ဥယျာဉ်မှုး

in #myanmar6 years ago

ကိုယ်တိုင် တယုတယ
စိုက်ပျိုးခဲ့တဲ့ ပန်းလေး
နွမ်းကြွေသွားမှာကို
မလိုလားသူပါ
ပန်းဖူးငုံလေး
တွေ့သော်ညားလည်း
မဆွတ်ခြွေ မခူးရက်
အလှကြည့်ကာ
တန်ဖိုးထားသူပါ
ပွင့်လာသော်လည်း
ဖျက်စီး ခံရမယ့်
ူ့အန္တရာယ် မကြုံစေဖို့
စိုးရိမ်စိတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေရသူပါ
မထိရက် မကိုင်ရက်
တန်ဖိုးထားသူ ကား
ပန်းဥယျာဉ်မှုးပါ ။ ။

image
crd ;photo by facebook
@kyawwintun
fb:Nay Min Kha
msc:လျှောက်ထားဆဲ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65925.23
ETH 3003.40
USDT 1.00
SBD 3.75