ဖြစ်လာပါ့မလားမျှော်လင့်ရသောနေ့

in #myanmar6 years ago

IMG_20180608_142806.jpg
၅လပိုင်းကုန်ပြီး ၆လပိုင်းတောင်လဝက်ကျိုးနီးပါး ရောက်လာခဲ့ပါပြီ။အချိန်တွေက တရွေ့ရွေ့နှင့်ကုန်မြန်လွန်းနေသည်။နေ့ရက်တစ်ခုတစ်တွက် ကြိုတင်ပြင်ဆင်နေခဲ့ပေမဲ့ယခုအချိန်ထိ ဘာမှမဖြစ်လာသေးပေ။အချိန်တွေ
နီးကပ်လာသည်နှင့်အမျှ စိုးရိမ်စိတ်က တဖိန်းဖိန်းနှင့် ဖြစ်လာ၏။ထိုနေ့လေးသည် ကျွန်ုပ်ဘဝမှာ လက်လွတ်မခံနိုင်သောနေ့ဖြစ်၏။မဖြစ်ဖြစ်အောင် ကြိုးစားမည်ဟုအံကိုတင်းကြိတ် ကြိုးစားခဲ့ပေမဲ့ ယခုအချိန်ထိ အရာ
မမြောက်သေးတော့ ဖြစ်လာပါ့မလား သံသယနှင့်အတူအားငယ်ဝမ်းနည်းမှုက အရှိန်အဟုန်နှင့် လျှံတက်လာ၏။ထိုသို့ဖြစ်လာတိုင်း ဖြစ်ကိုဖြစ်ရမည်ဟု စိတ်ကို တင်း
ကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့မြဲပင်။
ထိုနေ့လေးသည် ကျွန်ုပ်ဘဝအတွက် အပြောင်းအလဲတစ်ခု ဖြစ်စေလိမ့်မည်ဟု ယုံကြည်နေမိသည်။တစ်ခါမှမကြုံခဲ့ဖူးသော ထိုနေ့လို မျိုးကို ကြုံရတော့မည်ဟု တွေးလိုက်တိုင်း ရင်တွေတလှပ်လှပ် ခုန်မိ၏။တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးသော သံယောဇဉ်ကြိုးတို့သည် ထူးဆန်းစွာပင် တွယ်ငြိနေမိပါသည်။ဤသို့ဤသို့..မျှော်လင့်ရင်
ခုန်ရသောနေ့လေးသည်ကား ကျွန်ုပ်လေးစားအားထားရာ ...အနာဂတ်လူငယ်မျိုးဆက်များ မွေးထုတ်ပေးမည့် MSCအဖွဲ့ကြီး၏မွေးနေ့ ၊MSC ညီကိုမောင်နှမများ တွေ့
ဆုံပွဲနေ့ကြီးပင်ဖြစ်ပါသည်။
ကျွန်ုပ်သည် Online ပေါ်ရှိ လူများအား အယုံအကြည် မရှိခဲ့ပါ။ယုံကြည်ရသော သူများသည် အင်မတန်လည်း ရှားပါ၏။သို့သော် ကျွန်ုပ် MSC အဖွဲ့ထဲသို့ ရောက်
ရှိပြီးသည့် အချိန်မှစ၍ ထိုအတွေးမျိုးသည် ၆၀%ခန့်ပင်လျော့ပါးသွားခဲ့ပါသည်။MSC ညီကိုများသည် စည်းလုံးမှုကို လက်ကိုင်ထား၏။ညီညွှတ်မှုကို ပြ၏။စည်းကမ်းကိုဦးထိပ်ထား၏။အလှူအတန်း ရက်ရောကြ၏။MSC အဖွဲ့
ထဲသို့ ရောက်ရှိပြီးနောက် ကျွန်ုပ်သည်လည်း အတော်အတန် ပြောင်းလဲခဲ့ပါသည်။အပြင်မှာ မဆုံဖူးကြသော်
လည်း ယုံကြည်မှုသည် ပြင်းထန်၏။ရင်းနှီးမှုသည် ရိုးတွင်းချဉ်ဆီ ထိ စီးဝင်ကာ ညီအစ်ကိုရင်းချာများသဖွယ်
ပင် ခင်မင်ကြပါသည်။
ထိုသို့သော MSC တွေ့ဆုံပွဲကြီးသည် ကျွန်ုပ် မျှော်လင့်ရဆုံးနေ့လေးဖြစ်ပါသည်။Onlineပေါ်တွင်သာ ခင်မင်ကြရသော သူများကို အပြင်၌ တွေ့ကြရမည့်ဟု တွေး
လိုက်တိုင်း နှလုံးခုန်သံတွေ မြန်လာမြဲပင်ဖြစ်ပါသည်။ထိုနေ့လေး အမြန်ရောက်စေရန်ဆုတောင်းမိ၏။သို့သော် ထိုအကြောင်းတွေးလိုက်တိုင်းလည်း အမြဲအားငယ်
ရပါသည်။ကျွန်ုပ်သည် မြန်မာပြည်မြေပုံ အောက်ဆုံးက
နယ်မြို့ဖြစ်သည့်အလျှောက် အထက်မြန်မာပြည်နှင့် အလွန်ပင်အလှမ်းဝေး လွန်းလှပါသည်။အလှမ်းဝေးလှ
သည့်အလျောက် စရိတ်သည်လည်း ကျွန်ုပ်အတွက် မသေးလှချေ။ကြိုတင်၍ စီစဉ်နေခဲ့သော်လည်း ယနေ့အထိ စရိတ်သည် Zero သာ ဖြစ်သေးချေ၏။အားငယ်မှုသည် မပြောပြတတ်အောင်ပင်။အချိန်သည်ကား တရွေ့ရွေ့နှင့် ကုန်မြန်နေ၏။တဖြည်းဖြည်းနှင့် နီးကပ်လာ
လေပြီ။ကျွန်ုပ် ရောက်အောင်သွားနိုင်ပါ့မလား၊MSC ညီကိုများနှင့်ဆုံတွေ့နိုင်ပါ့မလား၊တကယ်ပင်စိုးရိမ်နေမိပါသည်။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ဖြစ်လာပါစေဗျာ။ဒီတစ်ကြိမ်မဖြစ်တော့လည်းကိုယ့်မြို့လာရင်သွားတွေ့လို့ရပါတယ်။မြန်မာပြည်အနှံ့MSCကသွားမှာပါ။

ဟုတ်bro ကျေးဇူးပါ

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

online ပေါ်မှာသာကျွန်တော်အကုန်သိတာ အပြင်မှာ msc member ဝင်တွေကိုတွေ့ချင်နေတာပါ

တူတူပါပဲ့broရေ

တစ်ကြိမ်မဟာတ် တစ်ကိမ်ပေါ့ဗျ

ဟုတ် မဖြစ်ဖြစ်အောင်တော့ ကြိုးစားကြည့်ဦးမယ်

ဖြစ်လာမှာပါ...တလကျော်လောက်လိုသေးတာပဲ။အဆင်ပြေသွားမှာပေါ့..

အဆင်ပြေရင် ကောင်းတာပေါ့ဗျာ

ခုတစ်​ခါမလိုက်​ဖြစ်​ရင်​​နောက်​တစ်​ခါ​ပေါ့ဗျာ။
ကျ​နော်​လဲလိုက်​ဖြစ်​မယ်​ထင်​ပါပူး

ဖြစ်အောင်တော့ ကြိုးစားကြည့်ဦးမယ်ဗျာ

ဖိုက်တင်း မောင်လေးရေ

ဟုတ် မစုရေ ကြိုးစားပီးလာမယ်

အတတ်နိုင်ဆုံကြိုးစားပေါ့ကွာ

ဟုတ်ကဲ့ပါကိုသက်

မြိတ်ကနေ လာရမှာဆို အသွာအပြန် တစ်သိန်းတော့ ကျော်မယ် စားစရိတ်မပါသေးဘူး ငင့်

၁သိန်းနဲ့မရပါပုဘုရား😂😂

အဆင်ပြေပါစေ....
ဖိုက်တင်း။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65