တွင်းမအင်းသို့ အလည်တစ်ခေါက်
မယ်ကြည် ဟိုတစ်နေ့ကသွားခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အိုအေစစ်လို့ တင်စားလို့ရတဲ့ တွင်းမအင်း အကြောင်း မယ်ကြည့် သူငယ်ချင်းတွေကို ပြောပြချင်ပါတယ်..။တွင်းမအင်းဟာ ဆိုလို့ရှိရင် မုံရွာမြို့ရဲ့ အနောက်မြောက်ဘက် မုံရွာ ယာကြီး ကလေး လမ်းမပေါ်ကနေ လမ်းခွဲသွားရပြီး မုံရွာကနေ မိုင် ၂၀ခန့်သာ ကွာဝေးပါတယ်..။
တွင်းမအင်းဖြစ်လာပုံက လွန်ခဲ့တဲ့ နှစ် သန်းပေါင်းများစွာက မီးတောင် အထပ်ထပ် ပေါက်ကွဲခဲ့ပီး မြေပြင်သည် ချော်ပြာ အထပ်ထပ် ကနေ မြင့်တက်လာခဲ့ရာကနေ သဘာဝအတိုင်း ချိုင့်ဝှမ်းကြီးဖြစ်လာပီး စိမ်းပြာအိုင်ကြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်..။
အိုင်ကြီး ဘေးပတ်ပတ်လည်မာ အုန်းပင်တွေနဲ့ ခြံရံထားတာ မြင်တွေ့ခဲ့ရပါတယ်..။
အင်းထဲက ရေကတော့ သောက်လို့မရပါဘူး။မယ်ကြည်တို့ မြန်မာနိုင်ငံရဲ့ စိမ်းပြာရေညှိထွက်တဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်..။ ကနီနယ်ထဲက ယခု တွင်းမအင်း ၊ တောင်ပျောက်အင်း ၊ ၂အင်း ဟာ ဆိုလို့ ရှိရင် ဆေးဖက်ဝင် စပီရူလိုင်းနားရေညှိ ထုတ်လုပ်လို့ရတဲ့အင်းတွေုဖြစ်ပြီး ဘုတလင်မြို့ နားက တွင်းတောင် ဟာ ဆိုလို့ရှိရင် အကြီးဆုံးဖြစ်ပါတယ်..။
စပီရူလိုင်းနားကို ကမ္ဘာ့နိုင်ငံတိုင်း မထွက်ပါဘူး..။ရှားပါးထွက်ကုန် တစ်ခု ဖြစ်ပါတယ်..။စပီရူလိုင်းနားထွက်သော နိုင်ငံ၆နိုင်ငံသာရှိပီး မြန်မာနိုင်ငံမှလဲ စပီရူလိုင်းနားထွက်ရှိပါတယ်..။
တွင်းမအင်း ရောက်ဖို့ ကားနှင့်သွားမည်ဆိုလျှင် ၁နာရီခန့်သာ မောင်းရပါတယ်..။
ကလေးလမ်းမကြီးပေါ်ကနေ လမ်းညာဘက် ချိုးကွေ့ပြီး ခေတ္တ မောင်းနှင်ပြီးလျှင် ချိုင့်ဝှမ်းကြီးထဲက အံ့သြဖွယ်ရာ သာယာလှပတဲ့ အင်းကြီးကို အရင် လှမ်းမြင်တွေ့ရမာ ဖြစ်ပါတယ်..။အပေါ်စီးမ လှမ်းမြင်ရသော တွင်းမအင်းသည် သဘာဝ ပန်းချီကားတစ်ချပ်အလား အလွန်ပင် လှပလှပါသည်။
လမ်းအတိုင်း တဖြေးဖြေး ဆင်းသွားရင်တော့ ရေစိမ်းပြာရောင်တွေနဲ့ အင်းကြီးကို တွေ့ရပီဖြစ်ပါတယ်..။ မယ်ကြည်တို့ သွားကြတဲ့ခရီးမာ ရွာခံသူတစ်ယောက်ပါပါတယ်..။
အင်းထဲတွင် လှည့်လည်ပီး စက်လှေစီးလို့ ရပါသေးသည်..။အုန်းပင်ပေါသည့် အရပ်ဒေသမလို့ အုန်းစိမ်းရေ ချိုမြမြလေးလဲ သောက်ခဲ့ရပါတယ်..။
ရေစပ်မာ ဆိုင်လေးတွေလဲ ရှိပါတယ်.. ။ရေစပ်မာ မယ်ကြည်နှင့် ညီမတစ်တွေ ဓာက်ပုံရိုက်ကြပီး အင်းထဲ စက်လှေ ပတ်စီးကြပါတော့တယ်..။
ပီးတော့ တွင်းမရွာထဲက မယ်ကြည့် ညီမလေး အိမ်မာ ထမင်းစားကြပါတယ်..။အံ့သြစရာတစ်ခုက ရေချိုတွင်းတွေဟာ အင်းအစပ်မာပဲရှိနေတာပါ ရေတွင်းထဲ ကျောက်ခွေ ၃ခွေ လောက် ချယုံနှင့် ရေချိုထွက်တယ်လို့ သိခဲ့ ရပါတယ်..။အင်းထဲက ရေဟာ သောက်လို့မရပေမဲ့ အင်းအစပ်က ရေချိုထွက်ပါတယ်..။ဧည့်ဝတ် ကျေပွန်လှတဲ့ ညီမလေးအိမ်မာ ထမင်းစားကြပီး မယ်ကြည် တို့တတွေ ကားဆီသို့ ပြန်ခဲ့ကြပါတယ်..။အသွား စက်လှေစီးပီး အပြန်မာ ရွာထဲကနေဖြတ်ပီး ပြန်ခဲ့ပါတယ်..။မြေသြဇာကောင်းလှတဲ့ ရွာလေးဖြစ်ပီး အိမ်တိုင်း အုန်းခြံ ၊ ကွမ်းခြံ၊ ငှင်ပျောခြံနှင့် တခြား သီးနှံများ စိုက်ပျိုးကြတာ မြင်ခဲ့ရပါတယ်..။
အိမ်ခြေ ၄၀ကျော်လောက်သာ ကျန်ရှိပြီး အတော်များများ အပေါ်ကို ရွှေ့သွားကြပီ ဖြစ်သည်..။ဒေသထွက် တွင်းပိုးကြော်ဟာဖြင့် မိုးတွင်းမှ ရရှိသဖြင့် မမြည်းခဲ့ရပေ..။
စပီရူလိုင်းနား ထုတ်နေတဲ့ အမှတ် ၃
ဆေးဝါးစက်ရုံ ကိုလဲ တွေ့ခဲ့ရပါတယ်..။ဂေဟစနစ် မပျက်စီးစေရန်နှင့် အင်း သန့်ရှင်းစေဖို့တွက် ရွာကို ရွှေ့ပြောင်းဖို့ လုပ်နေကြောင်း သိခဲ့ရပါတယ်..။
ကားဆီရောက်မ တအောင့်နားပြီး မယ်ကြည်တို့ တောင်ပျောက်အင်းဘက် ဆက်လက်ထွက်ခဲ့ပါတယ်..။ချိုင့်အပေါ်ပြန်တက်ပြီး လယ်ရှည် ရွာလမ်း ခွဲကနေ တောင်ပျောက်ရွာ တောင်ပျောက်အင်းကို သွားကြရတာဖြစ်ပါတယ်..။
အင်း ၂အင်းကို တောင်ခြားထားပီး ပတ်သွားရတာ နဲနဲဝေးပါသည်..။ တောင်ပျောက်အင်းကျ ကားလမ်းဆင်းမရတော့တာကြောင့် လူတွေ မဆင်းကြတော့ဘဲ အပေါ်ကနေကြည့်ပီး ပြန်ခဲ့ပါတယ်..။
လည်ရှည်ရွာတွင်လည်း ရေချိုအိုင် တစ်အိုင်ကို လှမ်းမြင်ခဲ့ပါသည်..။၎င်းအိုင်တွင် ကြာပန်းများရှိသည်ဟု သိခဲ့ရပီး အလှမ်းဝေးသဖြင့် မရောက်ရှိခဲ့ပေ..။
အပြန်တွင် အလောင်းစည်သူမင်း တည်ခဲ့သော ရွှေမုဠောစေတီသို့ ဝင်ရောက်ဖူးမျှော် လိုရာဆုတောင်းခဲ့ပါသည်..။
၎င်းနောက်တွင် အလွန်လှပသော နေကြာခင်းတွင် ဓာက်ပုံရိုက်ကြပြီးနောက် မယ်ကြည်တို့တတွေ အိမ်ပြန်ရောက်ပြီဖြစ်ပါသည်..။
အလွန်လှပသော နေရာတစ်ခုဖြစ်ပါသောကြောင့် မယ်ကြည့် သူငယ်ချင်းများ အလည်တစ်ခေါက် လေ့လာရေး လာရောက်စေချင်မိပါသည်..။
Author by @kyi
Photo by me and facebook
Msc no :050
ဟုတ်ကဲ့ပါခင်ဗျာ
အခုလိုစာအရေးသားနှင့်တကွဓါတ်ပုံလေးတွေကို
မြင်တွေ့ခွင့်လေးရရှိသည့်အတွက်ကြောင့်ကျွန်နော်
၏စိတ်၌ရွှင်ပြုံး၍ကိုယ်တိုင်ရောက်ဖူးသွားသလိုခံစား
မိလိုက်ကြောင်းပြောကြားရင်ဖွင့်ရင်း(သူရ)
လူပုံက ပိုများနေတယ်ဟုတ်😃😃
သဘာဝတရားတွေနဲ့ရှုခင်းပုံလေးတွေက
စိတ်ကိုပြောင်းလဲသွားစေနိုင်ပါတယ်ဗျာ(သူရ)
Beautiful post 😂
အဟေးဟေး😃😃 သားသား မမဖဲလေ😃😃
ပုံလေး လှတယ် morning ပါရှန့်😃😃
စိတ်သာချ ကြည်ရေ ကိုသာအေး လာလည်မယ်ဗျာ
လာခက်ပါ ကွီးသာအေးရေ😃😃လိုက်ပို့ပါ့မေ😃😃
လာနဲ့ မိန်းခလေးတွေဘဲလက်ခံမယ်
အဟေးဟေး😃😃
နောက်တခါရောက်အောင်သွားမယ်
နောက်တခါဆိုတော့ အရင်တစ်ခါ သွားခက်တေးရား😃😃
တွင်းမသွားတာ အမှတ်တရတွေဖြစ်ခဲ့တယ်
ဟုတေ😃😃လာလည်ပါနော်
ကျွန်တော်လည်း မုံရွာကပဲ အစ်မရေ
@kyi
ဟုတ်လား 😃😃အာ့ဆို ရောက်ဖူးတယ်ဟုတ်😃😃
ကျေးဇူးပါ
😃😃ကျေးဇူးပါ😃😃
fighting
ဟု ဖတ်တင်းပါ😃😃
နာမည်ကြီးဒေသလေးပါ ရောက်ဖူးချင်မိပါတယ်
လာလည်ပါ sisရေ😃😃
အနော့်ကိုလည်း ခေါ်အုံး
ခေါ်ပါတယ်လို့စ်😃😃