မယ်ကြည်နှင့် ကျောင်းသူဘဝ အမှတ်တရများ(၅)

in #myanmar7 years ago (edited)

FB_IMG_1515443754603.jpg

မယ်ကြည်တို့တတွေ အစောပိုင်းစာမကျက်သမျှ စာမေးပွဲနီးရင် ပြာယာခတ်တော့တာပဲ..။

books-1605416_1280.jpg

မှတ်မိသေးတယ် မယ်ကြည် သင်္ချာ CH-5 ထိ ရောက်နေပီ တပုဒ်မ နားမလည်သေး..။နားသာမလည်တာ စာကျ အကုန်စုံ၊ စုံဆို သူများတွေဆီက ကူးထားတာ။မယ်ကြည်တို့ နည်းပညာတက္ကသိုလ် က ကျောင်းသား ကျောင်းသူတွေဆိုတာ ကျောင်း ဘယ်လိုလစ်လစ် စာပြန်ကူး မပျင်းကြဘူး။

images(36).jpg

နားလည်လည် မလည်လည် 😋😋ပြန်ကူးတာပဲ။ကြည် အဆောင်မှာ ငြီးမိတယ် သင်္ချာတွေ မတွတ်တတ်သေးဘူးလို့လေ..။ကြားတဲ့ ကိုယ့်ထက် အတန်းကြီးအမက ကြည်ရေ လာ ယူခဲ့ အမ ရှင်းပြမယ် တဲ့။ အို ပျော်လိုက်သည့် ဖြစ်ခြင်း။

images(34).jpg

ချက်ခြင်း သူ့အခန်းရောက်တယ်။တထိုင်တည်း ၅ခန်းလုံး ပြီးတယ်..။ ကြည်က တွက်စာ အားသန်တယ် ရယ်..။တွက်စာ ဆို ထမင်းစားပွဲ တစ်ချပ်စာ chartတွေ ကြည့်ရလဲ မမှားစေရဘူး..။ကျက်စာကျ 😖😖စိတ်မဝင်စားဘူး..။ဒါတောင် ကြည့် majorက ကျက်စာ သိပ်မပါဘူးရယ်..။တခြား majorတွေမှာဆို ကျက်စာတွေ အများကြီး..။

girl-160170_1280.png

ဒီလိုနဲ့ စာမေးပွဲနီးခါနီးမလို့ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် ကြည်တို့ ငရုတ်သီး ဘာညာ ပုလင်းထဲ ထည့်ကြော်ကြတာ..။မယ်ကြည်က ငံပြာရည် ချက်မယ်ဆိုပီး ချက်ပါတယ်..။ပြီး နဲနဲ အေးမှပဲ ဘူးထဲထည့်မယ်ပေါ့နော်..။ပြီးတော့ ကြည် ရေချိုးမယ်ပေါ့လေ..။အဲ့ဒါနဲ့ တဘတ်ယူ လုံချည်ယူပြီး လှည့်အထွက် ဘယ်လိုဖြစ်တယ် မသိ..😇😇။ကြည့်ခြေထောက်နဲ့ ခလုပ်တိုက်မိပါလေရော...😯😯။

FB_IMG_1517839990097.jpg

ကြည်နေတာက အပေါ်ထပ်။ အဆောင်ကြမ်းခင်းက အသားတွေစေ့နေအောင် ခင်းထားတဲ့ သစ်သား ထရံကာအဆောင် အထက်အောက် အခန်းတွေကို ညီနေအောင် ဆောက်ထားတာဆိုတော့ ကြည့် အခန်းအောက်တည့်တည့်မှာ 😇😇အခန်းရှိ ။ ဟာ သွားပီဆိုပြီး အောက်ထပ်က အမ နာမည် အမောတကော အော်ခေါ်မိတယ်။

images(38).jpg

"မမ သီတာဝင်း ရေ...” အောက်ထပ်က အမက "ျဟ ကြည် ညီမလေး ဘာဖြစ်လို့လဲ” တဲ့..။ကြည်က အလန့်တကြား အော်သံကြားတော့ ဘာဖြစ်ပါလိမ့် ထင်မှာပေါ့..။ "မမရေ မမအခန်းနောက်နား ရှိတာလေးတွေ ဘေးဖယ်ထားအုံး ညီမလေး လာပီ” ဆိုပြီး အမြန်ဆင်းပြေးရတယ်..။သူတို့ထင်တာက ကြည် မြွေတွေ့လို့ အော်တာ ထင်နေတာ..။ကြည် အောက်ထပ်အမြန်ပြေးတော့ ကံကောင်းတာက ကြမ်းခင်းက အသားခင်းမလို့ အပေါ်ထပ်က လမ်းလျှောက်ရင် ဖုန်တွေကျမှာစိုးလို့ အဆောင်က စာရွက်တွေ အပြည့် ကပ်ပေးထားလို့..။ဒါတောင် ကြည်အောက်ရောက်တဲ့အချိန် ငံပြာရည်စက်တွေကစက်စက် ကျနေပြီ😁😁။ နောက်ဆုံးမတော့ မယ်ကြည်တစ်ယောက် အခန်းထဲ ကျတဲ့ ငံပြာရည်တွေ သေချာသုတ်ပေးခဲ့ရပီး အဆောင်သူတွေ ဝိုင်းစတာ 😖😖ခံရပြန်ရော။

images(37).jpg

ကျောင်းသူဘဝ ပျော်စရာ အမှတ်တရတွေများပါပဲ နောက်တစ်ခေါက် ဘယ်တော့မှ မရနိုင်တော့တဲ့ ကျောင်းသားဘဝကို အမှတ်ရ အောက်မေ့ရင်း...😍😍..။

received_1812282122405096.gif
Author @kyi
MSC No 050
Photo google and facebook image

Sort:  

V100%$0.094/#thargyi

ကလေးတုန်းက အမှတ်တရတွေပေါ့ မမ

Yes ပါခွယ်😊😊

သတိရမိ

Same😭😭

ကျောင်းသားဘဝဆိုတာ..အာ့လိုပါပဲ

ဟုတေဆို😭😭

အသီးတရာ အညှာာတခု တဲ့ ဘယ်​ဘ​ဝ​ရောက်​​ရောက်​​ကျောင်​ကြီးကို​တော့သတိယမိတယ်

ဟု 😁😁ဘယ်တော့မ မေ့ပု

သားကို သင်္ချာ သင်​​ပေးပါ။

Yes 🤔🤔စာတော့ မကျက်ခိုင်းပါနဲ့

လွမ်းရယ်​ ​ပြေဘူး

👍👍ဟုတေ

ဂွတ်မ​ ကြိ

အိမ်း သားသား🤔🤔

ဟုတ်တယ်လွမ်းတယ်

စာပြန်မကျက်ချငိဘူး ကျောင်းပြန်တက်ချင်တယ်

ဘာ မေဂျာလဲအစ်မ။ ခလုတ်တော့မတိုက်စေနဲ့အုန်း။

တိုက်ပလိုက်ပီကွဲ့😁😁

New to Steemit?

Coin Marketplace

STEEM 0.21
TRX 0.24
JST 0.036
BTC 98871.28
ETH 3062.00
SBD 4.70