ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်

in #myanmar6 years ago

IMG_20180329_064249-01.jpeg

လူတိုင်း လူတိုင်း မိမိလိုသလို ပုံသွင်းနိုင်ကြသည်။ ကောင်းမွန်သော အတွေး စာနာတတ်သော နှလုံးသား ရှိသူများက လူကောင်း ဟူသော အရာကို ရရှိပြီး အရာတိုင်းမကောင်းမြင်ပြီး အကျိုးမဲ့သော လုပ်ရပ်များသာ အသားပေးလုပ်ဆောင်သူသည် လူဆိုးတစ်ယောက်သာ ဖြစ်လာလိမ့်မည်။

received_588252688189004.png

လူတိုင်း အောင်မြင်လိုကြသည်။ မယ်ကြည်တို့ လိုချင်ကြသော အောင်မြင်မူ့ကို အလကား တောင်းယူ၍ မရပါ။ မိမိတို့ကိုယ်တိုင်သာ ကြိုးစားမှ ရရှိလိမ့်မည်။ မည်သူကမှ "ကဲ ယူပါ အခွင့်အရေး တွေ ”ဟူ၍ လာပေးမည်မဟုတ်။ယခု msc မှ သင်တို့ ကျန်ုပ်တို့အား အခွင့်ရေးပေးနေခြင်းအား ဆုပ်ကိုင် ၍ ကြိုးစားကြရပေမည်။

received_588252648189008.png

ကိုယ်တိုင်ရှာဖွေ ၍ ရရှိသော အခွင့်အရေးများကို သေချာ ကျနစွာ စီစဉ်ပြီး အောင်မြင်မူ့ ရရှိစေရန် ကြိုးစားသင့်သည် ဖြစ်လေသည်။ ပြင်းပြသောစိတ်ဆန္ဒဟူသည် လူတိုင်း ရင်ထဲတွင် ကိန်းဝပ်နေလေ့ရှိသည်။ မယ်ကြည် တို့အတွက် ထိုက်တန်သော တစ်နေရာ ကမ္ဘာမြေတစ်နေရာတွင် မုချ ရှိနေမည်။ ထိုယုံကြည်မူ့ကို စိတ်မှာထား၍ မိမိလိုချင်တာ ဘယ်အရာကို တိကျစွာ သိရှိပြီး ရရှိစေရန် ကြိုးစားရမည်။ မိမိကိုယ်တိုင် ရယူရမည်သာ ဖြစ်သည်။ သို့ရာတွင် လူအများစု မှ တွေးကြသည်။ မည်သူမျှ မကူညီဘဲ ယခုအလုပ် ပြီးပါမည်လားဟု တွေးကြပြန်သည်။ မည်သူမျှ မကူညီပဲ အောင်မြင်နိုင်ပါ့မလားဟု တွေးကြပြန်သည်။

received_588252758188997.png

ယခုကဲ့သို့ mscတွင် ကူညီသူတွေ ရှိပြန်တော့လည်း သေချာ စိဆိပါဝင်စားစွာ လုပ်သူ နည်းပါးပြန်သည်။ စည်းကမ်းလိုက်နာသူနှင့် မလိုက်နာသူယှဉ်ပါက မည်သည့်အရာ များမည်ဟု သင်ထင်ပါသနည်း။ msc သည် စည်းကမ်းများလှသည်ဟု ထင်ကြပေမည်။ ထိုကဲ့သို့ စည်းကမ်းမရှိပါက myanmar tag ကို အခြားနိုင်ငံများ အထင်သေးသကဲ့သို့ msc တွင် စာရေးသောသူများသည်လည်း cheeath သာ ဖြစ်နေပေတော့မည်။

received_588252774855662.png

မိမိ ယုံကြည်မူ့ကို လေ့လာနေရမည်။ မည်သည့်အရာက ကောင်းသည် မကောင်းသည်ကို မပြတ် လေ့လာနေရမည်။ မိမိထက် သိ တတ် တော်သူများအား မေးမြန်းခြင်းအား မရှက်သင့်ပေ။ မိမိကိုယ်သာ ယုံကြည်ရာဟု စွဲမှတ်ထားရမည်။ တစ်ခါ မရလျှင် နှစ်ခါ အထက်ထက်အခါခါ လေ့လာနေရမည်။ မယ်ကြည်တို့ MSC သည် Leader @kackinhenry မှ မြန်မာများ Steemit platform ပေါ်တွင် အောင်မြင်စေရန် ကြိုးစား လမ်းဖောက်ပေးခြင်းအပေါ် မပူမပင် နှင့် လျောက်နေကြရသည်။ အချို့သူများသည် proday မှမဟုတ်လျှင် စာမရေးကြပေ။ ဈေးကျသည် တက်သည် ထည့်မစဉ်းစားပါနှင့် ။ $ရသည် မရသည် ထည့်မစဉ်းစားပါနှင့် ။ ရေးရမည်က မိမိတာဝန်သာ ဖြစ်သည်။ proday ရှိမှသာ စာရေးသောသူများ proday မရှိတော့လျှင် စာရေးကြပါအုံးတော့မည်လား မေးချင်မိသည်။

received_1888736321456082.jpeg

ကြည်လဲ တချိန်က msc ကို ပစ်ထားခဲ့မိဖူးသည်။ ထို့အတွက် ယခုအချိန်တွင် msc တွင် အတူ ရောက်ခဲ့သူများ မယ်ကြည့်ထက် RP ရော SP ပါ သာလွန်နေချေပြီ။ သူတို့သည် steemit ပန်းတိုင်ကို တထစ်ချ ဆွဲ၍ စာရေး နေကြသူများသာဖြစ်သည်။ မယ်ကြည် နောင်တရမိချေသည်။ နောင်တဟူသည် နောင်မှသာ ရတတ်သည်။ သို့သော် ယခုချိန်မှ စ၍ မယ်ကြည် ပြန်လည် ကြိုးစားနေပါသည်။ ရလာသမျှ တိုးပွားအောင် ကြံဆောင်ရင်း ရှေ့ခရီးဆက်မည် ဖြစ်သည်။ ကြည့် gpတွင်လည်း daily အမြဲတင်သူများလည်း ရှိသည်။ proday မှ တင်ကြသူက ပိုများပေသည်။

received_1813230812310227.jpeg

daily တွင် proday ကဲ့သို့ မရေးနိုင်တောင် စာအနဲငယ်နှင့် ပုံအနဲငယ် တင်စေချင်မိသည်။ ကြည်လဲ အများကြီး ကြိုးစာရပါအုံးမည်။ သူတစ်ပါးပြောသည့် အဖြတ်စကားကြောင့် စိတ်ဓာက်ကျ မနေပါနှင့်။ မိမိသည် မိမိပုံဖော်သည့်အတိုင်း ဖြစ်လာစေမည်သာဖြစ်သည်။ steemit ခရီးလမ်းသည် ရေတိုခရီးမဟုတ်ပါ။ ရေရှည်ခရီး ဖြစ်သည့်အားလျော်စွာ အားတင်း၍ အတူတကွ ရှေ့ဆက်ကြရမည်သာဖြစ်သည်။

received_588252718189001.png

proday မှသာ စာရေးကြသူများအပေါင်းကိုလည်း မှာချင်ပါသည်။ စာမရေးသောနေ့ တစ်ကျပ်မှ မဝင်တာထက်စာလျှင် daily တွင် လာတင် စုပေါင်း vote ကြခြင်းဖြင့် ဝင်ငွေအနဲငယ်ဝင်လျှင်လဲ ကောင်းသည်မဟုတ်ပါလား။ နေ့စဉ် စာရေးခြင်းဖြင့် စာရေးအားကောင်းလာစေမည်။ မိမိတွက် အကျိုးရှိသည်သာပင်။
msc သည် မြန်မာလူငယ်များ အကျိုးစီးပွားတွက်သာ ဖြစ်သည်။ တစ်ချိန်တွင် Myanmar ဟူ၍ ခေါင်းမော့နေစေချင်မိသည်။ အားလုံးကြိုးစားကြမှ အောင်မြင်ကြမည်သာ ဖြစ်သည်။ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ဟု ရည်ရွယ်ရင်း နိဂုံးချုပ်ပါ၏။

received_1812282122405096.gif

Author @kyi
Photo google image
MSC 050

Sort:  

dailyတင်ခြင်သော်လည်း အခြေအနေနဲ့အချိန်အခါအရ မတင်နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်

ဟုတ်ကဲ့ဆရာ ကြိုးစာကြတာပေါ့ဗျာ😁

ြုးစားနှေက်ပါ မမ☺☺

Yes we are g3

နေ့တိုင်း​ရေးနိုင်​​အောင်​ကြိုးစား​နေပါတယ်​​ဗျာ

ဟုကဲ့ daily တွေလဲ v&m ဖို့ ready ပါရှင့် တင်ပါလေ😁

မှန်ပါတယ် မယ်ကြည်ရေ ပြိုင်တူသာ တွန်းလိုက်ကြပါစို့ကွယ်။

ကွီးက ရှေ့ကတွန်း အဟိ😁မယ်ကြည်လဲ တွန်းမာပါလေ😊

Post များများ တင်‌နိုင်‌‌အောင်‌ကြိုးစားပါ့မယ်‌။‌ပြော ပြ‌ပေးလို့ ‌ကျေးဇူးပါညီမ။

တင်ပါ အကို အားပေးဖို့ အသင့်ပါ😁

daily တင်ချင်ပါတယ်ညီမ
တင်နိုင်အောင်လည်းကြိုးစားပါ့မယ်

ဟုတ် daily မှာ သင့်တော်တဲ့ ပုံ ၃ ပုံလောက်နဲ့ စာ လုံးရေ 150 200 လောက်ပေါ့ကြိုးစားရေးပါရှင့်😊

ပြိုင်တူတွန်းနိင်အောင်ကြိုးစားလျက်ပါမကြည်။

ကြိုးစားကြတာပေါ့ together😁

အရမ်း​ကောင်းတဲ့ပို့စ်​ပါ....@kyi
Right
ပြိုင်​တူတွန်းလျှင်​​ရွေ့နိုင်​ပါတယ်​....

Dailyလာတင်ပါ ပြောစရာ မလိုတဲ့ ယွန်းလေး😁together forever😁

ဟုတ်​ pro daily post တင်​နိုင်​​အောင်​ကြိုးစားမယ်​ မမ

Together g3😁

တွန်းကြတာပေါ့ အေ ...

တွန်းတင်ပေးပါချင့် ကျေးဇူးပါနော့😁😋

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57360.07
ETH 3004.82
USDT 1.00
SBD 2.26