နင်​မရှိ​တော့တဲ့​နောက်​..(၂)

in #myanmar7 years ago (edited)

imageနင်​မရှိ​တော့တဲ့ မြို့​လေးက ဘာမမ​ပြောင်းလဲပါဘူး.. ။ဟိုး..အရင်​က အတူလက်​တွဲ လမ်း​လျောက်​ဖူးတဲ့ လမ်းမ​ပေါ် ​ခြေအစုံချမိချိန်​ ဝမ်းနည်းလာပုံများက​တော့ ငါ့တွက်​ ​ပျော်​ရွှင်​မူ့ဆိုတာ လိုက်​​လေ ​ဝေး​လေပါပဲ နင်​​ရေ...။အတိတ်​ကို မ​မေ့ပစ်​နိုင်​သူတစ်​​ယောက်​ဟာ ဘာနဲ့တူ​နေလဲဆို ကိုယ့်​ကိုကိုယ်​ အခန်းထဲ ပိတ်​​လှောင်​ထားသူ တစ်​​ယောက်​နဲ့ တူတယ်​ နင်​..ရယ်​။ image
နင်​ ဘယ်​​တော့မ ပြန်​မလာ​တော့မဲ့ မြို့​လေးမာ ငါ ကိုယ့်​ကိုကိုယ်​ ပိတ်​​လှောင်​ထားတာ အူ​ကြောင်​​ကြောင်​နိုင်​လှပါတယ်​ နင်​ရယ်​...။နေ့ရက်​တိုင်းကို နင်​ဆိုတဲ့ ​မျှော်​လင့်​ချက်​နဲ့ အသက်​မရှင်​ချင်​​တော့ဘူး..။ငါ့အထင်​ ငါ့အ​ကြောင်း​တွေ ဘာမ မမှတ်​မိ​တော့မဲ့ နင့်​ကိုလဲ ငါ ​မေ့ပစ်​လိုက်​ချင်​ပီ..။ image
နင်​မရှိ​တော့တဲ့ မြို့​လေးက ဘာမမ​ပြောင်းလဲပါဘူး.. ။တချို့ ည​နေခင်း​တွေ ငါတို့မြို့ရဲ့ ဆည်​​ဘောင်​ဘက်​ ငါ​ရောက်​ဖြစ်​တယ်​..။ည​နေဆည်းဆာမာ လက်​လက်​​တောက်​​နေတဲ့ တိမ်​​တွေရယ်​ ၊ ငြိမ်​သက်​​နေတဲ့ ​ရေပြင်​ရယ်​..၊ ငါ တိတ်​တိတ်​​လေး ထိုင်​ကြည့်​​နေမိတယ်​..။အိပ်​တန်းပြန်​ ငှက်​​တွေက လွမ်းမ​နေပါနဲ့​တော့ တဲ့​လေ..။ imageဖုန်းထဲက​နေ ဖွင့်​နား​ထောင်​လိုက်​တဲ့ သီချင်းက နီနီခင်​​ဇော်​ရဲ့...မူး....။နား​ထောင်​ရင်း ​တွေးမိတာက မူးသွားရင်​​ရော..တကယ်​ အားလုံးကို ​မေ့နိုင်​မာလား..။need you..now..now..now တိုးတိုးဆိုရင်း..နင်​​ရောက်​လာမလားလို့...ပဲ။ဘယ်​​တော့မ မဆက်​ဖြစ်​​တော့မဲ့ ဖုန်းနံပတ်​တစ်ခု ငါခုထိ အလွတ်​ရ​နေ​သေးတာ တကယ်​ အ​ရေးမပါဘူး နင်​ရယ်​..။ image
နင်​မရှိတော့တဲ့ မြို့​လေးက ဘာမမ​ပြောင်းလဲပါဘူး.. ။နင်​​သေသွားတယ်​ လို့ ငါအိပ်​မက်​မက်​တယ်​..။အိပ်​မက်​ထဲ ငါ အရူးတစ်​​ယောက်​လိုပဲ..။တကယ်က နင်​ အသက်​ရှင်​​နေတာ သိရက်​နဲ့ ငါ ရူး​နေတာပါ..။အခုတ​လော ငါ့အ​ခြေအ​နေ အ​တော်​ဆိုး​နေတယ်​ နင်​ရယ်​..။မျှော်​လင့်​ချက်​၊
ယုံကြည်​ချက်၊ ရှင်​သန်​ခြင်း၊ အလွမ်း ခံစားချက်​​တေ ​ရောသမ​မွှေလို့ အနာဂတ်​​တွေ ​ပျောက်​လို့..။ image
ငါတစ်​​ယောက်​မဟုတ်​ဘူးလို့ ​တွေး​နေလဲ တကယ်​က တစ်​​ယောက်​ထဲ ဖြစ်​​နေတာ​တွေ နင်​မရှိ​တော့တဲ့ မြို့​လေးမာ ငါတစ်​​ယောက်​ထဲ ငြိမ်​သက်​စွာရပ်​ရင်း ဘာဆို ဘာမ မမြင်​ရ​တော့သလို ငါ လုံးဝ လုံးဝကို မ​ပျော်​ပါဘူး..။ image
နင်​မရှိတော့တဲ့ မြို့​လေးက ဘာမမ​ပြောင်းလဲပါဘူး.. ။ငါ ဖတ်​ခဲ့ဖူးတဲ့ စာအုပ်​ထဲက စာတစ်​​ကြောင်းကို သတိရမိတယ်​..။"တကယ်​​သေသွားရင်​ ​နောက်​ဘဝ ရှိတယ်​..၊ ရှင်​ကွဲမာ ​နောက်​ဘဝ မရှိဘူးတဲ့ "..။ငါတို့ရဲ့ ရှင်​ကွဲမာ ဘာ​မျှော်​လင့်​ချက်​မ မရှိတော့ဘူးဆိုတဲ့ အဲဒီစိတ်​က ငါ့မာရှိတဲ့ ခ့နိုင်​ရည်​အားထက်​ ပို​နေတယ်​လို့ ခံစားရတယ် နင်ရယ်..။ image
နင်​မရှိ​တော့တဲ့ မြို့​လေးက ဘာမမ​ပြောင်းလဲပါဘူး.. ။နင်​နဲ့ မျက်​နှာချင်းဆိုင်​ ဆုံနိုင်​မဲ့ လမ်း​တွေတိုင်းမာ ငါရှိချင်​တယ်​..။ဒါပေမဲ့ ငါတို့က ဆုံ​တွေ့စရာမရှိ ပိုလို့သာ​ဝေးလာကြပီ​လေ...။မျှော်​လင့်​ချက်​ဆိုတာ​တွေ လှလှပပ ပြိုကျပျက်​စီးပြီး ​နောက်​မာ ကိုယ့်​ကိုကိုယ်​ယုံကြည်​မူ့​တွေ ဆိတ်​သုန်းသွားခဲ့ရပီ..။နင်​​ရေ...
ညနက်​နက်​မာ နင့်​နား တစုံတ​ရောက်​ ဖြတ်​သွားသလို ထင်​မိရင်​....၊ ငါသုံး​နေကြ ​ရေ​မွှေးရနံ့ရခဲ့ရင်​....၊ နင့်​ရဲ့ စီးကရက်​ဘူး သူ့ဖာသာပြုတ်​ချသွားခဲ့ရင်​...နင်​ သိမာပါ​လေ နင့်​နား ငါ​ရောက်​​နေပီဆိုတာ....ကို။ image
Author.:kyi
MSC no:050
Photo goggle

Sort:  

နင်သေသွားတယ်လို့အိပ်မက်မက်တော့လေ ငါတစ်ကယ်ဖြစ်သွားစေချင်လိုက်တာ အိလိုကောတွေးဘူးလား

အေး​ယေ အာ့မ နာ ​နောက်​တ​ယောက်​ရ​ရော​လေ 😃😃ဟိ

I really like it
Good

Thank u sis😃😃

ကွဲတယ်​😅

ကွဲကိုကွဲရမျယ်​​လေ😃😃

မနှစ်ကတော့အဲ့လိုfeelခဲ့ရတယ်
ဒီနှစ်တေမြို့တူသွားp😊

Goodluckပာခွယ်😃😃​ပျော်​ရွှင်​ပါ​စေ

နင်မရှိတော့လွမ်းသာပေါ့

ဟုပါ့😃😃

Calling @originalworks :)
img credz: pixabay.com
Nice, you got a 21.0% @withsmn christmas upgoat, thanks to @ptcmyanmar
Want a christmas boost? Minnowbooster's got your back!

Here is my gift for you.

Thank ပါချင့်​😃😃

Bruno Mars ရဲ့ Talking to the moon တောင် ဒီလောက်မ feel မိဘူး

အိုက်​😃😃​ပျော်​ပီ​ယေ အကွဲအဖီး​တေက အပြည့်​ပါဂျာ အား​ပေးတာ ​ကျေးဇူး 😃😃

ကြည်....
ဆရာ့ခဲဖျက်ကလေးက နောက်တစ်ခန်းဆို နင်မရှိတဲ့နောက် မြို့ကလေးကို ရောက်တော့မှာ၊ ဆရာ့မင်းသမီး လွမ်းဖို့ ချန်ထားပေးပါဦးနော်။

ဆရာ့မင်းသမီးလွမ်းရင်​ သမိး​နေခဲ့ရ​တော့မာပါဆရာရဲ့😃😃

အော် အချစ် အချစ် အချစ် လူကို အရူးတစ်ပိုင်းဖြစ်အောင်လုပ်တတ်ပါလား ခုတော့ သူ့ခမျာ tag list တွေ သေချာကြည့်ပီးထည့်ပါ ဒေါ်ကြည်ပြာ

ဟု အကိုစိုး မှားရင်​ ပြင်​​ပေးဘာ ဒါဖဲ😃😃

အချစ်ဆိုတာ တခါတလေ မမျှော့်လင့် ပဲ ဝေးတတ်ကျတယ်။ ခံစားချက်တွေ အတွက် တနေတော့ အဆင်ပြေသွားမှပါ။ ခုလို့ခံစားချက်ကို ခံစားဘူးတော့ နားလည်ပါတယ်။ This too will pass!.

ဟိ😃😃ဟုကဲ့ အယ်​ကိုဂျီး ​ကျေးဇူးပါ😃😃

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61110.07
ETH 2731.78
USDT 1.00
SBD 2.45