မကွေးတိုင်း(သို့)မွေးဖွားရာဇာတိ

in #myanmar7 years ago (edited)

          အခု ပြောချင်တာက မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ မကွေးတိုင်း အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော် မွေးဖွားရာဇာတိက မကွေးတိုင်းထဲမှာ ပါနေလို့ပါ။အဲ့လိုပြောလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်များကို ခွဲခြား ခွဲခြား လုပ်ထင်မထင်ပါနဲ့ဗျာ။အဓိက ကတော့ ကိုယ့်နေထိုင်ရာ မကွေးတိုင်း အကြောင်းက ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထက် စာရင် ပိုသိတာက တစ်ကြောင်း အညာဒေသ အကြောင်းကို တစေ့တစောင်း ဖော်ပြပေးချင်တာက တစ်ကြောင်း  အစရှိသဖြင့် ရေးသားခြင်း ဖြစ်ပါတယ်။

ရွှေနတ်ကယ်တောင်       ပုပ္ပါးတောင်

    ရွှေစည်းခုံ  

             မကွေးတိုင်းကို ခရိုင် ၇ ခု မြို့နယ်ပေါင်း ၂၅ မြို့နယ် ဖြင့် ဖွဲ့စည်းထားပါတယ်။ ခရိုင် ၇ ခုမှာ မကွေးခရိုင် မင်းဘူးခရိုင် တောင်တွင်းကြီးခရိုင် သရက်ခရိုင် ပခုက္ကူ ခရိုင် နှင့် ဂန့်ဂေါခရိုင် တို့ပဲဖြစ်ပါသည်။မကွေးတိုင်း၏ မြို့တော်အမည်ကို  ပြောပြစရာပင် လိုမည်မထင်ပါ။ဒါ့အပြင် မြန်မာပြည် ၏ အဓိက အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ် သည် မကွေးတိုင်း ကို မြောက်မှတောင် သို့ ဖြတ်သန်း စီးဆင်းလျက်ရှိပါသည်။ ထို့ကြောင့် မကွေးတိုင်း သည်  ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်း  ဟူ၍ ဒေသအခေါ်အရ နှစ်ပိုင်း ကွဲသွားပါသည်။ထိုကဲ့သို့ ခွဲခြားထားသော အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဧရာဝတီတံတား (မကွေး)က ပြန်လည်ပေါင်းစည်းပေးထားပါသည်(မကွေး - မင်းဘူး)။ထို့အပြင် ကျွန်တော်တို့၏မကွေးတိုင်း ကို မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဟူ၍တင်စားခေါ်ဝေါ်ကြပါသည်။ထိုကဲ့သို့ ရေခံမြေခံကောင်းသော မကွေးတိုင်း အတွင်းမှ ပညာရှင် အမြောက်အများလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါသည်။မကွေးတိုင်း အတွင်း စိတ်ဝင်စားဖွယ်နေရာများ သမိုင်းဝင်နေရာများ စေတီပုထိုးများစသဖြင့် လူသိများသော နေရာတော်တော်များ တည်ရှိလျက်ရှိပါသည်။

ပုဂံမြို့ ရှိ ရှုမျှော်ခင်း     သဗ္ဗေညု    ပုဂံနန်းမြင့် မျှော်စင်     နတ်မောက်မြို့ ရှိ ဗိုလ်ချူပ်အောင်ဆန်း ရုပ်ထု

‌           မကွေးတိုင်း၏ ထင်ရှားသော နေရာများကိုပြောပြရမည် ဆိုလျှင် မြို့တော် မကွေးမြို့ရှိ မြသလွန်စေတီတော်ကို စ၍ ပြောဆိုချင်ပါသည်။၎င်းမြသလွန်စေတီတော် ကို ဘော်သော နှင့် ဘော်ကျော် ဘီလူး ညီနောင်နှစ်ပါးက တည်ထားကိုးကွယ်ခဲ့ပါသည်။မြသလွန်စေတီတော်၏ အထူးခြားဆုံးမှာ စေတီတော်၏ ပတ်ပတ်လည်ကို  ဘီလူးပုံ အကုန်လုံးဖြင့် ရေးဆွဲထားသည့် အနက် ဘီလူး တစ်ကောင် ပြုံးနေသည့်ပုံ တစ်ပုံပါဝင်ပါသည်(ရောက်ရှိ ဖူးမျှော်ခဲ့လျှင် ရှာကြည့်ပါရန်)။ထို့နောက်တွင်မူ အထူးတလည် ပြောပြစရာမလိုသော ပုဂံ ညောင်ဦး ပုပ္ပါးတောင် တည်ရှိပါသည်။ဒါ့အပြင် ဗဿ     နိုး ဟုခေါ်သော ပန်ထွာဘုရင်မ ၏ မြို့တော်(ရောက်ရှိခဲ့လျှင် ပန်ထွာဘုရင်မှတည်ထားကိုးကွယ်ခဲ့သည့် ရွှေရောင်တော်စေတီတော် ကို ဖူးမြင်ကြပါရန်) အပြင် ရွှေစက်တော် ဟုလူသိများသော မန်းရွှေစက်တော် ပခုက္ကူ မြို့ ရှိ ရွှေမုတ်ဓောဘုရား   သီဟိုရှင်ဘုရား  တောင်တွင်းကြီးဘက်မှ တစ်ဆင့်သွားရသော ရွှေနတ်ကယ်တောင်   စလင်းမြို့ ဝက်သည်းကန် မင်းဘူးမြို့ရှိ နဂါးပွက်တောင် ကျောင်းတော်ရာရှိ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စလေမြို့ (ဦးပုံည ဇာတိ)ရှိ ရုပ်စုံကျောင်း ဆင်ပေါင်ဝဲမြို့ (ဦးကြင်ဦး ဇာတိ ဘာမှတော့မရှိပါဘူး) တို့စသဖြင့် တည်ရှိပါသည်(လော၂ဆယ် မှတ်မိသော နေရာများသာ ရေးသားထားပါသည် အများကြီး ကျန်ရှိနေပါသေးသည်)။ထို့အပြင် ဒုတိယကမ္ဘာစစ် အတွင်းက ထင်ရှားသော ခံတပ် များလည်းတည်ရှိပါသည်။ထို ခံတပ်များမှာ ကွေ့ချောင်းခံတပ် မင်းလှခံတပ် မိချောင်းရဲခံတပ် တို့ဖြစ်ပါသည်(ကိုယ် သိမျှသာ)။နောက်ထပ် အရေးကြီးသော နေရာတစ်ခုမှာ ကျောက်ဖြစ်ရုပ်ကြွင်းများတည်ရှိသော ပုံတောင် ပုံညာ ဒေသတို့ ဖြစ်သည်။နောက်ထပ်အရေးကြီးသည့်အချက်တစ်ချက်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဖြစ်သော ဗိုလ်ချူ ပ်အောင်ဆန်းမှာ ကျွန်တော်တို့ မကွေးတိုင်းအတွင်းရှိ နတ်မောက်မြို့သား တစ်ဦးဖြစ်ပါသည်။ ထိုကဲ့သို့သော အချက်အလက်များ နေရာဒေသများကြောင့် အညာဒေသ၏သက်သေ အမှတ်အသားများ ဖြစ်သော တမာ ထနောင်းပင်များ (ဖုန်လုံးများကလည်း တလိပ်လိပ်တက် စတာပါ)၏ သဘာဝ အနံ့အရသာများဖြင့် ပြည့်စုံသော မြန်မာနိုင်ငံ၏အလယ်ပိုင်းတိုင်းဖြစ်သော မကွေးတိုင်းကို အလည်တစ်ခေါက်လောက် အရောက်လာပါလို့ ဖိတ်ခေါ်ချင်ပါသည်။

Written by 

Kyaw Win Htet

MSC No - 183

Sort:  

မကွေးတိုင်းကို တော်တော်စိတ်ဝင်စားပါတယ်ဗျ

စိတ်ဝင်စားရင်လာခဲ့ပါ ဖတ်ခေါ်ပါတယ်

ပခုက္ကူသားတစ်ယောက်အနေနဲ့ မြို့နာမည်ဖော်ပြခံရလို့ ဂုဏ်ယူမိပါ၏

ခုလိုမွေးရပ်ဇာတိကိုဖော်ပြသည့်အတွက် ဂုဏ်ယူပသည်

လာလည်ချင်တယ် အကို :D

လာခဲ့ပါ တစ်လလောက်ဆို အသားမည်းသွားစေရမယ် :D

မည်းလဲ လာလည်မယ် :)

ရောက်ဖူးချင်ပါတယ်

လာခဲ့ပါ ပျော်စရာအရမ်းကောင်း ထန်းရည်လေးဘာပေါတယ်ဆိုတာတောင် မထည့်လိုက်ရဘူး

Broရေ profileပုံတင်ပါ ကို့ကြာင်းရေးတာပဲ ပုံတွေ ဝေဝေဆာဆာ ထည့်ရမယ် bro ပြန်ပြင်ပါနော်😁😁

ကဲ ခုကျ ဖတ်ရတာ ပျော်စရကြီး လာလည်ချင်စိတ်တောင် ပေါက်သွားပီ😁😁photo craditပေးရအုံးမယ် ဗျ ဘယ်က ယူသုံးထားတာဆိုတာ

လာလည်ပါ Welcome ပါလို့ photo ကတော့ ကိုယ်တိုင်ရိုက်ထားတာမို့ မထည့်တော့တာ

မ​ကွေးမှာထင်​ရှားတဲ့​နေရာ​တွေအများကြီးဘဲ...👍

ပုံတောင်ပုံညာရောက်ဖူးတယ်အကိုရေရှခင်းကတော့ရှယ်ဘဲထန်းရည်နဲကြွကြာ်လေးကလည်းလိုက်မှလိုက်နောက်တခေါက်ထပ်လာဖြစ်ချင်သေးတယ်ဗျာ
ဖြစ်နိုင်ရင်သက်ဆိုင်တဲ့ရှခင်းပုံလေးတွေပါစေချင်တယ်အကိုရေဝေဝေဆာဆာဖြစ်သွားတာပေါ့
နည်းနည်းလောက်ထည့်ပေးပါအုံးနော်အကိုရေ
ပီးတော့အကိုရေမkyiပေးတဲ့ကြံကိုနားထောင်ပေးပါနော်သူကsub-leaderမလို့ပါတခုခုဆိုသူ့ခေါင်းပေါ်ရောက်လာမှာမလို့ပါအကိုရေ
သူ့replyကိုအကိုမမြင်ဘူးထင်လို့ဒီကနေပြောပြတာပါအပေါ်မှာမkyi commentထားပါတကြည့်လိုက်ပါအုံးနော်အကိုရေ

ဟုတ်ကဲ့ပါအကိုရေ
အပြန်အလှန်ကူညီကျတာပေါ့😊😊😊

ဒါပေါ့ဗျာ

ကဲကိုဆီအိုးကြီးရေဒီကayaဆန်အိုး ကြီးပါဗျ

ဒါဆို နှစ်ယောက်ပေါင်းရင် ထမင်းကြော်တစ်ပွဲတာ့ ဖြစ်လာမှာပါ :D

ဖတ်လို့အရမ်းကောင်းbro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60526.80
ETH 2335.69
USDT 1.00
SBD 2.53