မယ်ကြည်ထိုးသော အုန်းစိမ်းအုန်းနို့ကျောက်ကြော

in #myanmar8 years ago (edited)

received_400859057036821.jpeg

ဒီတခါတော့ မယ်ကြည့် steemit သူငယ်ချင်းတွေကို အုန်းစိမ်းအုန်းနို့ကျောက်ကြော ထိုးနည်းလေး မျှဝေချင်ပါတယ်။
ကြည်က ဟင်းချက်သာ အနည်းငယ် ညံ့တာ မုန့် လုပ်နည်းကျ မဆိုးဘူး 😉😉ပြောရမယ်ရှင့် ။သူငယ်ချင်းတို့ ကြားဖူးကြမှာက အုန်းစိမ်းကျောက်ကြော (သို့)
အုန်းနို့ကျောက်ကြောပေါ့နော့..။ကြည်က အဲ့ဒီ ၂ခုကို mix လုပ်ပီး 😋😋ထိုးတာပါ။
IMG_20180127_155208.jpg
လိုအပ်တဲ့ ပစ္စည်းတွေကတော့..
(1)25g တယ်လီဖုန်း ကျောက်ကြောမှုန့်
တစ်ထုတ်
(2) ဇွန်ခြစ်စားလို့ရတဲ့ အုန်းသီးနုနု ၂လုံး
(3)သကြား ၃၀သား
(4)အုန်းနို့ ဘူးအသေး တစ်ဗူး တို့ လိုအပ်ပါတယ်..။
ပထမဆုံး အုန်းသီးနုနု နှစ်လုံးကို အရည်ခံထားပီးတော့ နှစ်ခြမ်း ခွဲလိုက်ပါမယ်။
IMG_20180127_153326.jpg
ခွဲထားတဲ့ အုန်းသီးနုနုလေးတွေကို အဖတ်လေးတွေရအောင် အုန်းခြစ်နဲ့ ခြစ်ပါတယ်..။အုန်းသီးခြစ်ပါပြပေးထားပါတယ်။
IMG_20180127_154620.jpg
IMG_20180127_154641.jpg
ပီးရင်တော့ အုန်းရည် ကို ရေစစ်နှင့် အနည်မပါအောင် စစ်ရပါမယ်..။
IMG_20180127_155019.jpg
အားလုံး ပြည့်စုံရင်တော့ ကျောက်ကြော စကျိုပါတော့မယ်..။
အုန်းရည်အပါအဝင် ရေ နို့ဆီဗူး ၈ဘူး မှန်းခြေ ရေ ၁လီတာခန့် ကျိုမဲ့အိုးထဲ ချိန်ထည့်ပါ..။ ပြီးလျှင် အိုးထဲသို့ သကြား ၃၀သား ထည့်ပါ။ ပြီးလျှင် ကျောက်ကြောမှုန့်ကို ရေအနည်းဖျော်ပီး ပေါင်းထည့်ပါ...။ ပွတ်ပွတ်ဆူလာသည်ထိ ကျိုပေးပါ..။
IMG_20180127_160713.jpg
ကြည်အရင် ကျောက်ကြောကျိုတာက အုန်းနို့ကျောက်ကြော အုန်းနို့တွေနှင့် ရောကျိုသည်မို့လို့ ကျိုသညိ့အရောင်က အနောက်..၊ ခုက အုန်းနို့မပါသေးလို့ အရောင်က ကြည်နေသည်..။ ဒါမှ ရသည့်ကျောက်ကြောက အကြည်ရောင်ထဲမှာ အုန်းသီးဖတ်လေးတွေနှင့်..။ကြည်က စိတ်တိုင်းမကျ အရောင်နောက်ချင်သဖြင့် အုန်းနို့ ဗူးသေးတစ်ဗူး ပြေးဝယ်၏..။

ထို့နောက်တွင် အုန်းနို့ထည့်ပြီး အုန်းနို့အဆီအနှစ်တက်စေရန် ၁၅မိနစ် မိနစ်၂၀ခန့်. ထက်ကျိုပေးပါ..။
IMG_20180127_164540.jpg
ကျိုထားသည့် အုန်းနို့ရည် ကြွတ်မြီးအနည်းငယ် တန်းလာလျှင် အိုးထဲသို့ ခြစ်ထားသောအုန်းသီးများထည့်ပြီး ကျောက်ကြော ခဲမည့် ဗန်းထဲ ပြောင်းထည့်ပေးရမည်..။
IMG_20180127_160458.jpg
ဗန်းထဲတွင် အုန်းသီး အနည်းငယ် ဖြန့်ထားရပါမည်..။ထို့နောက်တွင် ကျိုထားသော ကျောက်ကြောရည် လောင်းထည့်ခြင်းဖြင့် အေးသွားသောအခါ အုန်းစိမ်း အုန်းနို့ ကျောက်ကြော ၂ထပ်ဖြစ်စေပါသည်..။
IMG_20180127_165211.jpg
ရုံးပိတ်ရက် သို့ မိမိအိမ် ပွဲလမ်းသဘင်များတွင် ဧည့်ခံကျွေးမွေးရန် အုန်းစိမ်းအုန်းနို့ကျောက်ကြော ပြုလုပ်ပုံ အဆင့်ဆင့် တင်ပြပေးလိုက်ရပါသည်..။
IMG_20180127_183019.jpg
မယ်ကြည့် ချစ်သူငယ်ချင်း များအားလုံး ကျောက်ကြာစားကြပါအုံးရှင့်။
received_1812282122405096.gif
Author @kyi
MSC 050
Photo by me

Sort:  

သွားရည်းကျလာဘီ

ကိုယ့်ကွီးယားဆရာလေး ကျွေးချင်တေ🤗🤗

မှတ်ထားမယ် တွေ့တဲ့ခါကျ လုပ်ကျွှေးရမယ် ဒါဗြဲ

စားပါခွယ်😍😍

ဒီတစ်ခါတော့ ကျွန်တော့အစ်မ လက်စွမ်းပြပြီပေါ့နော်

Yes ဒီတခါ ရှယ်ပါကွယ်😁😁

sis kyiကြိုက်​ကြိုက်​😋😋

စားစေချင်တေ ယွနိးရေ😁😁

အာ့လုပ်ပီးအော်ဒါပေး ဖျော်ရည်နဲ့လုပ်ရင် သေထေးဖြစ်ပီ

ဟိ😁😁ရှယ်လုပ်ထား၏😁အကိုစိုး

ဖတ်​ရင်းနဲ့စားချင်​လာပြီ:-) :-) :-)

စားပါခွယ်

စားချင်တယ်

လုပ်စားမယ် ခေါ်ကျွေးမယ်ေ်

😋😋စားခွယ်

လည်​လာမယ်​လုပ်​​​ကြွေး​နော်

မြင်တာနဲ့တင် စားချင်စရာဘဲ မမရေ

စားပါခွယ်😁😁

Coin Marketplace

STEEM 0.07
TRX 0.28
JST 0.034
BTC 101096.07
ETH 3365.74
USDT 1.00
SBD 0.52