So sorry my mistake

in #myanmar6 years ago (edited)

စိတ်​မပါပဲ မာထန်​ထားရတဲ့မျက်​နှာထားအတွက်
ကိုယ့်​ကိုကိုယ်​​တော့လိပ်​ပြာမလုံ ..
ဖြစ်​သင့်​သည်​ကိုသ​ဘောမ​ပေါက်​နိုင်​​သော ..
လူအချို့ကိုလည်း မုန်းတယ်​ ...
ကိုယ်​ဆိုတာကို လက်​ခံလိုက်​တာနဲ့ ..
ခွဲမရ​အောင်​ကပ်​ပါ​နေမယ့်​အရာ​တွေလည်းရှိတယ်​ ..
ဆိတ်​ဆိတ်​​နေခြင်းဆိုတာ ကိုယ့်​ကိုအ​မေ​မွေး​ပေးကတည်းက
ချက်​က​နေလက်​ယာရစ်​ရစ်​လို့ထည့်​​ပေးလိုက်​တဲ့အတိုင်း ...
စိန်​​ကောင်း​ကျောက်​​ကောင်း​ရောင်း​နေပါ​စေ ...
တခုခုဆို မျက်​နှာ​ပေါ်ချက်​ချင်းခုန်​တက်​လာတတ်​တာ .. ...
ဟန်​​ဆောင်​ရတာကိုက ကိုယ့်​အတွက်​လွယ်​မ​ယောင်​နဲ့အ​တော်​ ကပ်​သပ်​​သောကိစ္စပဲ ..
တမင်​မဟုတ်​ပဲ ကြမ်းတမ်းသွားရ​သော စကားလုံးများအတွက်​​တော့ .. ကြိုပြီးတောင်းပန်ထားပါတယ်..
ထိ​တွေ့ရတဲ့ဝန်းကျင်​တိုင်းကို​ပျော်​ရွှင်​​စေချင်​တာက​တော့ ..
တိကျ​လွန်း​သော စိတ်​ဆန္ဒဖြစ်​သည်​။
ကိုယ့်​ရဲ့သက်​​ရောက်​​စေမှု​တွေသာ အကျိုးဖြစ်​ထွန်းမယ်​ဆို ..
ကိုယ့်​ရဲ့ပုံစံ​တွေကို ခပ်​နာနာ​ခေါက်​ရိုးကျိုး​အောင်​ လက်​ပူတိုက်​ပါတယ်​ ..
အရာရာမှာ အံဝင်​ခွင်​ကျမဖြစ်​မှု​တွေဟာ ..
နေ့ရက်​​တွေသာ​ပြောင်းသွားတယ်​ .. ..
ရေလဲသုံး​နေရတုန်းမို့ ...
ဆိုင်​ဆိုင်​ မဆိုင်​ဆိုင်​ .. " So sorry my mistakes "
Lay Cho
MSU-061
Photo - Google Images
FB_IMG_1533534486129.jpg

Sort:  

အလန်း...

ကျေးဇူးပါနော်

ကိုယ်တိုင်ရိုက် ပုံမဟုတ်ရင် photo credit Link ထည့်ပေးညီ

ဟုတ်ကို ..
ပြန်ထည့်လိုက်ပြီ ..
ကျေးဇူးပါ ..

ကောင်းလိုက်တဲ့ ခရက်ဒစ် :3

There are action and reaction in every field but wait
fighting bro
@aggamun

ကျေးဇူးပါ ဘဒို

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63135.01
ETH 2546.56
USDT 1.00
SBD 2.64