

10 SP20 SP50 SP
100 SP200 SP500 SP
1000 SP2000 SP5000 SP
Any Other Amount

You got a 3.60% upvote from @t50 courtesy of @leeshang!
95% of all SBD bids go to the people who invest by delegating to the bot.
5% goes to @madstacks for his curation efforts with #upfundme.


To use this service send a minimum of 0.010 SBD or STEEM to @t50 with the post you want upvoted as the memo.
For a limited time top bidder will get 15+ additional upvotes!
Low Minimum Bids!
Increase Your Rep!
Draw Attention To your Post.
Earn Passive Income By Delegating SP to the Bot.
Overbid Protection
Voting processed every 2.4h (2,880 blocks).
@t50 follows all followers!


If you do not want to receive upvotes from @t50 you can ask to be blacklisted by replying to this comment.

ကို​ယ်​ဖြစ်​ချင်​တဲ့ဘဝကိုပြတ်​ပြတ်​သားသား​ရွေးချယ်​ပြီး တည်​​ဆောက်​တာအ​ကောင်းဆုံးပါ။

ဟုတ်ကဲ့ပါ

ကြိုးစားချင်‌တဲ့စိတ်‌ရှိရင်‌ ‌နေရာက အဓိက မကျ‌တော့ပါဘူး။

ကြိုးစာချင်စိတ်မရှိအောင်လုပ်တဲ့ နေရာဆိုရင်ရော

ကြိုးစားနေသူအတွက် နေရာတစ်ခုသတ်မှတ်ပြီးသားပါ

နေရာတစ်ခုရအောင်တော့ ကြိုးစားရမယ်

ဒီလိုပါပဲ

အေးနော်

ကိုယ်ရွေးချယ်ဆုံးဖြတ်မှုမှာပဲ မူတည်တယ် ထင်ပါတယ်။

ကိုယ်ကတော့အဓိကပေါ့

ဘယ်နေရာဘဲဖြစ်ဖြစ်စိတ်ပျော်တဲ့အတွေးဘဲထားပါ မပျော်ဖြစ်နေရင် ကိုယ်ဘဲစိတ်ပိုင်းဆိုင်ရာထိခိုက်ရတယ်...

အင်း အဲဒါတော့ဟုတ်တယ်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63338.07
ETH 2589.58
USDT 1.00
SBD 2.82