့ကျေးဇူးဆပ်လို့ မကုန်နိုင်သော ထာဝရမေမေ

in #myanmar7 years ago

ကိုးလလွယ် ဆယ်လဖွား လူဖြစ်အောင်ကျွေးမွေးပြုစုခဲ့ရသော ကျေးဇူးရှင်ထာဝရမေမေ။ မေမေသည် ကျနော့်ဘဝအတွက်တော့ တစ်သက်လုံးကျေးဇူးဆပ်ကုန်နိုင်မည်မထင်ပါ။ ကျနော့်ကို ကိုယ်ဝန်လွယ်ထားချိန်မှစ၍ချို ချဉ်ငံစပ်ခါး
စသည့်တို့ကိုရှောင်ရှားရသည်။ စားချင်သော်လည်းမိမိ၏ဗိုက်ထဲက ကလေးကိုကြည့်၍အောင့်အည်းနေခဲ့ကြရသည်။ မပေါ့မပါးနှင့် ကိုးလလုံးလုံး ကျနော့်ကိုဝမ်းနှင့်လွယ်ထားရသည်မှာ တော်တော့ ကိုမလွယ်ကူနိုင်ပါ။ သာမန်လူသားတွေအဖို့ မဖြစ်စလောက်အလေးချိန်လေးကို ကိုးလမပြောနဲ့ တစ်လတောင်သယ်ထားဖို့ မလွယ်ကူပါ။ ဒါက အမေ့ရဲ့ သားသမီးကို ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာရတဲ့ဇွဲပါပဲ။
နေထိုင်တဲ့နေရာမှာလည်း အခက်တွေ့ နေချင်သလိုမနေရ ဗိုက်ထဲက မိမိရဲ့ကလေး မွေးလာတဲ့အခါ အနေအထားမမှန်မှာစိုး၍ အနေအထိုင် ဆင်ခြင်ခဲ့ရတယ်။ မွေးဖွားခါနီးတဲ့အခါမှလည်း မိမိ၏ ကလေး ကိုယ်လက်အင်္ဂါ ပြည့်စုံစွာမွေးဖွားနိုင်ဖို့ ဘုရားမှာ အကြိမ်တိုင်း ဆုတောင်းခဲ့ရတာလဲ မေမေပါဘဲ။ မွေးဖွားလာပြီးတော့လည်း မိမိကလေးအဟာရအတွက် နို့ချိုတိုက်ကျွေးခဲ့တယ်။ လူပုံအလည်မှာလည်းမရှက်မကြောက် နို့လှန်တိုက်ကျွေးရဲခဲ့သည်။ သားသမီးကို ချစ်တဲ့စိတ်ကြောင့်သာ ဖြစ်ပေသည်။ အူဝဲအူဝဲဆိုတဲ့ စကားမှအပ ဘာမှမတတ်သေးတဲ့ကျနော့်ကို ဖေဖေ မေမေ စသည်ကစပြီး စကားပြောတတ်အောင်သင် ပေးခဲ့တယ်။ လူလိမ္မာလေးဖြစ်အောင်လည်း အမေကသင်ပေးခဲ့တယ်။ လူတော်လေးဖြစ်အောင်လည်းအမေက မြေတောင်မြှောက်ပေးခဲ့တယ်။ မိမမိရဲ့ကလေးကို လူပုံအလည်ကြားမှာ ဝံဝံထည်ထည် နေနိုင်အောင်လည်းအမေက လုပ်ပေးခဲ့တာပဲ။ မိမိရဲ့ကလေးကို မိမိတို့လို နေပူမရှောင် မိုးရွာမရှောင် လယ်တောယာတောထဲမှာ မလုပ်စေချင်၍ ပညာတတ်ကြီးဖြစ်အောင် မြေတောင်မြှောက်ပေါင်းသင်ပေးခဲ့တာလည်းမေမေပါပဲ။ င်္မေမေရဲ့ကျေးဇူးတွေက ဒီတစ်သက် ဆပ်လို့ကုန်နိုင်မည်မထင်ပါ။ ကျနော့်ရဲ့ထာဝရကျေးဇူးရှင်မေမေကို သားဆပ်နိုင်သလောက်နဲ့ ကျေးဇူးဆပ်ပါမည်ဟု ကတိပေးရင်း အမေ့ကို လွမ်းတိုင်းမျက်ရည်ကြနေဆဲပါ ထာဝရကျေးဇူးရှင်မေမေFB_IMG_1517967734387.jpg
photo crd-facebook

Sort:  

အရမ်းကောင်းပါတယ် အစ်ကို

ကျေးဇူးပါအကို

မဆိုးပါဘူး

ဟုကဲ့ပါခင်ဗျ ကြိုးစားနေဆဲပါအကို

ကျေးဇူးပါbro

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68423.64
ETH 2659.46
USDT 1.00
SBD 2.71