ရာစုသစ်ကံကြီးထိုက်သူ

in #myanmar6 years ago (edited)

IMG_20180327_215905.png
"အသုံးမကျတဲ့ မိန်းမကြီး ထွက်လာခဲ့ ခင်ဗျားကိုသတ်မယ်" "ဘာမှသုံးစားမရတဲ့အဘွားကြီး " ...
မနက်စောစော ကြားလိုက်ရတဲ့ဆဲဆိုသံတွေကြောင့်
ဘာဖြစ်တာလဲ ဟု ကျွန်ုပ်အိမ်လမ်းထဲကို စူးစမ်းစိတ်ဖြင့်
လှမ်းကြည့်မိသည်။
"ဘုရား ...ဘုရား " တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်ုပ်ထိတ်လန့်စွာ ဘုရားတ မိသည်။ခုဏက ဆဲဆိုသံ
တွေကား သားက အမေအိုကြီးကို ဆဲဆိုကြိမ်းဝါးနေခြင်းဖြစ်သည်။လက်ထဲတွင် ဓနိခုတ်ဓား ကြီးကိုင်လျက်
အိမ်အောက်ကနေ အမေအိုကြီးကို သတ်မယ် တကဲကဲ
ဖြင့် ဆဲဆိုနေသည်။ဓားကြီးကို သွေးလိုက် အော်ဆဲလိုက်ဖြင့် ဆဲဆိုသံတွေကား နားမခံဝံ့သာ။
မောင်ဘ(အမည်လွှဲ) သူကား ရပ်ကွက်ထဲတွင်
အမည်ဆိုးနှင့်ကျော်ကြားသူဖြစ်သည်။မဲညစ်သောအသား အရပ်တိုတို ရှိ၏။သားသတ်၊ငါးဖမ်း အစုံလုပ်၏။ တောက်တိုမယ်ရလုပ်သည်။ရတဲ့ငွေ အကုန်အရက်သောက်ပစ်၏။နေ့စဉ် အချိန်နှင့်အမျှ မူးနေသူဖြစ်သည်။ဖဲဝိုင်း၊အရက်ဝိုင်း၊အသုဘအိမ် မောင်ဘ မပါသောအိမ်ဟူ၍မရှိ။ရပ်ကွက်ထဲတွင် အုပ်စုဖွဲ့ ခိုးသည်၊ဝှက်သည်။တစ်လော ကပင် သူတို့ဝင်ဖောက်သော အိမ်အနီးမှ မိန်းမကြီးတစ်ယောက်မှာ သူခိုးဝင်သည်ကို အလန့်တကြားဖြစ်ရာမှဦးနှောက်သွေးကြောပြတ်၍ဆုံးရှာလေသည်။မောင်ဘသည်ကား တစ်ရပ်ကွက်လုံး၏မေတ္တာဘုံဖြစ်နေရှာတော့သည်။
ဒီနေ့မနက်တွင်လည်း ညက အသုဘအိမ်တွင် အရက်သောက် ဖဲရိုက်ရာမှ မူးပြီးအိမ်သို့ပြန်လာသည်။အမိ
အိုကြီးဆီက ဖဲရိုက်ရန် အရက်သောက်ရန် ပိုက်ဆံတောင်း၏။အမိအိုကြီးမှာဆေးဝယ်ရန်သာ ပိုက်ဆံရှိတော့သဖြင့် မရှိတော့ဟုငြင်းသည်။ထိုအခါ အရက်ကျွေးကျွန်ဖြစ်နေသောမောင်ဘသည် မိခင်ကို အော်ဟစ်ကြိမ်းမောင်း၏။ဆဲဆို၏။ဓနိလှီးဓား ကြီးကို ဆွဲ၍ မိခင်ကို သတ်ဖို့
ကြိုးစားလေသည်။မှားသည် မှန်သည် မစဉ်းစားမိတော့
ခွေးရူးပမာ နီးရာ လူ ရမ်းကားလေတော့သည်။အမိအိုကြီးသည် အနီးပတ်ဝန်းကျင်ရှိသူများကို ရန်ရှာနေသောကြောင့် ပိုက်ဆံကိုပေးလိုက်လေသည်။မောင်ဘသည် ချက်ချင်းထွက်သွားပြီး အရက်ဝယ်၍ပြန်လာကာ
အိမ်ရှေ့လမ်းမတွင်မထတမ်းသောက်လေတော့သည်။
နာရီဝက်ခန့် ကြာပြီးသောအခါ လမ်းဘေးတွင်ပင် အိပ်ပျော်သွားလေသည်။မူးပြီး ရမ်းကားရာမှမောပန်းသွားဟန်ရှိ၏။မွန်းလွဲပိုင်းသို့ရောက်သောအခါ ရပ်ကွက်
ထဲ၌ ရေစက်ပိုင်ရှင် ဦးအုန်း(အမည်လွှဲ) ရောက်လာပြီး
အလုပ်ခိုင်းရန်အတွက် ခေါ်လေသည်။အလုပ်ကား
တိမ်နေသော ရေတွင်းကို ပြန်လည်တူးဖော်ရန်ဖြစ်၏။
ရေစက်ပိုင်ရှင်သည် မောင်ဘအား ယခင်နေ့ကတည်းက
ခေါ်ယူထားခြင်းဖြစ်၏။အရက်မသောက်ရန်လည်း မှာ
ကြားထားလေသည်။ဦးအုန်းလာရောက်ခေါ်သောအချိန်
တွင် မူးနေသောအခါ အရက်မသောက်ရန်ပြောထား
သည့်မှပင် သောက်ထားသည်မို့ ဆဲဆူလေသည်။
ထို့နောက်ဦးအုန်းဆိုင်ကယ်နှင့်ပင် နှစ်ယောက်သား
ထွက်သွားလေသည်။ကွမ်းတစ်ယာညက်ခန့်ကြာလတ်
သော် ဦးအုန်း ရပ်ကွက်ထဲသို့ ပြန်ရောက်လာကာ လူနှစ်
ယောက်ပြန်ခေါ်ပြီးပြန်ထွက်သွားလေသည်။ခဏကြာ
သော်ဦးအုန်းသည် ကပျာကယာ ပြန်ဆင်းလာ၏။ဦးအုန်းပြောလိုက်သောစကားကြောင့် အလွန်အမင်းအံ့သြ
သင့်ရလေသည်။
"ဟင်.ဟာ" " မောင်ဘ သေပြီ" "ဟုတ်လို့လား"
စသည်ဖြင့် ကျွန်ုပ်နည်းတူ ရပ်ကွက်သားများက မယုံ
နိုင်စွာ ပြောကြ၏။ခုဏကပင် ထွက်သွားတာ ခုသေပြီ
ဆိုတော့ မည်သူမျှ မယုံနိုင်စွာ ဖြစ်ကြ၏။ဦးအုန်းသည်
လည်းမယုံနိုင်စွာ အဖြစ်အပျက်ကိုပြောပြလေသည်။
မောင်ဘကိုခေါ်သွားပြီးနောက် ရေတွင်းသို့ရောက်
သောအခါ ရေတွင်းသည်ကား နက်သည်မို့ ဦးအုန်းသည်
မောင်ဘကို မူးနေသောကြောင့် တစ်ယောက်တည်းဆင်းရန်မဖြစ်နိုင်ဟုဆိုကာ "မင့်တစ်ယောက်တည်း မဖြစ်
ဘူး လူပြန်ခေါ်ဦးမည်"ဆိုကာ ပြန်လာလေသည်။ကလေးတစ်ယောက်လည်းပါသည်မို့ မောင်ဘကို ကလေးနှင့်ထားခဲ့လေသည်။လူခေါ်ပြီးပြန်သွားသည့်အခါ မောင်
ဘ ကို ရေတွင်းထဲတွင် သေနှင့်နေသည်ကို တွေ့ရလေ
သည်။ဦးအုန်းသည် ထိတ်လန့်စွာဖြင့် ဘယ်လိုဖြစ်တာလဲဟု ပတ်ဝန်းကျင်ကို မေးလေသည်။
ကျန်ရစ်သောကလေးပြောစကားအရကား
မောင်ဘသည် ကလေးကို "ညီငယ် ကိုကြီးအောက်ဆင်း
သွားမယ်"ပြောကာ ဆင်းသွားလေသည်။ရေကား ဒူးလောက်ပင် မရှိပေ။ဆင်းပြီးခဏပင် ရေထဲသို့ လဲကျသွား
သည်ကို တွေ့ရသည်နှင့်ကလေးသည် အော်ဟစ်လေသည်။ထိုအခါ အနီးအနားရှိ ပန်းရံ အဖွဲ့များရောက်လာကြည့်ကြလေသည်။သို့သော် ရေတွင်းကလည်း နက်သည်မို့ အောက်သို့ သူ ဆင်း၍မရဲ ငါဆင်း၍မရဲနှင့်ပင် ရုန်း
ကန်နေသော ခန္ဓာကိုယ်သည် ငြိမ်သက်သွားခဲ့လေသည်။အောက်ဆီဂျင်ပြတ်၍လော၊ရေနက်၍လော၊အဘယ်ကြောင့်သေသည်ဟူပင်မသိရပေ။
ထိုအဖြစ်အပျက်ကိုကြားသိရပြီးနောက် ရပ်ကွက်သူ
များ၏ စကားသံများ သူတစ်ပေါက် ငါတစ်ပေါက် ဆူထွက်လာလေသည်။"ဒါ အမိကို စော်ကားလို့ သတ်ဖို့လုပ်
လို့ သူဒီလို ဖြစ်တာ ၊ စသည်ဖြင့် သနားဂရုဏာ ဖြစ်
ကြသလို အပြစ်ပြောသူများလည်းရှိကြသည်။ကျွန်ုပ်တူ
မလေး သည် သူ့အမေကို "မေမေ ဒါ ခရုငယ်တွေကို ဓားနဲ့ခုတ်စင်းလို့ ဝဠ်လည်တာနေမယ်နော်"ဟု ပြောနေသော စကားနှင့်အတူ အတွေးပင်လယ်ကြောတွင်
မျှောသွားလေတော့သည်။သြော် ...ကိုဘ အသက်ရှင်
က လက်မနှေးသားသတ်သမား ရပ်ကွက်ထဲ ခိုးမှု ဝှက်မှု ထိပ်ဆုံးက ကျူးလွန်သူ၊အဆိုးဆုံးက အမေကို သတ်ဖို့ ကြိုးစားသူ နေ့ပင်မကူး ကံကြီးထိုက်လေပြီ။အသက်ရှင်သမျှကာလပတ်လုံး ကောင်းမှုကုသိုလ်မရှိ ၊မကောင်းမှုနှင့်ပင် အခု ဘဝကူးရလေပြီ ။ သူ့ဘဝသည်
အဘယ်သို့ပင် ဘဝကူးမကောင်းနိုင်တော့မည်မဟုတ်ပေ။မိဘကိုစော်ကားသောသူကိုကမ္ဘာလောကကြီးက ထွက်သက်ဝင်သက်ပင်မပေးတော့၊ကမ္ဘာမြေကြီးပေါ်ရပ်ခွင့်မပေးတော့ပါ။စိတ်မကောင်းခြင်းများစွာဖြင့် သတိသံဝေဂရမိ၊သနားဂရုဏာဖြစ်မိသည်။
ပတ်ဝန်းကျင် တစ်ခွင်ကား ကိုဘ မိခင်အိုကြီး၏ "ဒါ
အမေကို စော်ကားလို့ ၊ သား အမေ့ကို သတ်မယ်ဆို ခုသားကအရင်သေခဲ့ပြီ၊အမေ့စကား နားမထောင်လို့ အမေ့ဆုံးမတာ မနာခံလို့ ခုလိုဖြစ်တာ၊ငါ့သားလေး အဖြစ်ဆိုးလှချည့်လားကွယ်"စသည့်ဖြင့်သတ်ဖို့ကြိုးစားသော
သားကို အပြစ်မမြင်၊ယူကျုံးမရစွာ အော်ဟစ် ငိုကြွေးသံသည် ကား ပဲ့တင်ထပ်လျက်။ ။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ပို့စ်​ ကဖတ်​​ကောင်းတယ်​ဗျကြိုက်​တယ်

ကျေးဇူးပါခင်ဗျ

ခင်ပွန်းကြီး၁၀ပါးကိုပစ်မှားသောသူဘယ်တော့မှမကြီးပွား။အဆင်မပြေ။ကောင်းတယ်ဗျာအရေးသားတွေရှယ်ပဲ။

ဟုတ်တယ်ဗျာ ခင်ပွန်းကြီး ဆယ်ပါး ပြစ်မှားသူဟာ ဘာလုပ်လုပ် အဆင်မပြေတာပဲ့များပါတယ်

သံဃာဝတ်လို့မရတော့ပါဘူး

မိဘကို​စော်​ကားတာဟာ ဘုရားရှင်​ကို ပစ်​မှားသလိုပါပဲ .. မသိ​တော့ မ​ကြောက်​​တော့တာ​ပေါ့ဗျာ ..

ဟုတ်တယ်ဗျာ ခင်ပွန်းကြီးဆယ်ပါး မပစ်မှားသင့်ပါဘူး

ကံကြီးထိုက်တယ်ပြေရမလိုပေါ့နော်

ဒီလိုပဲ့ထင်မိပါတယ်ဗျာ

မိဘ ကိုစော်ကားကြသူတိုင်း ကံကြီးထိုက် ပါတယ်

ဟုတ်ပါတယ်အစ်မ မိဘကို စော်ကားတာဟာ အရမ်းကိုအပြစ်ကြီးလွန်းပါတယ်

မိဘကို​တော့ မပြစ်​မှားသင့်​ပါဘူးဗျာ
ရေးထားတာ​လေး​ကောင်းတယ်ဗျာ သင်​ခန်းစာယူ စရာပါ

စိတ်ရိုင်းတွေဝင်လာတော့ အမိကို အမိမှန်းမသိတော့ဘူးလေ
အဓိက က သတိတရားပါပဲ့ ဗျာ သတိလွှတ်သွားရင် ဘာဆိုဘာမှ မသိနိုင်တော့ဘူး

မိဘ ကျေးဇူး မြင့်မိုရ်ဦးတဲ့ မိဘကို မပြစ်မှားမိအောင် ၊မိဘ ကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့  သားသမီးတွေမှာ တာဝန်ရှိတယ်။

မှန်တာပေါ့ဗျာ မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေတုန်းမှာ စိတ်ချမ်းသာသာနဲ့ပြုစုလုပ်ကျွေးသင့်တယ်

မိဘမျက်ရည် တစ်စက် သားသမီးဆင်းရဲတစ်သက်တဲ့

ဒါကြောင့်မို့ မိဘတွေဟာ သားသမီးတွေအတွက် တော်ရုံတနါရုံ မျက်ရည်မကျတာဖြစ်မယ်

ခုခေတ်ကြီးက ကြာလေဆိုးလာလေလို့ပြောရမလားဘဲ သူ့အကြောင်းနဲ့သူပါလေ နောက်ဆုံးတော့

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58075.38
ETH 2463.77
USDT 1.00
SBD 2.38