အလည်တစ်ခေါက်တော့ လာစေချင်ပါသည်

in #myanmar6 years ago (edited)

image

Steemit က သူငယ်ချင်းတွေ မုံရွာကို လာလည်ကြမယ်ဆိုရင်ဖြင့် ကြည်က လိုက်ပို့ ပေးချင်ပါတယ်..။ မုံရွာရဲ့ အထင်ကရနေရာတွေပေါ့..။ ပထမဆုံး တက္ကသိုလ် ပုံပြင် တွေ အများကြီးရှိတဲ့ ကျောက်ကာလမ်းမကြီး ပေါ်က လက်ဖက်ရည်ဆိုင်မှာ အရင် လက်ဖက်ရည် သောက်ကြမယ်..။

FB_IMG_1520433058277.jpg

ပြီးတော့ ကျောက်ကာ ရွှေဂူနီ ဘုရားကြီးဆီ သွားကြမယ်...။ ရွှေဂူနီဘုရားကြီးက လပြည့်ဥပုပ်ရယ် စနေရယ် ထပ်တူကျတဲ့ရက်ဆို တိုးမပေါက်အောင် စည်ကားပါတယ်..။ အဲ့ဒီရက်တွေ ဆိုရင်ဖြင့် ဆုတောင်း ပိုမိုပြည့်ဝကြတယ်လို့ အယူရှိလို့ပါ..။ ကြည်ကဖြင့် ဆုတောင်းဘယ်လိုပြည့်တယ်ဆိုဆို လူအရမ်းစည်ရင် မသွားချင်ပါဘူး..။

FB_IMG_1520431156858.jpg

ဘုရား အေးအေးဆေးဆေး ဖူးပြီးကြရင် ထန်းဇလုပ်ချောင်း ကို ဆက်လိုက်ပို့ပါ့မယ်..။ ကြည် ထန်းဇလုပ်ချောင်း ကို မရောက်ဖြစ်တာ အတော်ကြာနေပြီဆိုတော့ သွားချင်နေတာနဲ့ အတော်ပဲပေါ့။

FB_IMG_1520431303405.jpg

ထန်းဇလုပ်က ခု ရေသိပ်မရှိတော့ဘူး ကြားနေရလို့ ဟုတ်မဟုတ်က သွားကြည့်မှ သိရမာမလား..။ ကြည် နောက်ဆုံးတစ်ခေါက် ရောက်တုံးက ဆိုင်လေးထိုင်ပြီး ကြိုးတံတားပေါ် လမ်းလျောက် ပြီး ရေစိုနေတဲ့ သဲပြင်မွမွပေါ် လမ်းလျောက်.. ။

FB_IMG_1520431406825.jpg

အထင်မကြီးပါနဲ့ လေ...။သူငယ်ချင်းတွေ အများကြီးနဲ့ သွားခဲ့တာပါ..။ ထန်းဇလုပ်ချောင်းမှာ အပန်းဖြေပြီးရင် ပြန်ကွေ့လာပြီး ရွှေဂူနီ လမ်းခွဲကနေ ဗောဓိတစ်ထောင်ကို ဆက်သွားကြမယ်လေ..။ ဗောဓိတစ်ထောင် ဘုရားကြီးက ကမ္ဘာ့အကြီးဆုံး ဘုရားတွေထဲမှာ သမိုင်းတွင်ခဲ့တာ သူငယ်ချင်း သိတယ်ဟုတ်..။

FB_IMG_1520431957592.jpg

ကြည် ကျောင်းတက်နေတုံးက ရပ်တော်မူ ဘုရားကြီး ပြီးစီး ရေစက်ချပွဲ ကို စည်းကား သိုက်မြိုက်စွာ ကျင်းပ ပြီးစီးခဲ့တာပါ..။ ကြည်တော့ မရောက်ခဲ့ရဘူး ကျောင်းပိတ်ရက်နဲ့ ကြုံလို့ အိမ်ပြန်ရောက်နေလို့..။ ပြီး ဗောဓိတစ်ထောင် ဆရာတော်ကြီးကလဲ ရဟန္တာ သမုတ်ခံခဲ့ရတော့ ဆရာတော် ဘုရား ပျံလွန်တော်မူတော့ ရုပ်ကလပ်ကို မီးသင်္ဂြိုလ်တော့ သက်တန့်ရောင်စုံတွေထွက်ပေါ်ပြီး ဓာက်တော်တွေ ကြွင်းကျန်ခဲ့ ပါတယ်..။

FB_IMG_1520431841566.jpg

ဘုရားပေါ်မှာ ဗီနိုင်း ပိုစတာကြီးတွေနဲ့ မီးသင်္ဂြိုလ်စဉ်က ဓာက်ပုံများ ဘုရားဖူး အများပြည်သူများ ဖူးရအောင် ပြသထားပါတယ်..။ ဗောဓိတစ်ထောင်ဘုရားပေါ်ကနေ ဆင်းလာတော့ မိုးညှင်းသမ္ဗုဒ္ဓေ ဝင်ကြမယ်လေ..။ အဲ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရား မဝင်ခင် ဗောဓိတစ်ထောင် အဆင်းလမ်းမှာ ဘာဆိုင်တွေ ရှိတယ်ထင်တုံး..။ ထန်းရည်ချိုချိုဆိုင်လေးတွေ ရှိသေးတယ်။ ဝင်ချင်သေးရင်ခနတော့ ဝင်ပါလေ..😊😊။

FB_IMG_1520431467805.jpg

ပြီးရင်တော့ မယ်ကြည့်ကျောင်းကြီးဆီ ခနဝင်ကြရအောင်...။ဘုရား မရောက်ခင်လေးတင်လေ..။မယ်ကြည်တို့ကျောင်းကြီး အရမ်းလှတာ ပြချင်လို့ပါ။

FB_IMG_1520434819941.jpg

ပြီးတော့ ကျောင်းလမ်းမကြီးပေါ် လမ်းလျှောက်ပြီး ကြည် စာသင်ခဲ့ဖူးတဲ့ အခန်းထိ ခန သွားကြည့်ချင်သေးတယ်..။ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားကြီးကလဲ မုံရွာ ဂုဏ်ဆောင်ပါပဲ..။ မယ်ကြည်တို့ အဆောင်သူတွေ ညနေဘက် ဘုရားဝင်းထဲ လာပြီး ကောက်တဲ့ ခရေပန်းပင်ကြီးရော ပြအုံးမယ်.. ။ နောက်ပြီး ဘုရားဝင်းထဲ နေရာစုံ လိုက်ပြအုံးမယ်..။

FB_IMG_1520432725205.jpg

မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားကြီးထဲ ရောက်မိတော့ သတိရမိသေးတာ ပြောပြအုံးမယ်.. ။ မယ်ကြည်တို့ သူငယ်ချင်း တစ်ဖွဲ့ စာမေးပွဲနီးတော့ ဘုရားဝန်းထဲ စာကျက်ကြတယ်..။ မယ်ကြည့် စာကြည့်ရင်း ငြီးငြူလာလို့ ဘုရားဝန်းထဲ လမ်းလျောက်ကြရော..။ မယ်ကြည့်သူငယ်ချင်း ကောင်လေး တစ်ယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် အတူတူလေ...။ အဲ့ချိန် စာတွေများလို့ ကယောင်ချောက်ချား ဖြစ်နေချိန်ပေါ့..။ သူရဿ တီ နတ်သမီးရုပ်ထုကြီး.ဘွားဆို တွေ့ပါလေရော..။ သူငယ်ချင်း သိတယ်မလားဟင်..။ သူရဿ တီ နတ်သမီးက ဟင်္သာငှက်ကြီး စီးပြီး ပဋိကပ် သုံးပုံ ကိုင်ထားတဲ့ နတ်သမီးရုပ်ထုလေ..။ ပညာရေးကို စောင့်ရှောက်တဲ့နတ်လို့လဲ ကြားဖူးတယ်..။

FB_IMG_1520436060652.jpg

အဲ့ဒါနဲ့ အတူပါလာတဲ့ သူငယ်ချင်းကောင်မလေး ကို သူငယ်ချင်း စာမေးပွဲတွက် ဆုတောင်းရအောင် လို့ပြောပြီး နတ်သမီးရှေ့ ထိုင်ယုံရှိသေး ဆုတောင်မတောင်းရသေးဘူး..ရယ် အတူပါလာတဲ့ ကောင်လေးသူငယ်ချင်းက မယ်ကြည်နဲ့ သူငယ်ချင်းကောင်မလေး နှစ်ယောက်လုံး ကို ဗြုန်းဆို လက်ဆွဲထူပြီး ထထ မြန်မြန် ဆိုတော့ ကိုယ်တွေ လဲ ဘာမှန်းမသိ သူဆွဲခေါ်ရာနောက် ပါလာရော..။ "ဟ နင် ဘာဖြစ်တာလဲ” ကြောက်အားလန့်အား မေးရတာ..။ ဟုတ်တယ်လေ သူက ဝရုန်းသုန်းကား ဆွဲလာတာကိုး..။ မသိရင် သရဲတွေ့လို့ ပြေးလာသလို 😂😂ဖြစ်နေတာရယ်။ ပြီးတော့မှ ပြောတာ နင်တို့ အဲ့နတ်သမီးရုပ်ထုကို ကန်တော့မာစိုးလို့တဲ့.. ။ ဟဲ့ ဘာလို့တုံးဆိုတော့ ဘုရားကလွဲ မကန်တော့ကြနဲ့ ဆိုပြီး ဆူနေရော..။ ကြည်တို့လဲ လုပ်မိလုပ်ရာပါ သိတယ်မလား စာမေးပွဲနီးတော့ ကယောင်ကတမ်းတွေ ဖြစ်နေတာ 😋😋ဆိုတာ ။ အဲ့ဒီနေရာတွေအထိ အစုံလိုက်ပြမယ်လေ..။နောက်ပြီးတော့.....😉😉
ဆက်ရန်...
Author @kyi
MSC 050
Photo by facebook
received_1812282122405096.gif

Sort:  

ဗောဓိတစ်ထောင်ဘုရား အရမ်းရောက်ဖူးချင်တယ် မမရယ် TV တွေမှာလာတာမြင်တိုင်းလည်း ဖူးချင်လွန်းလို့ ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ဘူး

ဟုပါ့ဘယ်လိုပဲ နေပူပူ ဘုရာကြီး အရိပ်အောက်မှာ အေးနေရော😊

လာလည်မယ်ကြည်ရေ။ မုံရွာဘုရားဖူး လာခဲ့မယ်။

လာစေချင်မိ

လာခဲ့​မယ်​ မမ​ရေ..၊တစ်​​ယောက်​တည်း​တော့မဟုတ်​။ချစ်​ဇနီးပါ​ခေါ်ခဲ့​​မေ​နော့။

ဒါပေါ့ နှစ်ယောက်ပူးတေလဲ လက်ခံပါ၏..😉😉

ထန်းရေအိုးတွေမြင်ရတာနဲ့ကို လာချင်စိတ်ပေါက်နေပြီ ပဲကြီးလှော်ပန်းကန်ဘေးကဟာတွေက ဘာတွေတုန်း။

အေးပါအေ လာပါ လာပါ😁

v100%$0.08 v n m done. thanks
သင်္ကြန် လာဖို့ခရီးစဉ်ရှိတယ်မမ

အိမ်ကိုဝင်လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆရာ😁

ကိုယ်လာရင် ကြိုမှာလား မယ်ကြည် မုံရွာတော့ ရောက်ဖြစ်တယ် မယ်ကြည်နဲ့က အခုမှ ခင်လို့ မဟုတ်ရင် အလည်လာပါတယ်

ခေါ်မာပေါ့ စုရယ်😁

မုံရွာက အခု ကမ္ဘာ့သမိုင်းဝင် နေရာတွေများလာပီ ဥပမာဗောဓိတစ်ထောင်က အကြီးဆုံး မပ်ရပ်ရုပ်ပွားတော်ကြီးလိုမျိုး၊ သမ္ဗုဒေဘုရားလိုမျိုး။ အများကြီးနော် --

ဟုတ် ဥဥ လာလည်လေ ခ်ခ်😋😋

လာလည်မယ်
လိုက်ပို့ပေးပါ။
😊

အွင်း..ပို့မာပေါ့ ရောက်အောင်သာ လာခဲ့ပါကွယ်😊😊

ခလိန်း ပဲ ထိန်းပေးဘာ မမ 😁😁

ထိန်းပေးမာခွယ် ချစ်ယွက်ျားရော သမီးလေးရော ခေါ်ခက်😍

ယကျားကို ထားခဲ့မာ ခလိန်းကို မမ ထိန်း ညယေးက ကဲမာယေ

မုံရွာမှာ အကြာကြီး​နေခဲ့ဖူးတယ်​..
မြန်​မာနိုင်​ငံမှာ အကြိုက်​ဆုံးမြို့ပဲ....
မြို့ကြီး​ပေမယ့်​ ရှုတ်​​ထွေးမ​နေဘူး..
သဘာဝ​ရေ​မြေ​တော​တောင်​အပြည့်​..
လည်​ပတ်​စရာ အထင်​ကရ​နေရာအပြည့်​...
ပြသနာ ​တွေ မရှိသ​လောက်​နည်းတယ်​..
ကမ္ဘာ့ အကြီးဆုံး ​တောမြို့ကြီး လို့​ပြောလို့ရတယ်

ဟုပါ့ မုံရွာတောမြို့ပါကွယ်😁😁

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43