Video Resolution အကြောင်းသိကောင်းစရာ

in #myanmar6 years ago (edited)

Screenshot_8.png

steemit ပရိတ်သတ်မင်္ဂလာပါခင်ဗျ ကျွန်တော်ယနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့ Video/Photo resolution များအကြောင်းဘဲဖြစ်ပါတယ်ခင်ဗျ။ TV ဖန်သားပြင်များတွင်ဖြစ်စေ'computer laptop 'tapblet pc နှင့် mobile phone scree များ Photo Camera များ တွင်ပါ တွင်ကျယ်စွာမရှိမဖြစ်အသုံးပြုလာနေသောvideo ရုပ်ပုံရိပ်များကိုခေတ်အဆက်ဆက်နည်းပညာအမျိုးမျိုးနှင့်အသုံးပြုလာခဲ့သည်မှာကာလတာရှည်စွာကြာလာခဲ့ပြီဖြစ်ပါသည်
1.jpg
TVမျက်နှာပြင်တွင်ပေါ်ပေါက်လာသောရုံပ်ပုံများကိုလေ့လာကြည့်မည်ဆိုလျင်ရှေးဦးစွာ အဖြူအမဲရုပ်ပုံပေါ်မီးလုံး (black and white)မှ /RGB(Red/Green/BLUE) မီးလုံး(ရောင်စုံမီးလုံး) ထိုမှတဖန် LCD (liquids crystal display)LED(light emitted diode display စသဖြင့်ရုပ်ပုံပေါ်အောင် screen အမျိုးမျိုးတီထွင်အသုံးပြုလာခဲ့ပေသည်။ထိုရုပ်ပုံပေါ်အရာဝတ္တုများပေါ်တွင်ပုံဖော်ပေးနိုင်သော ရုပ်ထွက်စွမ်းရည် များသည်လဲ တစ်နေ့တစ်ခြားတစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲလာခဲပါသည်
ယနေ့အချိန်အခါတွင် video/photo ရုပ်ထွက်များကို MPEG_SD-HD-UHD(4K) ဟူ၍ရုပ် ထွက်အရေအသွေးကိုလိုက်ပြီးပေါ်ထွက်လာခဲသည်
Video and photo များ၏Resolutionဆိုသည်မှာ screenမှာပြသပေးနိုင်သည့် Dot အရေအတွက် သို့မဟုတ် pixel အရေအတွက်ဖြစ်ပါတယ်။
Screenshot_1.png
Resolution များရင်screenအကွက်အတွင်တစ်လက်မအတွင်းဖော်ပြပေးနိုင်တဲ့dot အရေအတွက်ပိုများလာစေသောကြောင့်ပံရိပ်များကိုပို၍ကြည်လင်ပြတ်သားစေပါသည်။ထိုနည်းတူ်screenအကွက်အတွင်တစ်လက်မအတွင်းဖော်ပြပေးနိုင်တဲ့dot အရေအတွက်နည်းသွားလျင်ရုပ်ထွက်အရေသသွေးလျော့့နည်းသွားပေမည်။

Screenshot_4.png
SD/HD/4K Resolutionများကိုအောက်ပါဇယားမှာလေ့လာနိုင်ပါတယ်။
3.jpg
ခုနောက်ဆုံးပေါ်လာတဲ့ 4 K အကြောင်းလေ့လာရအောင်ပါ
HD (high definition) ကို 1080p (1920 by 1080) 2 MegaPixel/frame ဟု သတ်မှတ်ထားပါသည်၊ ယနေ့ ခေတ် တွင် T.V ၏ resolution သည် UHD (ultra high-definition) သို့ ပင် ရောက်ရှိ လာခဲ့ ပြီ ဖြစ်သည်၊ ၎င်း ကို 4K ဟုလည်း ခေါ်ဆို ကြပေသည်။

4K ဆိုတာ ဘာလဲ ဟု သေချာ လေ့လာ ကြည့်ကြရအောင်ပါ၊
resolutioncompare.jpg

UHD (သို့) 4K သည်၊ အနည်း ဆုံး 8 million active pixels ရှိပါတယ်၊ T.V အတွက် ဆိုရင် (3840 by 2160) ရှိပြီး၊ digital camera အတွက် ဆိုရင် (4096 by 2160) ရှိပါတယ်၊ ဒါကြောင့် 4K သည် HD (1080p) ထက် လေးဆ ပိုပြီး၊ SD (standard definition) ထက် ၂၃ဆ ပိုပါတယ်၊ TV ၇ုတ်ထွက်တွင် 4K နှင့် HD နှိုင်းယှဉ်လျင်၊ 4K နှင့် ကြည့်ရသည် မှာ HD နှင့် ကြည့် ရသည် ထက် များစွာ ကြည့်ကောင်း (sharper) ဖြစ်သည် ကို တွေ့ရမည် ဖြစ်သည်။

ရုပ်သံလွင့်လုပ်ငန်းများတွင်4K ၏ resolution သည် မြင့်မားလှသော ကြောင့် သူ့ကို လွှင့်ဖို့ အတွက် bandwidth ပိုမို လိုအပ်ပါတယ်၊ HDMI 2.0 သည် 4K ကို support လုပ်ရန် အတွက် ဖြစ်ပြီး၊ 2160p ဗီဒီယို ကို 60 frames per second နှင့် ပြသ မည်ဖြစ်သည်၊ အင်တာနက် ဖြင့် လည်း 4K ထုတ်လွှင့် ရန် အင်တာနက် မြန်နှုန်း မြင့် ဖို့တော့ လိုအပ်ပါတယ်၊ 4K ဗီဒီယို ကို ကြည့်ဖို့ရန် 25 Mbps downstream speed လိုအပ်ပါတယ်၊ အကယ်၍ သင့်မှာ 4K ကို ထုတ်လွှတ် ပေးနိုင်တဲ့ source (internet, video, etc.) မရှိ ရင်တောင် မှ၊ 4K TV နဲ့ ကြည့်ရှု တဲ့ အခါ ပိုမိုကောင်းမွန် မှာပါ၊ ဒီနေရာတွင်တစ်ခုတင်ပြလိုသည်မှာ ရုပ်သံစနစ်တွင်TVများ၏ Resolution support လုပ်နိုင်မှုမှာအဓိကဖြစ်လာပေသည် ။MPEG,SD ,HD ,UHD 4K အဆင့်ဆင့်ပြောင်းလဲလာရာတွင် MPEG,SD လောက်သာ resolution support လုပ်ထားသော TV များတွင် HD,4Kစသောရုပ်ထွက်များမရနိုင်ပါသို.သော် 4Kထိ support လုပ်ထားသော TVများတွင်မူ MPEG,SD,HD,UHD 4K များကိုကောင်းစွာအလုပ်လုပ်စေသည်။
ဘာလို့လဲ ဆိုတော့ 4K TV တွေ မှာ resolution အနိမ့် များ (ဥပမာ။ ။ HD) အတွက် upconverter ပါဝင် ပြီး၊ ၎င်း upconverter သည် resolution ကို pixel တခု စီ ကို တူညီသော pixel လေးခု သို့ ပြုလုပ်ပေးနိုင်သည် သာ မက၊ ပို၍ ကြည့်၍ ကောင်း အောင်ပါ ပြုလုပ်ပေးပါတယ်။ ထို.အတွက်ကြောင့်ကောင်းမွန်သောအရည်အသွေးများဖြင် ရုပ်သံများ ရုပ်ပုံများကိုကြည့်ရှု့ခံစားကြစေရန်Video resolution များအကြောင်းကိုလေ့လာထားရန်လိုအပ်လှပါပေသည်။

လေ့လာမိသလောက်တင်ပြဆွေးနွေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

အားလုံးကျန်းမာချမ်းသာကြပါစေဗျာ။
photo credit - google image
@kyawzaywin
MSC-235

Sort:  

ဗဟုသုတရပါတယ်။

ကျိုးစားနေပါတယ်ခင်ဗျာ

ဟုတ်ကဲ့ပါ

ဘာရေးပေးရင်ကောင်းမလဲ

pro အတွက်ဆိုရင် စာနည်းနေသေးတယ်ဗျ။

ဆက်ရမှာပေါ့ bro

အင်းမဆိုးပါဘူးဆက်ကြိုးစားပါ။

ကျေးဇူးပါဗျ။

‌ပြောရတာလည်း အာ‌ညောင်းလှ ပြီ။Too short. ဗဟုသုတ ရပါတယ်‌ သူငယ်‌ချင်း

အေးပါကွာဆက်ရမှာပေါ့

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43