သည်မောင်ကြိုးစားနေပါသည်

in #myanmar6 years ago

image
သြော်....အချိန်တွေကမြန်ပါဘိ။၎လဆိုသော အချိန်တို့သည် မနေ့တစ်နေ့ကလိုပင် ဖြစ်နေဆဲ။ကျောင်း
တက်နေတာ တစ်ပတ်မျှသာ ရှိသေးသည်ဟုထင်နေဆဲ။
သို့သော် ကျွန်ုပ်တို့၏ ရန်သူ ကြီးအား အနီးဆုံးအချိန်တွင်ရောက်နေလေပြီ။ထိုအချိန်သည် ကျောင်းသားထုကြီး
အတုန်လှုပ်ဆုံးသော အချိန်ဖြစ်သည်။သူသူငါငါ စာရွှက်
ကိုယ်စီနှင့် အလုပ်ရှုပ်ဆုံးအချိန်ဖြစ်၏။မိတ္တူ ဆွဲရလွန်း၍
ပိုက်ပိုက်သောက်သောက်လဲ ကုန်သော အချိန်လည်းဖြစ်သည်။
ထိုထဲတွင် ကျွန်ုပ်သည်လည်း အပါအဝင်ပေါ့။မိတ္တူ
စာရွှက်ပေါင်း တစ်သောင်းခြောက်ထောင်နှင့် အလုပ်ရှုပ်
နေချေသည်။စာမေးပွဲကား ရက်ပိုင်းသာ လိုတော့၏။
သို့သော် ပိုင်နိုင်ပါသည်ဆိုသော ဘာသာရပ်ကား မရှိသေး။ကျွန်ုပ်အဖို့ မီးခိုးထွက်အောင် ကျက်ရ တွက်ရသော
မဟာအချိန်ပေါ့။စာမေးပွဲကြီး နီးမှပင် အိပ်ဝင်၊စားဝင်၊သောက်ဝင် လိုက်သည်ဖြစ်ခြင်း။ဤကား ကျောင်းသား
များအဖို့ ဓာတ်တစ်ခုလိုပင် ဖြစ်နေသည်လား မပြောတတ်ပေ။တစ်နေ့တစ်နေ့ ကျက်ရသော စာထက် အိပ်ချိန်
စားချိန်က ပိုများနေတော့သည်။
ထိုကြားထဲ ဖုန်းကလည်း သုံး၍ကောင်းလှလေခြင်း။
လက်ထဲ ကိုင်မိလျှင် မချကိုမချင်တော့။စာကလည်း
ကျက်၍မပြီးသေး။ထိုကြားထဲ စာမေးပွဲနီးမှပင် Freeလောက ၏ အမှန်အကန်ရသော Siteက တဖန်ရှိလာပြန်
သဖြင့် ကျွန်ုပ်အဖို့ ပြာယာခတ်နေလေတော့သည်။၁ရက်သာ ကျန်တော့သည်။၂ရက်သာ ကျန်တော့သည်။စသသည့် လေပြုတ်ကျ Siteများကိုလည်း မလုပ်လိုက်ရသည်ဖြစ်ခြင်းဟု နောင်တမရချင်သဖြင့် ပြေးလုပ်ရသည့်
ကလည်း အမောပင်။Steemit တွင်လည်း နေ့စဉ်Pro
တင်နိုင်ဖို့ ကြိုးစားရပါသည်။တစ်ရက်စာရေးပျက်သွား
လျှင် စည်းကမ်းဖောက်မိသလိုပင် ခံစားရသည်ဖြစ်၍
စာရေးခြင်းကိုလည်း မပျက်မကွက် လုပ်ဆောင်နေရ၏။
ကျောင်းတက်သည့်နှစ်တိုင်း ထိုအချိန်ကြီးကို ဖြတ်
ကျော်နေရမြဲဖြစ်သော်လည်း ခုချိန်ထိ နေသားမကျသေး။စာမေးပွဲနီးလျှင် ပြာယာခတ်လိုက်မှ၊မပြာ၍လည်းမဖြစ် ကြိုတင်ပြီး မပြင်ဆင်ထားခြင်းက ဒဏ်ခတ်နေသည်ကိုး။နေ့တို့ညတို့သည် တရွှေ့ရွှေ့နှင့် ကုန်ဆုံးခြင်း မြန်ဆန်လှသည်။ညအိပ်ချိန်နည်းပါး ရက်များလှတော့ လူကအားနည်းချင်လာပါသည်။မနေ့ကပင် ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေ၍ ဆေးသောက်ပြီးအိပ်စက်အနားယူ၍ဖြေရှင်းလိုက်ရသည်။တိုက်ပွဲအတွက် ပြင်
ဆင်၍ မပြီးစီးခင်မှာပင် စာမေးပွဲကြီးက နီးသထက်နီး
လာပြီဖြစ်ပါသည်။ထိုဘွဲ့ဆိုတဲ့အရာတစ်ခုကြီး ရယူနိုင်ဖို့ အားကုန်အင်ကုန် ထုတ်ကာ သည်မောင်ကြိုးစားနေပါသည်။

-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

ကြိုးစားပါဗျာ
ကျနော်တော့ လေပြုတ်ကျတွေကိုမလုပ်ဖြစ်တော့ဘူး။
အချိန်ကုန်တယ် မရတာတွေများနေတယ်။
မကျွမ်းကျင်တာလည်းပါမှာပေါ့။

မရတာချင်းတော့ တူနေလေရဲ့

Coin လောကမှာ အချိန်တွေ ကုန်နေပါပြီကွာ

မှန်ပါ့

အဓိကနဲ့ သာမည ခွဲလုပ်ပါ ဘိတ်သားရေ လေပြုတ်ကျတွေနဲ့ အချိန်တွေ အကုန်မခံပါနဲ့ ဦးဇင်းလေပြုတ်ကျတွေ လုပ်နေတာ ဘာမှရဘူးသေးဘူး သုံးလကျော်ပြီ ဖုန်းဟန်းတာပဲရှိတယ် ဟားဟား pro စာမှန်မှန်ရေး ကျန်တာခေါင်းထဲကထုတ်ပြီး ကျောင်းစာကို အာရုံစိုက်ပါကွယ်

မှန်ပါ ဘုန်းဘုန်း

စာကိုဘဲ ဦးစား‌ပေးလုပ်‌ပါ။steemitက ‌နောက်‌လုပ်‌လည်းရပါတယ်‌ညီ။အဓိကနဲ့ သာမည ခွဲထားပါ။

ကျေးဇူးပါကိုမဟော်

ကျောင်းစာထက်တော့ ဘာမှအရေးမကြီးပါဘူး။

ခုချိန်အရေးအကြီးအရာတစ်ခုပေါ့ဗျာ

အောင်မြင်ပါစေဗျာ

နေ့စဉ်မရေးနိုင်ပေမယ့် ရေးနိုင်တဲ့အချိန်မှာ အကောင်းဆုံး ရေးတင်ဖို့ပဲ အရေးကြီးတာပါ ရေးချင်တာရေး ရေးနိုင်တဲ့အချိန်ရေး စေတနာထားပြီး ကောင်းအောင်ရေး ဒါပဲအရေးကြီးတာပါ

ဟုတ်ကဲ့ပါ ဦးစိုး

ဖိုက်တင်းဖော် အယ်ဘရီးသင်း ဘဒို

စာလဲလုပ်ပါဗျို့ exam လဲနီးပြီ

မီးခိုးထွက်အောင်ကျက်နေပါတယ်ဗ်ျု့

ဆက်လက်ကြိုးစားပါ ညီလေးရေ

ကျေးဇူးပါကိုညီ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75