ဆောင်းကုန်နွေကူး လေရူးများနှင့်ဆယ်တန်းကျောင်းသားများ

in #myanmar6 years ago

imageတပိုတလကုန်ခါနီးလေလေ ဆောင်းအကုန် နွေအဦး လေရူးတွေက တသုန်သုန် တိုက်ခတ်နေတယ် ထိုအချိန်တွင် ဆယ်တန်းကျောင်းသား ကျနော်တို့အဖို့ စာမေးပွဲကြီး ဖြေဆိုရန်မှာလည်း တစ်လသာ လိုတော့တဲ့ အချိန်အခါပေါ့ လေရူးတွေက တသုန်သုန်တိုက်ခတ် လေလေ ကျနော့်တို့စိတ်က ရူးချင်လေလေ ဖြစ်နေကြလေသည် စိတ်တွေကဂဏာမငြိမ် လေ၏ခေါ်ဆောင်ရာနောက်သို့ လိုက်ပါနေသယောင်ယောင် အိမ်ကိုလွမ်းဆွတ်နေသယောင်ယောင် စာကိုကြိုးစားပြီးသင်ယူလေ့လာပါသော်လည်း ကျက်သမျှစာတွေက ခေါင်းထဲမဝင် ရှေ့ကကျက် နောက်ကပျောက် ဖြစ်နေကြတယ် ထို့ကြောင့် ဘယ်သူမှ စာကို မကျက်ကြတော့ဘူး လေရူးတွေကတိုက်ခတ်ချိန်မှာ လက်ပံပင်ပေါ်ရှိ နီနီရဲရဲ လက်ပံပွင့်ကလေးများက လေ၏ခေါ်ဆောင်ရာနောက်သို့ လိုက်ပါ လွင့်မျောသွားကြလေသည် image''လက်ပံပွင့်ချိန် ခွေးရူးချိန်''ဟုသည့်ဆိုရိုးစကားများလည်းကြားဖူးပါသည် အမှန်မှာ လေရူးများတိုက်ခတ်သောကြောင့် ခွေးများလည်းရူးကြောင်ကြောင်ဖြစ်နေကြခြင်းပင်ဖြစ်ပါသည် ထို့အတူ ကျနော်တို့သည်လည်း စိတ်ရူးများထကာ စာမကျက်ဘဲ ထင်ရာမြင်ကို လျှောက်လုပ်ကြတော့သည် သူငယ်ချင်းတစ်သိုက် ကျောင်းမတက်ဘဲ ကျောင်းလစ်ပြီး ဘုရားကြိုဘုရားကြားသွားပြီး ဝတ္ထုစာအုပ်တစ်အုပ်စီနဲ့ ငြိမ့်နေကြတယ် ကွမ်းယာတွေလည်းစားတတ်ကြလာတယ် စာဆိုတာကို စိတ်ထဲကိုမထည့်တော့ပေ စိတ်ရူးများထနေကြခြင်းပင်ဖြစ်သည် စာမေးပွဲဖြေခါနီးလေလေ လေရူးတွေကပိုပိုပြီးတိုက်ခတ်လာပြီး သစ်ပင်ပေါ်ရှိ သစ်ရွက်တွေက မြေခနေချိန်ပင်ဖြစ်သည် အရင်ကတည်းက တစ်နေ့စာတစ်နေ့ စာမကျက်လာသူများအဖို့ သဘာဝတရားရဲ့ လောကဓံကို ရင်ဆိုင်ကြရလေပြီဖြစ်သည် အဲအချိန်မှာ ကျနော်သည် ဘော်ဒါအုပ်ဆရာမကြီးကို ထိုင်ပြီးတော့ရှိခိုးချင်စိတ်ပေါက်မိတော့သည် ကျောင်းစတက်ချိန်ကတည်းက တစ်နေ့စာတစ်နေ့ ရအောင်ကျက်မှတ်ဖို့ တစ်တန်တန် ပြောကြားနေသောကြောင့် ကျက်မှတ်ခဲ့သည် စာမေးပွဲဖြေဆိုချိန်ရောက်သောအခါ မိဘတွေက သားသမီးများနဲ့အတူလာအိပ်ပေးပြီး စာမေးပွဲကောင်းစွာဖြေဆိုနိုင်ရန် စိတ်ဓါတ်ခွန်အားပေးဖို့ရောက်ရှိလာကြသည် မိဘတွေရောက်ရှိလာခြင်းနဲ့အတူ လေရူးများက ကျနော်တို့စိတ်ကို မခေါ်ဆောင်နိုင်တော့ပါ ကျောင်းပေါက်ဝအထိလိုက်လာပြီးတော့ မိဘများဆရာ ဆရာမများ၏ ဝိုင်းဝန်းအားပေးမှုကလည်း စိတ်ကိုတည်ငြိမ်စေပြန်သည် စာမေးပွဲခန်းရောက်တော့ ဖြေဆိုတော့တဲ့အချိန် အရင်ကတည်းကကျက်မှတ်ထားသောစာများက တစ်စစီဆွဲထုတ် သလိုပေါ်လာတော့သည် ဒီအချိန်မှာ လေရူးကို တွန်းလှန်တိုက်ခတ်နိုင်ပြီလို့ကျနော် ကြွေးကြော်ခဲ့သည် ထို့အတူ ဆယ်တန်းကျောင်းသားများအနေနဲ့ ဒီအချိန် ဒီလကိုရောက်လေလေ နွေဦးရဲ့ လေရူးတိုက်ခတ်ချိန်ကို ခံစားရမှာ မလွဲမသွေ ဖြစ်ပေသည် ထို့ကြောင့်အရင်ကတည်းကတစ်နေ့စာတစ်နေ့ စာကိုပုံမှန်အားသွန်ခွန်စိုက်ကြိုးစားသင့်ကြောင်းအကြံပြုအပ်ပါသည်
crd:photo by facebook
@kyawwintun
fbacc:Nay Min Kha
msc:လျှောက်ထားဆဲ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58157.69
ETH 3122.82
USDT 1.00
SBD 2.42