ညီမလေး(၁)

in #myanmar6 years ago

ယောက်ျားလေးတော်တော်များများက
ဆံပင်အရှည်ထားတဲ့ မိန်းကလေး တွေဆို ပိုပြီးတော့ သဘောကျတတ်ကြတယ် အဲအထဲမှာ ကျနော် အပါအဝင်ပေါ့ ။
ကျနော် မန်းလေးမြို့ကို အလုပ်လာလုပ်တော့ ကျနော်တို့အလုပ်ရဲ့ ဘေးက ဖူလုံဆိုတဲ့ တရုတ်စားသောက်ဆိုင်ရှိတယ် အဲဆိုင်မှာအလုပ်လုပ်တဲ့ ကောင်မလေးတွေက တိုင်းရင်းသူလေးတွေချည်းဘဲ။ သူတို့စကားပြောရင် မြန်မာစကား ပြောပေမယ့် သေသေချာချာ နားစိုက်ထောင်ရတယ်။ အသံထွက်ပုံလေးတွေက တမျိုးလေးတွေဘဲ။ အဲထဲမှာ နော်ဖောဆိုတဲ့ ကောင်မလေးတစ်ယောက်က မျက်နှာဝိုင်းဝိုင်းလေး နဲ့အရမ်းဘဲချစ်စရာကောင်းတယ် အသားအရေဆို ဖြူဆွတ်နေတာဘဲ။ ဆံပင်အရှည်ကလည်းထားလိုက်သေး။ ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်မလဲ။သူ့ကိုမြင်လိုက်တဲ့ယောက်ျားလေးမှန်သမျှ လည်ပြန်ကြည့်နေရလောက်တယ်။
ဝတ်စားထားပုံကလည်း မြန်မာဆန်ဆန်လေးတွေဘဲ အမြဲဝတ်တယ်။ ကျနော်ဆိုသူ့ကြည့်ပြီးကဗျာလေးစပ်မိတယ်
မြန်မာ ဆန်ဆန်လေးနဲ့
အရမ်းဘဲ ချစ်စရာကောင်းနေတဲ့ညီမ
ပြုံးလိုက်ရင် လည်း
သူ့အပြုံးလေးအောက် ကိုယ့်နှလုံးသားလေး
ကြွေဆင်း သွားတယ်
ဆံပင် အရှည်လေးထားပြီး
အရှက်တရား ကြီးတတ်တဲ့
ညီမလေးကို ချစ်မိနေပြီ. လို့ရေးစပ်မိတယ်။
အပိုင်း(၂)ဆက်ရန်

image
crd:photo by google
Fbacc:Nay Min Kha
msc:လျှောက်ထားဆဲ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58269.58
ETH 3138.31
USDT 1.00
SBD 2.43