အပျိုကြီး ( အပိုင်း ၂ )

in #myanmar6 years ago

ဘာရယ်မဟုတ်ဘဲနားစွင့်လိုက်မိတဲ့အသံတစ်ခုက အပျိုကြီးအတွက်စိတ်လှုပ်ရှားမိသွားခဲ့တယ်။လှည့်ကြည့်လိုက်ဖို့ကလည်း အပျိုကြီးသိက္ခာကျမှာကိုလည်းစိုးမိသေးတာကြောင့် လှည့်ကြည့်ဖို့စိတ်ကူးကိုဖျက်ပီး မသိမသာလေးပဲနားထောင်ခဲ့မိတယ်။သူတို့ပြောတဲ့စကားတွေကတော့အများကြီးပါ ဒါပေမယ့် အပျိုကြီးမမထားရဲ့နားထဲမှာစွဲနေတာကတော့ အချစ်မှာအသက်အရွယ်အပိုင်းအခြား မလိုပါဘူးကွာဆိုတဲ့ အသံချိုချိုလေးတစ်ခုကိုပါ။

မနက်စာစားပီးအပြန်မှာတော့ မမထားရဲ့ မရွှေချောလို့ခေါ်တဲ့ ညီမဝမ်းကွဲလေး ချောသံသာကတော့ စကားတွေပေါနေသလောက် အပျိုကြီးမမထားကတော့ စကားတွေတိတ်ဆိတ်နေခဲ့မိပါတယ်။သူမရဲ့ဘဝမှာ မဖြစ်ခဲ့ဘူးတဲ့ခံစားချက်တစ်ခုဖြစ်သွားတာကိုတော့ သူမသာအသိဆုံးပါပဲ နာမည်တပ်ဖို့ကတော့ သူမအတွက်ခက်ခဲနေတုန်းပါပဲ။

ဒီလိုနဲ့ ညီမဖြစ်သူမရွှေချောကလည်း သင်တန်းတက်ရပီမို့ သူမကိုမနက်စာစားဖို့မခေါ်ဖြစ်တော့တဲ့အတွက် မမထားရဲ့စိတ်ထဲမှာစွဲနေတဲ့အသံချိုချိုလေးကို တွေ့ဖို့အတွက်လည်း အခွင့်အရေးနည်းသွားခဲ့ပါတယ်။နောက်တော့လည်း အပျိုကြီးတို့ရဲ့ထုံးစံအတိုင်း အလုပ်ကိစ္စ အိမ်ကိစ္စတွေရဲ့ကြားမှာ သူမနှစ်သက်ခဲ့တဲ့အသံချိုချိုလေးကိုလည်း မေ့သွားခဲ့ပါတယ်။

မမထားဆိုင်ပိတ်တဲ့တစ်ရက်မှာတော့ ညီမဖြစ်သူချောသံသာလည်း သင်တန်းပိတ်ရက်နဲ့တိုက်နေတော့ အဖော်ရတုန်းလေးဈေးဝယ်ထွက်လိုက်အုံးမယ်ဆိုတဲ့စိတ်ကူးနဲ့ ဈေးဝယ်သွားဖို့ခေါ်တဲ့အချိန်မှာတော့ မရွှေချာရဲ့ " မမထားနဲ့မသွားချင်ပါဘူး ဟိုရောက်ရင်တစ်ခွန်းဆိုင်လို့ သေချာရေးထားရက်သားနဲ့ အတင်းဈေးဆစ်နေတာ ချောမျက်နှာပူတယ်" ဆိုတဲ့စကားကို ကြားရချိန်မှာတော့ အပျိုကြီးမမထား စိတ်ထဲမှာတော့ တော်တော်ဒေါသထွက်သွားခဲ့တယ်။ဒါပေမယ့်လည်း ဈေးဝယ်ထွက်တာလည်း အဖေါ်လေးနဲ့မှအပျင်းပြေတာမို့ ထွက်လာတဲ့ဒေါသကိုပြန်သိမ်းလိုက်ပီး "လိုက်ခဲ့ပါညီမလေးရယ် ဒီတစ်ခါမမထားဈေးမဆစ်တော့ပါဘူး ပီးရင်ချောစားချင်တာကိုဝယ်ကျွေးပီး ချောလိုချင်တဲ့ ဖိနပ်တစ်ရံလည်း ဝယ်ပေးမယ်လေ" ဆိုပီး ဖိနပ်ကြိုက်တဲ့ မရွှေချောကို မျက်နှာချိုသွေးလိုက်ပါတယ်။

ဖိနပ်ဆိုတဲ့အသံကိုကြားရတာနဲ့ ချောသံသာရဲ့မျက်လုံးတွေအရောင်တောက်သွားခဲ့တယ်။အပျိုကြီးရဲ့ဖိနပ်ဝယ်ပေးမယ်ဆိုတဲ့စကားက ယုံလို့ရပေမယ့် ဈေးမဆစ်ပါဘူးဆိုတဲ့စကားက ယုံလို့မရတာမို့ ကတိတွေအထပ်ထပ်တောင်းပီးတဲ့နောက်မှာတော့ ညီမနှစ်ယောက်ဈေးဝယ်ထွက်ခဲ့ကြပါတယ်။

အပျိုကြီးဝယ်ချင်တာတွေဝယ်တာကို အထုပ်ဆွဲပေးရတာ လက်တွေညောင်းလာတဲ့အချိန်မှာတော့ မရွှေချောဆီကအသံထွက်လာပါတယ်။ဖိနပ်တစ်ရံနဲ့တော့ မကိုက်တော့ဘူး ဦးထုပ်တစ်လုံးပါဝယ်ပေးပါတဲ့လေ။ဒါနဲ့နောက်ဆိုကိုယ်နဲ့မလိုက်ချင်မှာစိုးတာကြောင့် ဦးထုပ်ပါဝယ်ပေးဖို့အတွက် မမထားခေါင်းညိတ်ခဲ့ရပါတယ်။ကိုယ်လည်းဝယ်ချင်တာ ဝယ်ပီးပီမို့ မရွှေချောဖိနပ်ဝယ်မယ့်ဆိုင်ဖက်ကို ဦးတည်လိုက်ကြပါတယ်။

မရွှေချောရဲ့ရောက်ပီဆိုတဲ့အချိန်မှာတော့ မမထားဆိုင်ထဲကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာ ဆိုင်ထဲမှာရောင်းနေတာ ယောက်ျားလေးအသုံးအဆောင်တွေပဲမို့ အပျိုကြီးတစ်ယောက်မျက်လုံးပြူးသွားပါတယ်။မရွှေချောကိုလည်း နင်ဘယ်သူ့ကိုဝယ်ပေးမလို့လဲဆိုပီး ငေါက်လိုက်မိပါတယ်။မရွှေချောက မမထားကတော့လုပ်ပီဆိုပီး ဆိုင်ထဲကိုဦးဆောင်ပီးဝင်သွားပါတယ်။ဒါနဲ့ ကိုယ်လည်းယောက်ျားလေးအသုံးအဆောင်တွေပဲရှိတဲ့ဆိုင်ထဲကို မျက်နှာပူပူနဲ့ပဲ လိုက်သွားခဲ့ရပါတယ်။

ကိုယ်ဆိုင်ထဲကိုရောက်တဲ့အချိန်မှာတော့ မရွှေချောကသူလိုချင်တဲ့ဖိနပ်တံဆိပ်ကိုရွေးပီးလို့ ဖိနပ်ဆိုဒ်ကိုတောင်ပြောနေပါပီ။သူမက မမထားကိုမြင်တဲ့အချိန်မှာ ဒီနားမှာခဏထိုင်အုံး ဦးထုပ်သွားကြည့်လိုက်အုံးမယ်ဆိုပီး ကိုယ့်ဘေးနာကနေထွက်သွားခဲ့ပါတယ်။ကိုယ်လည်းယောင်တောင်ပေါင်တောင်နဲ့ မရွှေချောကိုထိုင်စောင့်နေတုန်း မမတစ်ယောက်တည်းပျင်းနေပီထင်တယ် အအေးလေးသောက်ပါအုံးဆိုတဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာတော့ မမထားရဲ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားခဲ့ပါတယ်။

@leeshang
MSC -230

Sort:  

အဲ ခုမှစတာ

အဆုံးမှာဘာဖြစ်မလဲ

ဇာတ်သိမ်းသွားတယ်လေ

စာဆုံးခါးနီးမှပဲ အပျိုကြီးဖူးစာက တွေ့တွေ့နေရသလားဗျာ....

အေးဗျာ

ဘာ​တွေဆက်​ဖြစ်​သွားပြီလည်းသိချင်​​နေမိ။

ဘာတွေဆက်ဖြစ်မှာလဲ ပြောပြချင်မိ

အပျိုကြီး တစ်ယောက် ဘယ်သူ့ကိုများ တွေ့သွားပါလိမ့်

ဘယ်သူများပါလိမ့်

နိုင်​ငံ ခြားရုပ်​ရုပ်​လို ပ​ဟေဠိဆန်​ဆန်​ ဇာပ်​သိန်းတာလား
ဆက်​ရန်​ရှိ​သေးတာလားဟင်​?

မြန်မာဇာတ်သိမ်းပဲဖြစ်မှာပါ

အလဲ့ မမ ရင်‌ခုန်‌‌တော့မယ်‌‌ပေါ့။

ဒါပေါ့ မောင်လေးရယ်

မမထားက ရေခဲတုံးကိုတက်နင်းမိလိုက်လို့အေးစက်တောင့်တင်းသွားတာလား

ဘာလား ဟဲဟဲ

တစ်ခွန်းဆိုင်ဆိုမှ ကျွန်တော့်အဖြစ်ကို သတိရသွားပီဗျာ။ ဟီး အရှက်ကွဲခဲ့ပုံလေးပါ။

ဘယ်လိုများအရှက်ကွဲခဲ့လဲ သိချင်မိတယ်

ဘယ်​သူများလဲ?စိတ်​၀င်​စားစရာပါ...ဆက်​​ရေးဦးမှာလား.....

ဆက်ရေးအုံးမှာပါ အားပေးပါအုံး

ဆက်ရန်ရှိသေးတာလား အပျိုကြီးရေ

ဆက်အုံးမှာ ဆက်အုံးမှာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78