ျမယ်ကြည် နှင့် ကျောင်းသူဘဝ အမှတ်တရများ (၄)
မယ်ကြည် တစ်ရက်ကပေါ့..။အိမ်က ထည့်ပေးလိုက်တဲ့ ဆိတ်သားခြောက် ချက်မယ် စိတ်ကူးထားရော..။တကယ်က ဘယ်လို ချက်ရမယ် မသိဘူးရယ်..။ဘယ်သူ့မှလည်း မမေးတော့ဘူး ကိုယ့်ဟာကို ချက်မယ် ချမယ်ပေါ့လေ..။အမှားရှိမှ အမှန်ဆိုတာ 😋😋သိမှာမလား ။မှတ်မိသေးတယ် အဲ့ဒီနေ့က ကျောင်းဖွင့်ရက်ကြီး..။မနက်၆နာရီဆို အိပ်ယာထ မီးသွေးမွှေး...။အဲ့...မီးသွေးမွှေး တာ လွယ်မယ်ထင်သလား မယ်ကြည့်မိတ်ဆွေများ..။
မီးသွေးဖိုထဲ မယ်ကြည်ကတော့ ထင်းရှူးဆီ ၁၀ချောင်းလောက် ပစ်ထည့် မွှေးပစ်လိုက်တာ..🤗🤗။မယ်ကြည့် မီးဖိုမှ မီးမတောက် ဘယ်မီးဖို မီးတောက်မလဲနော့..။ အာ့ဒါနဲ့ ထမင်းအိုးတည်ရင်း အဲ့ဒီ ဆိတ်သားခြောက် ချက်ဖို့ ပြင်ဆင်ရပီ..။ဆိတ်သားခြောက်က မာမာ အချောင်းတွေမလို့ ခုတ်ဖိုရာ အဆောင်မှူးအိမ်က ဓားငှါး ပြီးတော့ စဥ့်နှီးတုံးပေါ်တင် ခုတ်..။
အဲ့ဒီထိ အဆင်ပြေသေးတယ်..။ခရမ်းချဉ်သီးလေး ဆီသတ်ပီး ဆီပြန်လာတော့ ခုတ်ထားတဲ့ ဆိတ်သားခြောက်လေးထည့် ပီးတော့ ရေထည့် အုပ်ထား..။ မီးဖိုနားက သိမ်းစရာရှိတာတွေ သိမ်း အဆောင်ပေါ် တက်ထား..။ပြီးတော့ ဟက်းအိုးပြန်ပြီးကျောင်းချိန်ကြည့် တယ်..။အင်း နဲနဲ မာသေးတယ် ရေထက်ထည့်ခဲ့မယ်လို့ တွေးရင်း ရေများများ ထပ်ထည့်ခဲ့ရော..။ဘေးက ဟင်းချက်နေတဲ့ သူငယ်ချင်း ကြည့်လိုက်အုံး ခိုင်းပြီး ကြည် ရေချိုး ဆင်းခဲ့ရော..။သူငယ်ချင်းက ကြည့်ပေးရင်း လှမ်းအော်တယ်..။"ကြည်ရေ နင့်ဟင်းအိုး ဆီပြန်နေပီ ချတော့မလား”တဲ့ သူအော်ခေါ်နေတဲ့ချိန် ကြည်က သနပ်ခါးလူးပြီး အချိန် ..။"အေး လာပီ သူငယ်ချင်း”ဆိုပြီး ဆင်းပြီး ဆိတ်သား နူးမနူးကြည့်..။ဟိုက်..😵😵ဆိတ်သားခြောက်က မာနေတုံးပဲ..။မယ်ကြည် စဉ်းစားတယ်..။အမေချက်ကျွေးတာ ဒီလို မမာဘူးရယ် ခုကျ ဘယ်လိုဖြစ်ပါလိမ့်ပေါ့ ဒါနဲ့ မထူးဘူးဆိုပီး ရေထပ်ထည့် လိုက်တယ်😋😋။
မနက် ၇ခွဲဆို အဆောင်မှာ သူငယ်ချင်းတွေနဲ့ ထမင်းစုစားချိန် ကြည့်ဟင်းက မကျက်သေး..။ ထမင်းဟင်းချက် နေရာမှာ ကြည့်ဟင်းအိုးလေး တစ်အိုးပဲ ကျန်နေရော။ သူငယ်ချင်း တွေက ကြည့်ကို သူတို့ ဟင်းတွေနဲ့ လာစား ခေါ်ကြတယ်..။ကြည် မကျေနပ်ဘူးလေ အဲ့ဒီဟင်းအိုး ဘေးထိုင် ရေဖလား တစ်ဖလားနဲ့..။ဆိတ်သားပဲ မာနိုင်မလား ရေပဲထည့်နိုင်မလား ဆိုပြီး အားစမ်းကြတဲ့ပွဲ..။ သူငယ်ချင်းတွေ ထမင်းစားသောက်ပြီးလို့ လွယ်အိတ်ဆွဲ ကျောင်းကိုသွားကြပြီ..။ကြည့်ကိုလဲ စကြသေးတယ်..။ကြည့်ဆိတ်သားခြောက်ချက်က ညနေ ကျောင်းဆင်းမှ ကျက်မှာ ဆိုပြီး..။နေနှင့်အုံးပေါ့ ဆိတ်သား ကျက်လို့ကတော့ ဒင်းတို့ မကျွေးဘူး တွေးလိုက်တယ်..😏😏။ကျောင်းအတူ သွားနေကြ သူငယ်ချင်းက ကြည့်ကို စောင့်နေတယ်..။ကြည့် လွယ်အိတ်လေး ကိုင်ထားပြီးတော့လေ..။"သွားရအောင် ကြည်ရေ” လို့ ခေါ်နေပီ..။ကျောင်းက ၈နာရီ ၁၅မိနစ် တက်တာ.. ။အဆောင်နဲ့ ကျောင်းက နဲနဲ လှမ်းတယ်..။၁၀မိနစ်လောက် လမ်းလျောက်ရတယ်..။"ခနလေးဟာ ဒီဟင်းမကျက် ဘယ်နဲ့လုပ်မလဲ နေအုံး ပြီးတော့ မီးက ငြိမ်းရအုံးမာဟ”အဲ့ဒီလို ပြောလိုက်တော့ သူငယ်ချင်းက မျက်နှာညိုနေပီ..။အတူသွားနေကြမလို့သာ ကြည့်ကို စောင့်နေရတာ ကျောင်းအုပ်ကြီး က စည်းကမ်းကြီးတယ်..။ Uniform မဝတ် မဝင်ခဲ့နဲ့ ဆံပင်တွေ ကာလာဆိုးထားလား ၊ ယောက်ျားလေးတွေ ဆံပင်ရှည်နေလား ကပ်ကြေးနဲ့ စောင့်နေတာ ကျောင်းပေါက်ဝကနေ..။မယ်ကြည့် အဆောင်မှူး မကြည့်ရက်တော့ဘူး ..😅😅။
"ကြည်ရေ ထားခဲ့လိုက်တော့ ကျောင်းနောက်ကျနေမယ် အန်တီကြည့်ထားပေးမယ်” လို့ ပြောမှပဲ လွယ်အိတ် သူငယ်ချင်း လက်ထဲ က ယူပြီး ကျောင်း အသားကုန် ပြေးရပီ..။ထင်တဲ့အတိုင်းပဲ ကျောင်းအုပ်ကြီးက ကျောင်းပေါက်မာ ရပ်စောင့်နေပါလေရော..။ကြောက်ကြောက်နဲ့ သဗ္ဗုဒ္ဓေဂါထာ ရွတ်လိုက်ရပုံများ တော့😟😟။
နောက်ကျသူတွေ အကုန်တန်းစီခိုင်းပြီး ဘာလို့နောက်ကျလဲ မေးရော..။မယ်ကြည့် အလှည့် ဘယ်ဟင်းအိုးမကျက်လို့ လို့ ဘယ်ဖြေရဲပါ့မလဲ ကြောက်လိုက်တာမှ "စာအုပ်ကျန်ရစ်လို့ ပြန်ယူလို့ နောက်ကျတာပါလို့” မုသားမပါ လင်္ကာမချော ပြောရတော့တာပေါ့..။အပြစ်ဒဏ်က အခုမှ ကျောင်းဝန်းထဲ စိုက်ထားတဲ့ အပင်ပေါက်တွေကို ရေ ၂ပုံးစီလောင်း တဲ့..။
အပင်တွေက ကျောင်းဘေး ပတ်ပတ်လည်မှာ စိုက်ထားတာ မလား..။ရေပတ်လောင်းတော့ အောက်ထပ်အခန်းထဲက ကျောင်းသားတွေ စတာ 😫😫ခံရတယ် ။မယ်ကြည် သူငယ်ချင်းကလဲ ကြည့်ကို ပြောဆိုနေရော..။ ကြည့်ခဗျာ ထမင်းလဲ မစားခဲ့ရ သစ်ပင်လဲ ရေလောင်းခဲ့ရ အမှန်တရပါပဲ😂😂။
ထမင်းစားဆင်းချိန် အဆောင်ပြန်ရောက်တော့ ဟင်းကကျက်နေပြီ..။
မယ်ကြည် အဲ့ဒီဟင်းအိုး စိတ်နာနာနဲ့ပဲ သူများတွေ ကျွေးပစ်လိုက်တယ်..။ လုံးဝမစားဘူး သူငယ်ချင်းတွေ ဟင်းနဲ့ပဲ စားပစ်လိုက်တယ်..😞😞။အိမ်တစ်ခေါက်ပြန်ရောက်မှ အမေ့မေးကြည့်တော့ "သမီးရဲ့ ဆိတ်သားက အခြောက်လေ ဘယ်ဒီအတိုင်း ချကိလို့ ကျက်မာတုံး အကြာကြီး ချက်ရမာပေါ့ သမီးရယ် မှတ်ထား မချက်ခင် ဆိတ်သားခြောက်ကို မီးနဲနဲကင်ပီး ထုချက်မှ ကျက်လွယ်တာ"လို့ ရှင်းပြပါတယ်..။ဒါပေမဲ့ အခုချိန်ထိ နောက်ထက် ကိုယ့်ဟာကိုယ် ချက်မစားတော့ဘူး သူများ ချကိကျွေးတာပဲ စားတော့တယ်..။
ခုချိန်ဆို မယ်ကြည် ရေလောင်းခဲ့ရတဲ့ အပင်လေးက အပင်ကြီးဖြစ်ပြီး နောက်လာနောက်သားတွေ အရိပ်ရနေရော့မယ်..။လွမ်းလိုက်တာ ကျောင်းတော်ကြီး 😢😢ရယ်.. ။
Author @kyi
Msc 050
Photo facebook image
voting 100% 0.099$ V n C Done . @thiha/poe
Yes my teacher😁😁
စိန်ပန်းပင်အောက်မှာ ပန်းချောက်ကောက်ခဲ့တာယောမပါဘူးလား 😂
ပါဝူး😋😋
အချက်အပြုတ်ဒလောက်ကောင်းနာ ထမင်းဆိုင်ဖွင့်ပလိုက်
အိမ်း 😁😁စဉ်းစားနေတေ အကိုစိုး🤔🤔
ကျောင်းကိုလွမ်းတာမဖြစ်နိုင်ဘူး
မဟုတ်ပါဘူး မရှုပ်ပါဘူး မင်းထင်သလိုမဟုတ်ပါဘူး
😋😋
ဆပ်သားခြောက် မာလိုက်တာ အစ်မရယ် အခုမစားနိုင်တော့ဘူး နောက်မှလာခဲ့မယ်
အိမ်း 😁😁နောက်ကျရင် အပေါက်ဝကပဲ😋😋
😂မချက်ခင်သေချာမေးလိုက်ရမှာ
အဲ့ဒီအချိန်က ဖုန်းတွေ မပေါသေးဘူးရယ် 😁😁
ဆိပ်သားချောက်စားချင်တာဟယ်
လာစားပါခွယ်😉😉
မကြည်ကတော့ အမှတ်တရ များတယ်နော်
၅နှစ်တက်ရတာ အများရီး😁😁
စားတယ် ပီးတော့စားတယ် ပီးတော့ထပ်စားတယ်😒
စားမေခွယ်😋😋
sis kyi
မှတ်ထားလိုက်ပီ...အသားခြောက်ဆို"မီးနဲနဲကင်ပြီးထုချက်မှကျက်လွယ်တာ....😀ဖတ်ရတာကြိုက်တယ်....😍
ဟိ အာ့လိုချက်မ ဖြစ်မာ ယွန်းရေ😁😁