မယ်ကြည်နှင့် ချင်းတွင်း သင်္ကြန်(2)

in #myanmar6 years ago (edited)

IMG_20180408_105529.jpg

သင်္ကြန်အတက်နေ့တွင် ပြောထားတဲ့အတိုင်း တစ်နေကုန် ချင်းတွင်းသင်္ကြန် မှာပဲ ပျော်ပစ်လိုက်သည်။ မုံရွာ အသွား သင်္ကြန် အတက်နေ့ဆိုတော့ စက်လှေကူးသူတွေ များလှသည်။ ကမ်းစပ်တွင် ဆိုင်ကယ်အပ်၍ စက်လှေနှင့် လူချည့်ကူးသူ များမည်ပင်။ များမများ လူတွေ အပြည့်တင်၍ ဇက်နှင့်ကူးပေးရသည်။ မယ်ကြည်က မုံရွာ အမတို့အိမ်တွင် ညအိပ်မည်ဖြစ်သဖြင့် ဆိုင်ကယ်ယူ၍ ကူးခဲ့သည်။

IMG_20180419_145319.jpg

လမ်းက အဖြစ်ဖောက်ထားသည်မို့ ဆိုင်ကယ်နှင့်သဲ လုံးချာ လည်နေတော့သည်။ မုံရွာ ဘက်အရောက် ဆိုင်ကယ်အပ်ရန်နေရာရှာရလေသည်။ အမလေး ဆိုင်ကယ်အပ်ခမှာ အနောက်ဘက်ကမ်း ပရဟိတအဖွဲ့က 200ks ယူပြီး မုံရွာ ဘက်ကမ်းမှ 500ks ပေးရလေသည်။ ဆိုင်ကယ်အပ်ရသည်ကလဲ စည်ပင်မှမဟုတ် ကမ်းနားတလျှောက် နေထိုင်သူတွေက ၄င်းတို့ အိမ်ရှေ့နှင့် လမ်းကြားများတွင် အအပ်ခံကြခြင်းပင်။ သက်ဆိုင်ရာ လူကြီးမင်းများ လက်ခံထားကြသည်ထင်သည်။ ဆိုင်ကယ်အပ်သည့် ကပ်ပြားလေးများဖြင့် အပ်ရလေသည်။ တစ်စီးလျှင် ၅၀၀ကျပ်နှင့် အိမ်တိုင်း စီးပွားဖြစ်ကြလေသည်။ ကမ်းနားအတွင်းဖက် အိမ်အကျယ်ကြီးတွင် ဆိုင်ကယ်များ ရာနှင့်ချီ၍ တွေ့ခဲ့ရသည်။ 😊အားကျမိပါဘိ ။နောက်နှစ်သင်္ကြန် လည်ရင်းနှင့် မည်သည့် စီးပွားရေးလုပ်ရမည်ကို 😉အကြံထုတ်ကြည့်နေမိသည် ။ ဘီယာသင်္ကြန်ပင်ဖြစ်နေတော့သည်။ ချင်းတွင်းသင်္ကြန် တွင်းရှိ ဆိုင်တိုင်း ဘီယာမရောင်းသည့်ဆိုင်မရှိ။ ကြည်တို့ ရွာလူကြီး @nyinyiwin တောင် tiger သင်္ကြန်ဖြစ်နေသေးသည်ပင် မဟုတ်လား။ ကြည်လဲ myanmar သင်္ကြန်ကျချင်မိသည်။ သို့သော် myanmar မကြိုက်သဖြင့် ဆန်းကစ်လိမ္မော်ဘူးသောက်၍ လိမ္မော်ရည် သင်္ကြန် ကျရလေသည်။

FB_IMG_1524127610577.jpg

ခုတော့ အိတ်ထဲ ပါသမျှသာ ထွက်လေသည်။ ဆိုင်ကယ်က မနက်တစ်ခါ ညနေတစ်ခါ အပ်ရ၍ 1000ks ကုန်လေသည်။ ထို့နောက်တွင် မမတို့နှင့်အတူ ချင်းတွင်း သင်္ကြန် ချီတက်ခဲ့တော့သည်။ ချင်းတွင်း မြစ်ကမ်းအစပ်တွင် ရေဆော့ကြသူများ ထူထပ်လျက်ရှိသည်။ ရေကို ပုံး၊ ခွက်နှင့် ပက်စရာမလို လက်နှင့်ယူ၌ အသားကုန် ပက်နေကြသည်မှာ ပျော်စရာ ကောင်းလှပါသည်။

IMG_20180419_151934.jpg

စတုဒီသာ ရှာဖွေ စားချင်ပါသော်လည်း မအားသဖြင့် ဝယ်၍ စားရလေသည်။ မယ်ကြည့်တို့အတွက် တိုဟူးသုပ် မေမေ့တွက် ကောက်ညှင်းနှင့် ငှက်ပျောကြော် ဝယ်ကြလေသည်။ မယ်ကြည် ဈေးသည်နှင့် အမှတ်တရ selfie ဆွဲခဲ့လေသည်။

IMG_20180419_155433.jpg

မုံရွာ မြို့ထဲတွင် အရင်က ကျောက်ကာလမ်းသည် တိုးမရပေ။ ယခုတော့ မြို့တွင်း ရေပတ်သူနည်း ၊ မဏ္ဍပ်နည်းနှင့် တိတ်ဆိတ်နေတော့သည်။ မယ်ကြည် ချင်းတွင်းသင်္ကြန် တွင်း ဘာမှ မဝယ်ပေ။ မြို့ထဲဆိုင်က အအေး မုန့် အကင်စုံ ဝယ်လာခဲ့သည်။ ယခု သောင်ပြင်က အကျယ်ကြီးဆိုတော့ လူကြိုက်သလောက်လာ ဆန့်လေသည်။ တကယ့် လူပင်လယ်ကြီးပင်။ Mizzama Channal မှ ကြည့်မှသာ အကုန်မြင်ရ ကြားရသည်။ ကိုယ်တိုင်သွားလျှင်ဖြင့် ဘာမှ မမြင်ရပါပေ။ နေ့ခင်းခန အိမ်ပြန်နားကြသည်။ မယ်ကြည့်အမနှင့် ဟင်းဝယ်ရန် စားသောက်ဆိုင်အရောက် လူတွေ များ အလကားကျွေးနေသလားပင် ထိုင်စရာနေရာပင်မရှိ ဟင်းလေး ၂ပွဲ မှာသည်ကို စောင့်လိုက်ရသည်က တစ်နာရီနီးပါးကြာလေသည်။ အိမ်ရောက် ရေချိုး ထမင်းစား ကြပြီး တီဗွီထိုင်ကြည့် ကြလေငည်။ မယ်ကြည် ပူလာသဖြင့် ပေါင်မုန့်ရေခဲညှပ် စားချင်သဖြင့် အအေးဆိုင်သို့ သွားရာ ဆိုင်ပိတ်ထားသဖြင့် အအေးဆိုင်ပတ်ရှာရာ ဘယ်မှာမှ 😖😖မဖွင်ကြပေ။ ဗူးများသာ ဝယ်ခဲ့၍ ချင်းတွင်း သင်္ကြန် ငွေသောင်ယံပွဲတော် သို့ ဆင်းခဲ့လေသည်။

FB_IMG_1524126557728.jpg

မယ်ကြည်တို့ သင်္ကြန်သည် ယခုအခါ ယောက်ျားလေးများသာ ဒွန့်ကြသည်မဟုတ် မိန်းကလေးများလည်း မဏ္ဍပ်အောင်တွင် ဒွန့်ကြသည်ပင်။ ညနေပိုင်းတွင်း ကလေးများအား ကလေးရေကစားကွင်းထဲ ထည့်ပြီး မယ်ကြည်တို့အဖွဲ့ မိန်းကလေး ၄ယောက်နှင့် အကိုတစ်ယောက် ပွဲထဲ လှည့်လည်ကြလေသည်။ အဆိုတော်များ မဆိုကြသော မဏ္ဍပ်များတွင် ရေပတ်၍ တကယ့် DJ အလန်းတွေ ဖွင့်၍ ယောက်ျားလေးတွေ မိန်းကလေးတွေ ကိုယ့်အစုနှင့်ကို ကနေကြသည်။ မိန်းကလေးကနေသည်ဟု ဆိုပြီး မည်သူကမျှ အံ့သြစရာဟု ကြည့်မနေကြပေ။ အလွန်ပင် social ကျလာပေသည်။ မယ်ကြည့်နှင့်အဖွဲ့ဝင်များ ဒွန့်ကြသည်ကို ပါလာသော အကိုလေးက မဒွန့်နိုင်အား ကိုယ့်နှမတွေကို သေချာ စောင့်ကြည့်ပေးနေကြသည်။ ကိုယ့်အဖွဲ့တင်မဟုတ် အခြားအဖွဲ့မှ ကောင်မလေးများကပါ မယ်ကြည်တို့ group ထဲ ကူးလာကြရာ စည်ကားနေပေတော့သည်။ သီချင်း ၄ ၅ပုဒ် ဒွန့်ကြပြီးနောက် မောကြလေပြီ။ အကိုတိုက်သော အအေးဘူးသောက်ပြီး ထက်ကကြလေသည်။

FB_IMG_1524128369851.jpg

ပျော်ဖို့သာ အဓိကပင်။ မယ်ကြည်တို့အဖွဲ့ မည်သူမျှ beer မသောက်ကြပါ။ သို့သော်ပျော်ကြပါသည်။ မောလျှင်အအေးသောက်နှင့် ကလေးကစားကွင်းမှ အမေမှ ဖုန်းဆက်ခေါ်နေ၍ ပြန်လာကြသည်။ လမ်းတွင် မယ်ကြည့်ဖုန်းလေး ရေဝင်သည် ထင်သည်။ 😞😞ဖွင့်မရတော့ပေ ။ ပထမဆုံးတွေးမိသည်က ငါ့ steemit acc လေးတော့ သွားပြီ။ Note ထဲမှာပဲ မှတ်ထားရာ ဖုန်းပျက်လျှင် ပါသွားပေတော့မည်ဟုပင်။ အကိုက ဖုန်းအား sim cardနှင့် sd card များ.ထုတ်ပစ်လိုက်သည်။ မယ်ကြည် မပျော်နိုင်တော့ချေ။ ဖုန်းပျက်လျှင် အသစ်ဝယ်ရသည်။ တစိမ့်စိမ့်ကြည့်နေရသော အကောင့်လေး ဝင်မရလျှင်ဖြင့် ဟု တွေးရင်း စိတ်ညစ်မိနေတော့သည်။ မနက်ဖြန်သည်လည်း နှစ်ဆန်းတစ်ရက်နေ့ဖြစ်သောကြောင့် ဖုန်းပျက်ပါကလည်း အခြေအနေသိနိုင်မည်မဟုတ်။ အိမ်ရောက်သည်နှင့် အကိုက ဖုန်းအား ရေပြောင်အောင်သုတ်ပြီး ဆန်အိုးထဲ ထိုးထည့်ထားလိုက်လေတော့သည်။ မနက်မှ အခြေအနေကြည့်မည်ဆိုသည်။ မနက်ခင်း မယ်ကြည်မနိုးသေးခင် အကိုမှ ဖုန်းကိုယူပြီး ဖုန်းအားသွင်းကြည့်ရာ အားဝင်သည့် ပုံလေးပြသဖြင့် ကြည့်အား ဝမ်းသာအားရ နှိုးလေသည်။ 😍😍ဝမ်းသာလိုက်သည်ဖြစ်ခြင်း ။ နှစ်ဆန်းတစ်ရက်နေ့ အိမ်ပြန်ခဲ့လေသည်။ ညနေပိုင်းတွင် ဘုန်းကြီးကျောင်း သို့ အသီးအနှံများ သွားကပ်ဖြစ်သည်။ နောက်ရက်တွင် ရုံးတက်ရတော့မည်ဖြစ်၍ ပျင်းခြောက်ခြောက် ဖြစ်နေတော့သည်။ ရုံးစတက်ရသောရက်တွင် နေမကောင်းဖြစ်၍ ဆေးခန်းသွားပြရာ သွေးပေါင်ကျနေသဖြင့် ဆေးထိုးခဲ့ရသည်😞။
နှစ်သစ်တွင် steemit မှ သူငယ်ချင်းများ လိုတိုင်းတ ရနိုင်ကြပါစေ။
Author @kyi
MSC 050

received_1813230815643560.jpeg

Sort:  

ချင်းတွင်သင်္ကြန်ကိုမရောက်လိုက်တာ နောင်တရတယ် မမရေ နောက်နှစ်လာဖြစ်အောင် ကြိုးစားဦးမယ်

နောက်နှစ် ပိုးရော အတူတူ ဒွန်ကြမယ်လေ ဆရာ😊

ပျော်​စရာကြ်ီး​နော်​ မမကြည်​ ​ရေ
ဖုန်း​လေး​တော့ ပြန်​​ကောင်းလို့​တော်​​သေးတယ်

အေးပါဆို မမဖြင့် တထိတ်ထိတ်နဲ့

‌ဆေးခန်းသွားရ‌လောက်‌‌အောင်‌ ကဲခဲ့တယ်‌‌ပေါ့။

ဒွန့်တာ နဲနဲ များတွားတယ် ဟိ😁

ကျန်း မခေါ်ဘဲတစ်ယောင်တည်းပုန်းသွားတာ

ခ်ခ် နောက်နှစ် အတူ ဒွန်ကြတာပါ့😁

မမ အများကြီး ဒွန့်ခဲ့တယ်ဆိုပါတော့

အင်း အတော်များများပဲ မိချောရေ..မိချောရေ..က ပါသေးတယ်😁

😂😂😂😂

ပျော်စရာကြီးဗျာ နောက်နစ်တော့လာကဲအုံးမယ်😂😂

လာခက် အတူဒွန်ကြတာပါ့

နည်းလမ်း​ကောင်း​လေးရသွားပြီ...ဖုန်းထဲ​ရေ၀င်​ရင်​ဆန်​အိုးထဲသာထိုးထည်​.​တော့မယ်​😁😁ချင်းတွင်းသင်္ကြန်​​ပျော်​စရာကြီးဘဲ...လူ​တွေအများကြီး...

အဆင်ပြေတယ် ယွန်းရေ..😁အာ့နည်းလေး နောက်နှစ် လာလည်ပါလေ 😍

မမ တျောက်ထဲလား မမ ဟိုဒင်းပါဘူးလား လို့ ပါ

ဟိုဒင်းကဘာ တိပု😌😌မမက ခေးပဲ ချိတေးတယ်😋😋

မုံရွာမှာ အပြန်လာပျော်နေကြတာပေါ့။ ငါ့တိုင်းဂါးသင်္ကြန်လေးတောင် လာမကြည့်ကြဘူး။

လာမယ် ဥညီ စမိက ဒွန့်ချင်စိတ်များနေလို့ဘာ😋

အရမ်းကဲတာဘဲဗျာ

ငှယ် နဲနဲဘာ😎

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55994.69
ETH 2375.77
USDT 1.00
SBD 2.31