လူစွမ်းကောင်းတို့ကျိန်စာသင့်ရာမြေ(သို့မဟုတ်)မြန်မာနိုင်ငံ

in #myanmar7 years ago (edited)

FB_IMG_1514636983357.jpg

မြန်မာ နိုင်ငံဟာ ပုဂံခေတ်ကတည်းစပြီး မြန်မာ ဆိုတဲ့နိုင်ငံ

အမည်နဲ့ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ပုဂံ ခေတ်ကနေ
ကုန်းဘောင် ခေတ်အထိ မြန်မာနိုင်ငံ မှာလူစွမ်းကောင်းတွေ
အသီးသီး ပေါ် ပေါက်လာခဲ့ပါတယ်။ပုဂံ ခေတ် အစောပိုင်းမှာ
ပန်းပဲ မောင်တင့်တယ် ဆိုတဲ့လူစွမ်းကောင်းတစ်ဦး ​ပေါ်ပေါက်
ခဲ့ပါတယ်။ထို လူစွမ်းကောင်းဟာ ခွန်အား အလွန်သန်မာပြီး
သူ ပန်းပဲ ထုတဲ့ သံ ထု သံတွေဟာ ပုဂံနန်းတော် ထိ အောင်
ကြားရပြီး နန်းတော် အဆောင်တွေ တောင် လူပ်ခတ်တဲ့အထိ
ခွန်အားကြီးပါတယ်။အဲ့ဒီလို တွေ ခွန်အားကြီး တဲ့အတွက်
ပုဂံမင်းဆက် နဲ့ မင်းပြို င် ဖြစ်တဲ့ အိန္ဒိယ ဘုရင် ကတောင်
သူ ရဲ့ နိုင်ငံ စစ်တပ်မှာ စစ်မူ ထမ်းဖို့ ဖိတ်ခေါ် ခံရသည့်အထိ
ကျော်ကြားခဲ့ပါတယ်။ဒါပေမဲ့ ထိုလူစွမ်းကောင်းဟာ သက်ဆိုး
မရှည်ခဲ့ပါဘူး။အဲ့ဒီ တုန်းက ပုဂံ ကို မင်းလုပ်အုပ်ခူ ပ်တဲ့မင်း
ဟာ သူထီးနန်းကို ပုန်ကန် လုယူ မှာ ဆိုးတဲ့အတွက်အနုနည်း
နဲ့ပရိယာယ် သုံးဖမ်းဆီးပြီးအရှင်လတ်လတ် မီးရို့သတ်ပစ်ခဲ့ပါ
တယ်။အနော်ရထာ ပြည့်ရှင် မင်းလက်ထက်မှာလဲ မြေလိုး မိုးပျံ နိုင်တဲ့ ရွေဖျဉ်းကြီး ရွေဖျဉ်းလေး ဆိုတဲ့ လူစွမ်းကောင်း ညီ
နောင် နှစ်ပါး ပေါ်ပေါက်လာခဲ့ပါတယ်။အနော်ရထာမင်းတရုတ်
ပြည့် ကို စွယ်တော်သွားပင့်တဲ့အခါမှာ မချေမငံ ဆက်ဆံပြီး
အင်တင်တင် လုပ်နေတဲ့ တရုတ်ဘုရင် ကို အင်မတန်မှလုံခြုံ ရေး တင်းကြပ်ပြီး စည်းစနစ်ကြီးပါတဲ့ဆိုတဲ့ တရုတ်စစ်တပ်
ကြားထဲ ကနေ တရုတ်ဘုရင်ရဲ့ နဖူးမှာ ထုံးသုံးခြစ်တားနံရံ
တွေ မှာ သတိပေးစာတွေ ရေးသွားခဲ့ပြီး တရုတ်တွေကို အရှက် ရအောင် ထိစွမ်းဆောင် နိုင်ခဲ့တဲ့ လူစွမ်းကောင်းတွေ
ဖြစ်ပါတယ်။နောက် ထိုညီနောင် နှစ်ပါးလဲ ကုန်းချောသူတို့
ကြောင့် မင်းမျက် သင့်ကာ ကြိုးတုပ်ပြီး ဝါးရင်းတုတ်နဲ့ရိုက်
သတ်ခံ ခဲ့ရပါတယ်။ကျန်စစ်သား နောက် ဆက်ခံတဲ့အလောင်း
စည်သူမင်းဟာလဲ လူစွမ်းကောင်း မင်းတစ်ပါ်းပါ။ဘုန်တန်ခိုး
ကြီးမားပြီး ဖောင်စကြာနဲ့ ကျွန်းကြီးလေးကျွန်း အနှံသွား
နိုင်သလို လက်ညိုးညွန်ရာလဲ ရေဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံ
တွေကတောင် နတ်ဘုရား တစ်ပါးလို သမုတ်ခံခဲ့ရတဲ့ မင်း
တစ်ပါးပါ။ အလောင်းစည်သူမင်းလဲဇာတ်သိမ်း မလှခဲ့ပါဘူး
သူရဲ့သားတော် အရင်းဖြစ်တဲ့ နရသူမင်း က နာမကျန်း
ဖြစ်နေတုန်း ရွေဂူကြီး ဘုရားထဲ မှာ ခေါင်းအုံးနဲ့ဖိသတ်ခံ ခဲ့ရ
ပါတယ်။တောင်ငူ ခေတ် မှာလဲ လူစွမ်းကောင်း တစ်ယောက်
ထွန်းတောက်လာပါတယ်။ထိုလူစွမ်းကောင်းဟာ တောင်ငူဆို
တဲ့ မြို့ ငယ်လေးကနေ ဒုတိယ မြန်မာနိုင်ငံတော်ကြီး ဖြစ်
ဖို့ အစပိုးပေးခဲ့တဲ့ တပင်ရွေထီး ဖြစ်ပါတယ်။အရှေ့တောင်
အာရှ နဲ့ တောင်အာရှမှာ အကြီးမားဆုံးစစ်တပ်ကြီးထူထောင်
နိုင်ခဲ့သလို ထိုခေတ်အခါ က ဘယ်တော့မှ စစ်တိုက်လို မရတဲ့
နိုင်ငံ ဆိုပြီး နာမည်ကြီးတဲ့ အယုဒ္ဓယ ကိုလဲ အနိုင်ယူပြီး ဦး
ခိုးခဲ့သူလဲ ဖြစ်ပါတယ်။ထိုမင်းဧကရာဇ် လဲ အောင်မြင်မူ
အရသာ ကို ကြာကြာ မခံစားလိုက်ရ နောက်ပိုင်းလူပေါင်း
မှားပြီး မွန်လူယုံ တော်တစ်ဦး၏ သတ်ဖြတ်ခြင်း ကိုခံလိုက်ရ
သည်။ကုန်းဘောင် ခေတ်မှာလဲ လူစွမ်းကောင်းတွေ ပေါ်ပေါက်
လာပါတယ်။အထင်ရှားဆုံးမှာ ကနောင်မင်းသားကြီးဖြစ်
သည်။ထိုခေတ်က ဥရောပတွင် ခေတ်ပြောင်းစက်မူတော်လှန်
ရေးကြီးအရှိန်ကောင်းနေသည်။ကနောင်မင်းသားကြီး သည်
ခေတ်မှီလက်နက် နိုင်ငံတော် ထူထောင်နိုင်ရန် ဥရောပ နိုင်
ငံများ ကို အမှီ လိုက်သည်။အာရှ တွင် မြန်မာနှင့်ဂျပန် တို့
စက်မူတော်လှန်ရေး ကို အရှိန်အဟုန်ကောင်းကောင်းဖြင့်
ဆောင်ရွက်ကြသည်။ကနောင်မင်းသားကြီးသည် နိုင်ငံအတွင်
လက်နက်စက်ရုံ နှင့်အခြားစက်ရုံ ပေါင်းများစွာ ထူထောင်
သည်။ပညာတော်သင်များစေလွတ်သည်။ စက်မူနိုင်ငံ ဖြစ်
ဖို့အရေး ကြိုးပမ်းနေစဉ်မှာပဲ အာဏာ ဆိုသည့် အရာ
ကြောင့် တူတော် များ၏ လုပ်ကြံမူ ကိုခံလိုက်ရသည်။မြန်မာ
သမိုင်း၏ အဖိုးမဖြတ်နိုင်သော ဆုံးရူံးမူ ဖြစ်သည်။မိမိတို့ နိုင်ငံ
နှင့်စက်မူတော်လှန်ရေး လိုင်းဦးလိုင်းညွန့် ၌ ပါဝင်ခဲ့သော
ဂျပန်က များစွာသာလွန် သွားခဲ့သည်။ နေမဝင်အင်ပါယာ
ဟု နာမည်ကြီးခဲ့သော အင်္ဂလိပ် တို့နှင့် ပခုံးချင်းယှဉ်နိုင်သွား
သည်။ကုန်းဘောင် ခေတ်နှောင်းပိုင်း မှလဲ ခေတ်ပညာတက်
လူစွမ်းကောင်း မင်းသားတွေ ပေါ်ပေါက်ခဲ့သည်။ထိုမင်းသား
များသည် အရည်အချင်းနှင့်အစွမ်းအစ ကိုယ်ဆီ ရှိကြ သော်
လည်း နန်းတွင်းအာဏ လုပွဲ မှာ သက်ဆိုးမရှည်ခဲ့ကြ ချေ။
ကိုလိုနီ ခေတ်နှောင်းပိုင်း တွင် မကွေးတိုင်း နတ်မောက်မြို့ 
မှ လူစွမ်းကောင်း တစ်ယောက် ပေါ်ထွက်လာသည်။အာရှ
မှာ အသက်အငယ် ဆုံးနိုင်ငံ ရေး သမားတစ်ဦးဖြစ်ခဲ့သလို
အင်အားကြီး နိုင်ငံကြီးတွေက တစ်လေတစ်စား ဆက်ဆံ
ခဲ့ရသော သခင်အောင်ဆန်း ဆိုသည့် လူစွမ်းကောင်းဖြစ်
သည်။နှစ်တရာကျော်အုပ်ခူ ပ်ခဲ့သော အင်္ဂလိပ် လက်အောက်
မှ မြန်မာ နိုင်ငံ ကို လွတ်လပ်ရေး အရယူပေးခဲသလို မြန်မာ
လူမိုး များကို လဲ မိုးချစ် စိတ်ဓါတ် ရှိလာစေရန် စနစ်တကျ
ပုံဖော်ခဲ့သူလဲ ဖြစ်သည်။ ထိုလူစွမ်းကောင်းလဲ သက်ဆိုးမရှည်
အိမ်ကြက်ချင်းခွပ်သည့် အာဏာလုပွဲ တွင် လုပ်ကြံခံလိုက်ရ
သည်။နောက် ဖဆပလ ခေတ် မှာလဲ တိုင်းပြည်မှာ လူစွမ်း
ကောင်းတွေ ကြောင့် အရှေ့တောင်အာရှမှာ အချမ်းသာ
ဆုံး ဖြစ်ခဲ့သလို ပညာရေး မှလဲ Top Ten နိုင်ငံ တွေ
ထဲ ပါဝင်ခဲ့သည်။နောက် စစ်အစိုးရ တက်လာသည့် အခါမှ
တော့ ထိုလူစွမ်းကောင်းများ ကိုစနစ်တကျ နှိပ်ကွတ်မူကြောင့်
ထောင်ကျသူကကျ ၊သေသူကသေ၊ နိုင်ငံခြားထွက်ပြေးသူက
ပြေးခဲ့သည်။နောက် တိုင်းပြည်၏ အမှောင် ကာလများ
အတွင်း မှာ လူစွမ်းကောင်းတွေ လူမသိ သူမသိ ပေါ်​​ထွက်လာ
ခဲ့တယ်။နိုင်ငံရေးဘက်မှာလဲ ပေါ် ထွက်လာခဲ့သလို ကျန်သည့်
ပညာရေး အပိုင်းများတွင်လဲ ထွက်ပေါ်လာခဲ့တယ်။1997
ခုနှစ် မှာ ဂျစ်ကားအင်ဂျင်နဲ့ အမြင့်8ပေပျံတဲ့ရဟတ်ယာဉ်
တစ်စင်း ကို စိန်မန်းသားတစ်ယောက် တီထွင်ခဲ့တယ်။ထို
မန်းလေးသားလဲ သက်ဆိုးမရှည် ထို ခေတ်အခါ ထောက်
လှမ်းရေးတွေ ကြောင့် လူမသိသူမသိ ပျောက်ကွယ်သွား
သည်။နောက် ရှမ်းပြည်နယ် ဘက်မှာ ရှမ်းလူမိုးလူငယ်တစ်ဦး
သံပိုက် နဲ့ အမြောက် လုပ်ပြတယ် ။မကြာပါ ဘူး အဖမ်းခံ
လိုက်ရတယ။်1999 လောက်မှ ပြင်ဦးးလွင်သားတစ်ယောက်
တောင်ပေါ် မှာ လက်လုပ် ပန်ကာတွေ ထောင်ပြီး ကိုယ်ပိုင်
လျှပ်စစ် ထုတ်လုပ်တယ်။ မကြာပါဘူးး ပန်ကာတွေ ရော လူ
ရော ပျောက်သွားတယ်။ မိမိတို့နိုင်ငံ မှာ ပညာရှင်တွေ
ကို မြင့်တင်ရမည်အစား အာဏာ ဆုံးရူံး ထိခိုက်နိုင်သည့်
အတွက် နှိပ်ကွက်ကြသည့်။မိမိတို့ နိုင်ငံတွင် ပေါ်ပေါက်ခဲ့
သော အသိပညာရှင် အတတ်ပညာ ရှင် လူစွမ်းကောင်းများ
မှာ သက်ဆိုးမရှည်ကြ။အကြောင်အမိုးမိုး ကြောင့် ပျောက်
ကွယ်သွားသည်။ မြန်မာ နိုင်ငံသည် လူစွမ်းကောင်းတို့ အတွက် ကျိန်စာသင့် မြေလို ဖြစ်နေသည်။

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 58495.14
ETH 2461.74
USDT 1.00
SBD 2.36