ဘဝဇာတ်ခုံ

in #myanmar7 years ago (edited)

ကဲ ခေါင်းစဉ်ကတော့ ဘဝဇာတ်ခုံ တဲ့ ။အရင်ဆုံးကျွန်တော်အရင်ဆုံး သေချာတာကတော့ ခေါင်းစဉ်ကို နှစ်ခြမ်းခွဲပစ်ပြီး မှ ပြန်ပေါင်းထုပ်မယ် (" ပြောရရင်ကိုယ်က ဗီလိန်ပေါ့ဗျာ အတွဲတစ်တွဲကို တမင်ခွဲထားသလိုပေါ့ ")။ ကျွန်တော်ကတော့ ဘဝဆိုတာ ဘကုန်း နဲ့ ဝ ပေါင်းထားတယ်လို့ပဲ ရိုးရိုးရှင်းရှင်းမြင်တယ်။ တအားတွေးတဲ့သူတွေကျတော့ ဘဝဆိုတာ အဝိုင်းမရှိရင် ဘာမှမဖြစ်ဘူးဆိုတယ့် အဓိပ္ပာယ် ပေါက်သွားရော ( "ဆိုလိုချင်တာရော နားလည်ပါ့မလားပေါ့ အဝိုင်းဆိုတာ Mpt လိုင်းမကောင်းတာကိုပြောတာမဟုတ်ဘူးနော် သိချင်ရင်တော့ ကိုယ့်ဘာသာ ထိုင်ပြီးစဉ်းစားချင် စဉ်းစား မထိုင်ချင်လဲ ထပြီးစဉ်းစားကျပေါ့ဗျာ" ) သေချာရှင်းပြနေရင် ကိုယ့်ဇာတ်ကိုကိုယ်နိုင်မှာမဟုတ်လို့ ဒီမှာတင် တစ်ခန်းရပ်ပြီး နောက်တစ်ပိုင်း ဇာတ်ခုံ ဆိုတဲ့စင်လေး ထိုးပြီး ဇာတ်ပွဲတစ်ပွဲလောက် ကကြည့်ကြတာပေါ့။ ဇာတ်ပွဲဆိုတာ နှစ်ပါးသွား စတိတ်ရှိုး ပြဇာတ် တို့ဘာတို့ ပေါ့ဗျာ ("ဒါတော့လူတိုင်းသိတာပေါ့လို့ ပြောမယ်ဆိုရင်လဲ ခဏတော့စောင့်ဗျာ Vote ပေးပြီးမှသာ ပြောတော့")။ဘာလို့အဲ့လိုပြောရသလဲဆိုတော့ကာ လူတော်တော်များများ ဇာတ်ပွဲကြည့်တယ်သာဆိုတယ် နောက်ပိုင်းဇာတ်ရောက်ရင် ဘာလို့တစ်ဝက်လောက်ထပြန်ကြရတာလဲ မသိဘူး။ရှေ့ပိုင်းက စတိတ်ရှိုးဆိုရင် လူတွေများပြည့်တာများ ရုံတစ်ခုလုံးပြည့်မတတ်ပဲ နောက် နှစ်ပါးသွားလဲရောက်ရော လူတစ်ဝက်လောက်ပဲကျန်တော့တယ် နောက်ပိုင်းဇာတ်လဲရောက်ရော လူနည်းနည်းပဲကျန်တော့တယ်။ရှေ့ပိုင်းမှာကျ ဘာလို့များလည်းလို့ သေချာပြန်တွေးကြည့်မိတော့ တချို့ကသီချင်းလေးနားထောင် တချို့က လိုက်ကကျ တချို့က အဆိုတော်တွေကို လာကြည့်ကျ နဲ့ ပျော်စရာတွေချည်းပဲကိုး လူများတာ ဖြစ်သင့်ပါတယ်။နောက်ပိုင်းကျ ဘာလို့လူနည်းသွားရသလဲ တွေးကြည့်ပြန်တော့ ပျော်စရာမကောင်းလို့ပေါ့ ( ဟုတ်ဘူးလား ) တကယ်ကျတော့ နောက်ပိုင်းဇာတ်ဆိုတာ အလွမ်း အငို ပြဇာတ် ပညာပေး ဆိုတာတွေဆိုတော့ မပျင်းရှိရောလားဗျာ( ရမ်းရွှီးနေတာ )။အမှန်ကတော့ ဇာတ်ဆိုတာနောက်ပိုင်းတွေက တကယ့်အနှစ်တွေ(လာပြီလေ ဒဿ နတွေ ) ပညာရစရာတွေ ဗဟုသုတရစရာတွေ ချည်း ကပြကြရတာကိုး။ဒါကြောင့် "ဇာတ်သမားလာရင် မှတ်သားစရာ ကျန်ရမယ်" လို့ပြောကြတာကိုး။ဘာလို့ ဘဝဇာတ်ခုံ လို့ဆိုသလဲဆိုတော့ ဘဝဆိုတာလည်း ငယ်စဉ်အခါကဆို ပျော်စရာတွေချည်းပဲ အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့ ပျော်စရာတွေကို စိတ်မဝင်စားတော့ဘူး တည်ငြိမ်သွားကြတယ်။ဆိုလိုရင်းကတော့ " ငယ်ရွယ်စဉ်အခါမှာ ပျော်ပျော်နေပြီး အသက်အရွှယ်ရလာတဲ့အခါကျ တည်ငြိမ်ရင့်ကျက်သွားဖို့ လိုတယ်ဆိုတာပါပဲ " )

ပေါက်ကရစာစဉ် ဖြစ်ပါသဖြင့် အပျော်သဘောနဲ့သာ ဖတ်ရှုပေးကြပါရန်
ပုံ ဦးပေါ်ဦး