ခွင့်လွတ်တတ်ကြပါစေ💞

in #myanmar6 years ago

IMG_20180424_132432.jpg

သင်ကောင်းလျှင် ကျွနုပ် မဆိုးပါ တဲ့။ ဆိုလိုခြင်းက သင်ကောင်းမှ ကျွနုပ် ကောင်းနိုင်မည်။ သင်မကောင်းလျှင် ကျွနုပ်ကလဲ မကောင်းပါပေါ့။ အဲ့ဒီလိုသာဆိုရင်ဖြင့် ဒီကမ္ဘာကြီး နေနိုင်ဖွယ်ရှိပါအုံးမည်လား။ ဆုတ်ကပ်ဟု ခေါ်ဆိုရလာသော ဒီကမ္ဘာကြီးတွင် အမြီးကျက်လျှင် အမြီးအရင်စားပြီး ခေါင်းကျက်လျှင် ခေါင်းအရင်စားသူ များပြားစွာ ရှိလာပေပြီ။ အတတ်နိုင်ဆုံးတော့ သူကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကောင်းသောစိတ်လေးဖြင့်သာ ကြည့်သင့်ပေည်။ အပြောလွယ်သလောက် အလုပ်ခက်လှပေသည်။

Favim.com-brain-cartoon-heart-heart-and-brain-heart-broke-327443.jpg
Crd-org-source

အဘယ်ကြောင့်ဆိုသော် မိမိအား ထိခိုက်အောက်လုပ်သူအပေါ် စိတ်မဆိုး ဒေါသမထွက်ပဲ နေနိုင်ခြင်းသည် လူတိုင်းမဖြစ်နိုင်ပေ..။ တစ်ခုခုဆိုလျှင် ဒေါသက အရင် ရှေ့ ရောက်နှင့်သည်။ လုပ်ငန်းခွင်ထဲတွင် ပိုဆိုးပေလိမ့်မည်။ မိမိအားချနင်း၍ ကျော်တက်ချင်သူများ နောက်ကြော ဓားနှင့် ထိုးကြမည့်သူများ တန်းစီနေလိမ့်မည်။ မိမိလမ်းကြောင်းမှန်ဖြင့် သွားနိုင်မှ တော်ကာကျလိမ့်မည်။

cool-mind-front-cover.jpg
Crd-org-source

ငယ်စဉ် ကျောင်းသူဘဝ ပျော်ရွှင်မူ့ စိတ်ကောင်းထားတတ်မူ့ လေးများသည် လုပ်ငန်းခွင်ထဲတွင် မိမိရိုးသားမူ့ကို တွန်းချသည်။ မိမိ စိတ်ထားကောင်းမူ့ကို နောက်ကျောဓားနှင့်ထိုးခံရသည်။ တစ်ကြိမ်မက တစ်ကြိမ် ဖြစ်လာသောအခါ နဂါးမှန်းသိအောင် အမောက်ထောင်ပြကာမှ အနဲငယ်ရှိန်ကုန်ကြသည်။ ထို့ကြောင့် လုပ်ငန်း ခွင်တွင် တကယ်အလုပ်လုပ်နေသူများသည် နေရာကောင်းမရ ။လူကြီးနားတွင် ပတ်ချွဲနတ်ချွဲနှင့် ဟို့လူမကောင်းကြောင်းပြော ဒီလူ့ ချနင်းနှင့် ထိုသူများသည် ရာထူးလျင်မြန်စွာတိုးသည်ကို မျက်မြင် မြင်နေရသည်။

images (14).jpeg
Crd-org-source

သူတစ်ပါး အား စိတ်မကောင်းကြီးစွာ မျက်ရည်ပေါက်ကျပြီးမှ ရလာသော ငွေကြေး ရာထူးများ အဘယ်မျှ တန်ဖိုးရှိမည်နည်း။ တစ်နပ်စားဥာဏ်နှင့်လူ မဖြစ်လိုပါ။ ဈေးသည်ဖြစ်လျှင်တောင် အမြတ်နဲနဲနှင့် များများ ရောင်းရသူလိုသာ ဖြစ်ချင်မိသည်။ သူတစ်ပါးအား နင်းမတက်လို မိမိနှင့်ထိုက်တန်လျှင် ရလာမည်ဟု နှလုံးပိုက်ထားမိသည်။ သို့ရာတွင် စိတ်မကောင်းစရာက မိမိအား နင်း၍ တက်ချင်သူများ ရှိနေသည်ကို မြင်နေရသည်။ သို့ရာတွင် အပြုံးမပျက်ပါ။ ၄င်းတို့အား မကောင်းစကား တစ်ခွန်းမှပင် မပြောဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် ၄င်း ထိုသူတို့အား ဥပေက္ခာ ဖြင့်သာ ထားလိုက်သောကြောင့်ဖြစ်သည်။ အစပိုင်းတွင် ဒေါသထွက်သည်။ ဖြေရှင်းမည်။ အသားတွေ တစ်စက်စက်တုန်သည်ထိ ဖြစ်ရသည်။ မိမိအရင် ပူလောင်ရသည်။ ပြသနာကြီးစေချင်၍ ပြသနာရှာခြင်းကို မိမိက ပြသနာ ဖြစ်ပေးလိုက်လျှင် ရေကန်အသင့် ကြာအသင့်ပင် ဖြစ်သွားပေသည်။ ထို့အတွက် အပြုံးမပျက် နေပေးသောအခါ ၄င်းတို့ မျက်နှာအပျက်ပျက် ဖြစ်ရလေသည်။ မကောင်းသူများ မကောင်းသောလမ်းသို့သာ သွားကြလိမ့်မည်။ ဝဋ်သည် နောင်ဘဝသို့ မစောင့်ပါ ။ လက်ရှိဘဝမှာပင် လက်ငင်း အကျိုးပေးလိမ့်မည်။ မျက်တောင်မွှေးတစ်ဆုံး မကြည့်ပါနှင်။ မျက်စိတစ်ဆုံး ကြည့်စေချင်ပါသည်။ ဘဝဟူသည် မိမိစီမံဖန်တီးသည့် အတိုင်း ရုပ်လုံးပေါ်မြဲပင်။

Cool-Quotes-About-Life-1-1.jpg
Crd-org-source

အတိတ်ကို ပြန်ကြည့်ပါက မကောင်းတာက များများလုပ်ခဲ့လျှင် လူဖြစ်ရကျိုး နပ်ပါမည်လား။ အတိတ်ကိုပြန်တွေး ပြုံးနိုင်သူသာ ပစ္စုပ္ပန် ရော အနာဂတ်မှာပါ ပြုံးနိုင်လိမ့်မည်။ အတိတ်ကိုပြန်တွေး စိတ်ပူစရာတွေ များနေမည်ဆိုပါက ပစ္စုပ္ပန် ရော အနာဂတ်ရော စိတ်ပူစရာပင်။ တစ်ခါတရံတွင် မိမိအပေါ် စိတ်ကောင်းနှလုံးကောင်းမရှိသူကို ခွင့်လွတ်ပေးခြင်းက အပြီးတိုင် ဥပေက္ခာ ပြု ခြင်းပင်ဖြစ်လိမ့်မည်။ တချို့သူများ၏ အမှားကို ခွင့်လွတ်ပေးလို့ ရပေသိ ၄င်းအား ဆက်လက်ယုံကြည်ဖို့ရန် ခက်ခဲနေပေလိမ့်မည်။ အကြိမ်များစွာ ခွင့်လွတ်လာရသောအခါတွင်လည်း ဥပေက္ခာ ပြုခြင်းကသာ ၄င်းနှင့် ထိုက်တန်တော့သည်။

large.jpg
Crd-org-source

သတိပေးချင်တာကဖြင့် မိမိသည် တစ်စုံတစ်ဦး၏ ခွင့်လွှတ်မူ့ ခံနေရပါက အခါခါ မဖြစ်ပါစေနှင့် ။ ဥပေက္ခာပြုခံရချိန် သင် ခံစားနေရပါလည်း ထိုသူက လှည့်ကြည့်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခွင့်လွှတ်မူ့နှင့်အတူ ဥပေက္ခာ က အတူတွဲနေသောကြောင့်ဖြစ်သည်။ လူတိုင်း စိတ်ကောင်း ထား နှလုံးသားကောင်းများ ရှိစေချင်ပါသည်။ သင်ကောင်းလျှင် ကျွနုပ်မဆိုးပါထက် သင်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျွနုပ်ကောင်းစေချင်ပါသည်။ အတိတ် ပစ္စုပ္ပန် အနာဂတ်တွင် ခေါင်းမော့နိုင်သောသူ ဖြစ်စေချင်ပါသည်။ခွင့်လွတ်ခြင်းသည် လူတိုင်းမလုပ်နိုင်ကြပေ။ စိတ်ထားရင့်ကျက်ပြီးသူတို့သာဖြစ်နိုင်လေသည်။ အတတ်နိုင်ဆုံး စိတ်ကောင်းလေးထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ခွင့်လွတ်ခံရသူများထက် ခွင့်လွတ်ခြင်း ကိုသာ လုပ်နိုင်သူများ ဖြစ်နိုင်ကြစေကြောင်း တောင်းဆုပြုလိုက်ရပါသည်။

8 Cool Meditation Secrets for Lasting Peace of Mind 02.jpg
Crd-org-source

Author @kyi
MSC 050

Sort:  
သူတို့အတွက်​ ​ရေကန်​ အသင့်​ကြာအသင့်​သာ မဖြစ်​​စေနဲ့မမ​ရေ။

အဲ့ဒီအချိန်က အခက်ဆုံးပဲ စိတ်တွေ အရမ်းတိုနေချိန်လေ အတော်ကြီး ထိန်းလိုက်ရတယ်လေ😊

စိတ်​​ထိန်း မမ​ယေ စိတ်​ထိန်း။
အေးလို့ဆို သားသားရယ် အများရီးထိန်းထားတယ် ပြုံးပြမေယေနော်😊

ခွင့်လွတ်တယ်ဆိုတာ မြင့်မြတ်တဲ့စိတ်ထားရှိသူတို့သာ လုပ်နိုင်တဲ့အလုပ်ဖြစ်လို့ မမကြည်ကိုလေးစားလျက်

မမတို့ဆရာကတော့ လုပ်ပြီကြိုးစားနေဆဲ ပညာသင်ဘဝလေးတွေပါလို့ အတူတူကြိုးစားကြရအောင်ပါ ဆရာရေ😍

ခွင့်လွတ်ပါတယ် ဒါပေမယ့် ပုံက ဘာဖုန်းအမျိုးစားလဲကွာအရမ်းမိုက်တယ်

အဟိဟိ😊😊အာ့လို ပြောရင် ပါးစပ်ကြီးက စေ့မရတော့ပု တကယ်က နဂိုရှိလို့ပါနော့ mi အစွမ်းပါချင့်😁

ကြိုးစားမယ် မမကြည်

ကျေးဇူးပါ ကလေးရေ မမလဲကြိုးစားရအုံးမာပါကွယ် Goodluck😊

စိတ်ထားကောင်းလိုက်တာမမကြည်ရေ

မဟုတ်ရပါဘူး သက်ရေ😊ကြိုးစားနေရတုံးပါလို့😍

မကြိ လှ​နေပါလား​ဗျ..😊
စာလည်း​ကောင်းတယ်​​ဗျ

အေးပါတော် အားပေးတာ ကျေးဇူးပါတော် နောက်လဲ လာအားပေးပါအုံး 😊

မမရယ် ကျွန်တော့ကိုများ ဆုံးမနေသလားမှတ်ရပါတယ်ဗျ ခံစားချက်တွေကို စိတ်အလိုလိုက်မိတော့မလို့ဘဲ သီသီလေးလွတ်သွားတယ်ဗျ ကျေးဇူးပါ မမ

သည်းမခံနိုင်လောက်တဲ့ထိ သည်းခံသောအခါ သည်းခံခြင်းအကျိုး ကို ခံစားရပါလိမ့်မည် တဲ့ ကိုသိန်း Carry On😊

ဝန်ထမ်းလောကကတော့စိတ်ကုန်နေပါပြီ
ကျော်နင်းခွနင်းတွေ များလို့ပါ

ဟုတ်ပါရဲ့ ဆရာရေ.ကြည်လဲ စိတ်ကုန်မိပါရဲ့ ထီကမပေါက်တော့ ဆက်လုပ်နေရသေးတာပဲ😊

Forgive​ပေးတယ်။
ကိုယ်နဲ့စိတ်မတူလို့ ကိုယ့်ကို သူမရဲ့သူစိမ်းဆန်တဲ့ replyတွေကို အမြဲForgiveပေးတယ်။Forgetဖို့ကတော့အချိန်ယူရတာပေါ့မမရယ်။
Forgive​ပေးရတများလာတော့Revengeလုပ်ချင်လာရင်တောင်
ချစ်လွန်းတော့အရာရာကို အမြဲForgiveပေးတယ်။
ခုတော့တဖြည်းဖြည်းသူမကို စကားသွားပြောရမှာ_ကြောက်လာမိတယ်။
Revengeတွေဖြစ်လာမှာ စိုးလို့
Active nowလေကြည့်နေရတာကိုဘဲ နေတတ်အောင်နေနေရပီမမရယ်။

အေးပါ သားသားရယ် သားသား တတ်နိုင်တဲ့ တစ်နေ့မှာ forget သွားမှာပါကွယ် အမြဲတော့ forgive မနေနိုင်ဘူးလေနော့😍

အတတ်နိုင်ဆုံးတော့Forgiveပေးနေပါတယိမမရယ်😢😢

‌ဒေါသထွက်‌ရင်‌ မိမိအရင်‌ ပူ‌လောင်‌တယ်‌ဆိုတာ အမှန်‌ဘဲဗျ။ဝန်‌ထမ်း‌လောကမှာ‌တော့ မထူးဆန်း‌တော့ပါဘူး။‌ရှေ့တစ်‌မျိုး ‌နောက်‌တစ်‌မျိုး ပါ။

ဟုတ်ပါ့ စိတ်ကုန်နေတယ် ကိုမဟော်ရယ် သို့ပေမဲ့ မထွက်နိုင်သေးတော့လဲ ဒီဝဲဂယက်ထဲ တဝဲလည်လည်😇

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 68279.01
ETH 3694.74
USDT 1.00
SBD 3.65