အတွေးများ
ကိုယ်ရေးတဲ့စာတော်တော်များများက ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေအကြောင်းရယ် ကိုယ့်ဘဝရဲ့အမှတ်တရတွေရယ် ကိုယ့်ဘဝရဲ့လွမ်းစရာအကြောင်းတွေပဲဖြစ်ပါတယ်။အဲဒီလိုရေးရင်းနဲ့ ကိုယ့်ရဲ့စာတွေကိုဖတ်မိတဲ့သူတွေရဲ့မှတ်ချက်တွေကို ကိုယ်ပြန်ကြားရတဲ့အချိန်မှာ ကိုယ့်အတွက်အတွေးတွေဖြစ်စေတယ် အဲဒီအတွေးတွေကိုစာတစ်ပုဒ်ဖြစ်အောင်ကိုယ်ရေးကြည့်ချင်ခဲ့တယ်။
ကိုယ်မနေ့ကပိန်းပန်းပင်လေးတွေအကြောင်းစာတစ်ပုဒ်ရေးခဲ့တယ် လူတစ်ချို့ကိုလည်းပိန်းပန်းနဲ့ခိုင်းနှိုင်းမိတယ်ပေါ့လေ အဲဒီမှာစတာပဲ ကိုယ်ရေးတဲ့ပိန်းပန်းပင်စိုက်ပျိုးနည်းကိုစိတ်မဝင်းစားဘဲ ပိန်းပန်းနဲ့တူတဲ့သူကိုစိတ်ဝင်စားသွားကြပါလေရော။မဆိုးပါဘူးလို့ဘဲကိုယ့်ကိုကိုယ်အားတင်းမိပါတယ်။အဲဒါနဲ့ပဲ လူအမျိုးမျိုးက အတွေးအမျိုးမျိုးကိုတွေးတတ်ကြတာကို ကိုယ်ရယ်ချင်သလိုလိုဖြစ်မိတယ်။
ဟိုးရှေးရှေးတုန်းကပေါ့ ကိုယ်နဲ့အရမ်းခင်တဲ့သူငယ်ချင်းတယောက်ရှိခဲ့တယ် ဟိုးရှေးရှေးတုန်းကလို့ပြောပေမယ့်ခုလက်ရှိလည်းခင်မင်လျှက်ပါပဲ။အဲဒီသူငယ်ချင်းကအရမ်းစိတ်ကောင်းရှိတယ် လူတစ်ဖက်သားကိုလည်းကူညီတတ်တယ် အလုပ်လုပ်ရင်လည်းစေတနာထားတယ် သူမလုပ်လို့ငါမလုပ်လို့ဆိုပီးမကတ်တွက်တတ်ဘူး အဲဒါကြောင့်ကိုယ်ဆို အလုပ်လုပ်ဖို့လူခွဲရင်သူနဲ့ပဲအတူတူကျချင်တယ်။တနေ့ကျတော့ ကိုယ်အလုပ်ကိုရောက်တော့သူ့ကိုနှုတ်ဆက်တယ် သူကဘာမှပြန်မပြောဘူး ကိုယ်ကစကားပြောရင်လည်းသူကပြောချင်သလိုမပြောချင်သလိုပေါ့ အဲ့ဒီမှာကိုယ်လည်းစိတ်ဆိုးလာတယ် သူတောင်မခေါ်ချင်လို့မခေါ်တာ ကိုယ်လည်းမခေါ်ဘူးပေါ့။အဲ့ဒီလိုနဲ့သူနဲ့ကိုယ်အလုပ်ကိစ္စကလွဲပီးစကားမပြောဖြစ်တာ တစ်နှစ်ကျော်ကြာတယ် နောက်သူ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့မှ ပြန်ခေါ်ဖြစ်ကြတယ်။သူနဲ့ကိုယ်အရင်လိုပြန်ခေါ်သွားတဲ့အချိန်မှာ ကိုယ်သိချင်လွန်းလို့သူ့ကိုမေးကြည့်မိတယ် ငါ့ကိုဘာလို့မခေါ်တာလည်းလို့ဆိုတော့ သူပြောတာက ကိုယ်နဲ့တခြားသူငယ်ချင်းတယောက်ကသူ့ကိုကြည့်ပီးစကားပြောနေကြတယ်တဲ့ သူလည်းလှမ်းကြည့်ရောစကားဆက်မပြောဘဲ သန့်စင်ခန်းထဲဝင်သွားကြတယ်တဲ့။အဲဒါနဲ့ပဲသူ့အကြောင်းပြောတာသေချာတယ်ဆိုတဲ့အတွေးဝင်ပီးတော့စိတ်ဆိုးလို့ ကိုယ့်ကိုမခေါ်တာတဲ့။သူပြောတော့အဲ့ဒီနေ့ကအကြောင်းကို ကိုယ်ပြန်သတိရသွားတယ် ကိုယ်စဉ်းစားလို့ရသလောက်တော့သူ့အကြောင်းတစ်ခုမှမပြောဖြစ်ဘူးဆိုတာကိုယ်သေချာပြောရဲတယ်။
ဒါပေမယ့်လည်းသူကသူ့အကြောင်းပြောတာထင်လို့ဆိုပီးမခေါ်တာဆိုတော့ ကိုယ်လည်းသူ့ကိုသေချာရှင်းပြရတာပေါ့ အဲဒီနေ့တုန်းကသူ့အကြောင်းပြောတာမဟုတ်ပါဘူးနင်အထင်မှားတာပါပေါ့။သူကလည်းတောင်းပန်တယ် သူလည်းအထင်မှားသွားတယ်ဆိုပီးတော့ပေါ့ နောက်ဆုံးတော့အားလုံး ok သွားတယ် သူ့ကိုလည်းမှာထားရသေးတယ်နောက်ဆိုတွေးမိတွေးရာမတွေးဘဲ ပွင့်ပွင့်လင်းလင်းပြောပါဆိုပီးတော့လေ။
ဘာမဟုတ်တဲ့အတွေးလေးတစ်ချက်မှားမိတာနဲ့ အရမ်းခင်တဲ့သူငယ်ချင်း၂ယောက်အကြာကြီးမခေါ်မပြောဘဲနေကြတာဘယ်လောက်ဝမ်းနည်းစရာကောင်းပီး ဘယ်လောက်နစ်နာရသလဲနော်။အဲ့ဒါကြောင့် အတွေးတွေအများကြီးတွေးပီးတော့ အတွေးတွေမမှားကြပါနဲ့လို့။
Goodတယ်။အပိုဒ်လေးတွေမြင်သာအောင် ခွဲရေး ပြီးရေးရင်ပိုကောင်မယ်။