ရင်လေးမိပါသော

in #myanmar6 years ago

image
ခောတ်သည် တရွေ့ရွေ့နှင့် ပြောင်းလဲလာ၏။ထိုပြောင်းလဲလာသော ခောတ်ရေစီးကြောင်းနှင့်အညီ ရိုးရာယဉ်ကျေးမှုတို့ သည်လည်း တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်လာပါသည်။ထို့အတူ ခောတ်လူငယ်များ ၏ အတွေးများ၊အယူအဆများ၊ရဲရင့်မှုများသည် သူမတူအောင် တိုးတက်လာကြ၏။ခောတ်လူငယ်ဟု ဆိုရာတွင်
ကျွန်ုပ်သည်လည်း အသက်၂၀ပင်မပြည့်သေးသော
လူငယ်တစ်ယောက်ပင်ဖြစ်၍ ကျွန်ုပ်ဆိုသော ခောတ်လူငယ်မှာ နောက်ပေါက်စ လူငယ်လေးများကိုဆိုလိုပါသည်။
ဒီရေအလား တိုးတက်လာသော လူငယ်လေးများ၏
အတွေး အယူအဆများ၊ရဲရင့်မှုများသည် တစ်ခါတစ်ရံ
ကြက်သီးမွှေးညှင်း ထမိအောင်ပင် ကြောက်စရာကောင်းနေကြပါသည်။
ခု လူရွယ်တို့သည် လွတ်လပ်မှုကိုနှစ်သက်၏။ထိန်း
ချုပ်မှုကို မလိုလားကြပါဘူး။ကျွန်ုပ်သည်လည်း ထိုအချက်များကို သဘောကျ လက်ခံပါသည်။သို့သော် ခုခောတ်
လူငယ်များ၏ အတွေးများ အယူအဆများသည် ရှေ့ပြေး
လွန်းသွား၍လား မပြောတတ်၊ဂါရဝတရားဆိုတာ မသိ
ကြတော့ပါဘူး။ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဘာမှန်းမသိကြတော့ပါဘူး။လူကြီးသူမ များကို လေးစားရကောင်းမှန်းမသိကြတော့ဘူး။အဆိုးဆုံးကား ကျေးဇူးရှင်မိဘ
နှစ်ပါးကို ရိုသေလေးစားရကောင်းမှန်း နားမလည်ကြတော့ဘူး။ဒီအချက်သည်ကား ကျွန်ုပ် ရင်အနာမိဆုံးသော
အလွန်ထိတ်လန့်မိသောအရာဖြစ်ပါသည်။
မိဘကို လေးစားရကောင်းမှန်းမသိ၊ပြန်ပြောချင်တိုင်းပြောကြ၊အော်ချင်တိုင်းအော်ကြနှင့် အလွန်ကို ရင်လေးစရာ ကောင်းလှပါသည်။ကျွန်ုပ်သည်လည်း အလုံးစုံကောင်းမွန်သော သူတစ်ယောက်မဟုတ်ပါ။သို့ပေမဲ့ လူမှန်းသိတတ်စအရွယ်ကတည်းက မိဘကို စိတ်နဲ့တောင် မပြစ်မှားရဲခဲ့ပါဘူး။ခုခောတ်ကြီးမှာကား ကြားရ
မြင်ရသမျှသည် ကျွန်ုပ်အတွက် ထိတ်လန့်စရာကောင်းလှပါသည်။မိဘသည် ကျေးဇူးရှင်ဆိုတာ မေ့လျော့နေကြသည်။မိဘနှစ်ပါး၏ ရှုန်းကန်ကျွေးမွေးတာတွေကို မမြင်ကြတော့ဘူး။မိဘများ၏ ကျေးဇူးကြောင့် ပညာတွေတတ်လာသည့်အခါ ပညာမတတ်သော မိဘများကို သူ့ထက်ကဲ လုပ်လာကြသည်။တစ်ခါတစ်ရံ မိဘကို ပြန်ဆဲဆိုကြိမ်းမောင်းနေတာတွေတောင် မြင်ရ၊ကြားရ၏။ငရဲ
ဆိုတာ အယုံအကြည် ကင်းမဲ့လာကြပြီလား။မိဘကို စော်ကားလျှင် အဘယ်မျှ အပြစ်ကြီးတယ်ဆိုတာ နားမလည်ကြတော့တာလား။မိဘမျက်ရည် ကျအောင် လုပ်တဲ့သူ၊မိဘကို စော်ကားတဲ့သူတွေဟာ ဘယ်တော့မှ
ကောင်းကျိုးကို ပြည့်ဝအောင်မခံစားရဘူးဆိုတာ တကယ်ပဲ့ မတွေးမိကြတော့လား ။သူ့တို့အစား တွေးရင်း တွေးရင်း တကယ်ကိုရင်လေးမိပါသည်။မိဘတွေဟာ
တကယ်တော့ သနားစရာကောင်းလှပါသည်။သားသမီး
တွေ လူလားမြောက်စေဖို့၊စာတတ်ပေတတ် ပညာတတ်
ကြီးတွေဖြစ်စေဖို့ မရှိသည့်တိုင် ကြိုးစားရှာဖွေရှုန်းကန်ကာ ထောက်ပံ့ပေးခဲ့ပါသော်လည်း သူတို့သည် များသောအားဖြင့် စေတနာအကျိုးကို မခံစားကြရချေ။သားသမီးများ၏ စေတနာကို နားမလည်ကြသောဒဏ်၊ရိုသေလေးစားခြင်းကိုမခံရသည့်ဒဏ်များကို ခံရသည့်အခါ ဘယ်လိုများ အားတင်းကာ ခံကြရမလဲ။မိဘ၏တန်ဖိုးကို
နားမလည်ကြသော သူများအတွက်ကား အချိန်လွန်မှ
နောက်တတတွေ ရင်ဝယ်ပိုက်ရတဲ့ အဖြစ်မျိုး မဖြစ်စေ
ချင်လှသည်မို့ သူတို့အတွက်ကား တကယ်ကို ရင်လေးမိပါတော့သည်။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

မိဘကို လုပ်​​ကျွေး​သောသားသမီး မိဘစိတ်​ချမ်းသာ​အောင်​ထား​သော သားသမီး ဘယ်​​တော့မှ ဒုက္ခမ​ရောက်​ ​ရောက်​​သော်​လည်း ကယ်​တင်​မယ့်​သူရှိသည်​။

ဘယ်အရာမဆို တန်ဖိုးသိမှ တန်ဖိုးရှိ တာပါ တန်ဖိုး မသိသူအဖို့ ဘယ်အရာမဆို တန်ဖိုးမရှိဖြစ်သွားတာပါပဲ အချိန်တွေလွန်သွားမှ နောင်တ နဲ့ တနေကြရတတ်တာပါပဲ စေတနာကောင်းနဲ့ဖော်ပြပေးတာ ကျေးဇူးပါ

ဟုတါကဲ့ပါ ကိုစိုး

ပထမအချက်‌ ‌ပြောချင်‌တာက ပတ်‌ဝန်းကျင်‌နဲ့ အများကြီးသက်‌ဆိုင်‌တယ်‌။ဒုတိယအ‌နေနဲ့ ညီတို့လို့ မိဘအ‌ပေါ်တန်‌ဘိုးထားတဲ့သူဟာ ဘယ်‌‌တော့ မှ ဒုက္ခ မ‌ရောက်‌ဘူးညီ။

မှတ်သားထားပါ့မယ်ခင်ဗျ

သားသမီးမ​ကောင်း မိဘ​ခါင်းတဲ့
အဆုံးအမမတပ်​ရင်​ သားသမီးပျက်​စီးတာ​တွေ ​တွေ့​နေရတယ်

အချို့ သားသမီးတွေဟာ မိဘအပေါ် မကြောက်မလန့် မိုက်ရိုင်းကြနေတာ တွေ့မိလို့ ရေးမိလိုက်တာပါ ဦးယုရေ

သိသိကြီးနဲ့အရေးမလုပ်ချင်သောသူများရှိနေပါသေးသည်

မှန်ပါသည် ကိုမိုးဝေ

လူငယ်တွေ အတွေးရဲ အချစ်ရဲ သတ္တိလဲရဲ ရိုသားမှု ရိုသေမှုလည်းရှိပါစေ

ဟုတ်ကဲ့ပါဦးထွေး

ခေတ်နှင့်အညီ နေထိုင်နိုင်တာ ကောင်းပါတယ်
ခေတ်ဆန်လွန်းရင်သာ မကောင်းတာ...

သိပ်မှန်တဟ် ကိုဟိန်းရေ

မမအိမ်နားမာ ရှိတယ် ပရဟိတ သေအောင်လုပ်ပီး အမေကျ ပစ်ထားတာ အာ့မျိုး ရွံစရာရီး😞

ဒီလို မျိုးအများကြီး ကြုံဖူးတဟ် မမကြည်

သားသမီးကို သွန်သင်ဆုံးမတဲ့ မိဘလည်း လိုတယ်

မှန်ပါတယ်မစုရေ

အောင်ရဲလင်းပုံမှတ်နာအေ မုန့် ကျွေး

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37