ဌာနေဆီသို့

in #myanmar6 years ago

image
''တူ ..တူ..တူ"....။မကြားရတာကြာပြီဖြစ်တဲ့ ဖုန်း Ringtoneသံလေးမြည်လာသည်။ကိုယ့်ဖုန်းသံ ကိုယ်
ပြန်မကြားရတာ ကျောင်းပိတ်လိုက်ကတည်းကဆိုပါတော့။အခုပြန်ကြားရတော့ တစ်မျိုးလေးနားထောင်ကောင်းနေ၏။ကြည့်လိုက်တော့ HOME ဟု Contact မှတ်ထားသောနယ်အိမ်မှဖုန်းဖြစ်သည်။ဆက်တဲ့သူမှာ
အဖေဖြစ်၏။အဖေတို့ ခြံထဲပြန်ပြောင်းသွားကတည်းက အိမ်နှင့်အဆက်အသွယ်မရသည်မှာ တစ်လတောင်ပြည့်
တော့မည်။အခု ဖုန်းလာတော့ ပျော်သွားမိသည်။
ဖုန်းဆက်သည့်အကြောင်းကား ခြံတွင်းသုံး ပစ္စည်းများ မှာယူခြင်းဖြစ်ပြီး ရွာသို့လည်းခဏဆင်းလာရန်ခေါ်ခြင်းဖြစ်၏။နဂိုကတည်းက အိမ်ပြန်ချင်၍ ဖင်တကြွကြွ
ဖြစ်နေသောကျွန်ုပ် ရေငတ်တုန်းရေတွင်းထဲကျသွားပါသည်။အဖေ ပြောသမျှ ကို တဟုတ်ဟုတ်နှင့် နားထောင်ရင်း ပျော်နေမိသည်။မှာယူသော ပစ္စည်းစရင်းကို သေချာ
မှတ်ပြီး ထိုတမနက်လုံးကို ပစ္စည်းများလိုက်လံဝယ်ယူခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။နယ်ပြန်မယ့်မော်တော်မှာ မွန်းလွဲ၁နာရီခန့်မှ ထွက်မည်ဖြစ်၍ အချိန်တော်တော်လေးရ၏။ပစ္စည်းများ ဝယ်ယူပြီးသည့်အချိန်တွင် ၁၁နာရီထိုး
ပြီးဖြစ်၏။ထိုကြောင့် ခရီးသွားရာတွင် မရှိမဖြစ်လိုအပ်သော ဖုန်းဘထ္ထရီအပြည့်သွင်း၏။POWER BANK၊အားသွင်းကြိုး စသည့်ပစ္စည်းများ အမြန်ပင်ကောက်တည့်ကာ
ခရီးဆောင်အိတ်ကို အသင့်ဖြစ်စေလိုက်သည်။တစ်ညအိပ်ခရီးသာ ဖြစ်ဖို့များ၍ အဝတ်အစားများ ထွေထွေထူး
ထူးမယူဖြစ်တော့ပေ။
ထိုနောက် ပူအိုက်လွန်း၍ ရေချိုးခြင်း၊ထမင်းစားခြင်းများပြုလုပ်ကာ ၁၂နာရီထိုးပြီဖြစ်၍ လှေဆိပ်သို့ သူင်ချင်းတစ်ယောက်အကူအညီဖြင့် ဆင်းလာခဲ့လိုက်သည်။လမ်းတွင် အဖေနဲ့အမေအတွက် သစ်သီးဝလံများ ဝယ်ယူ၏။သစ်သီးဈေးတွင် ပန်းသီး၃လုံး
တစ်ထောင်ကျပ်တဲ့၊အဆစ်တောင်းတာပင်မရ။သြော်...ပိုက်ဆံ၁၀၀၀ ရှာဖို့သာခက်တာ သုံးရတော့ခဏလေး၊
ပန်းသီးသေးသေးလေး ၃လုံးသာရသည်ကိုး။၁နာရီိထိုးတော့မည်ဖြစ်၍ လှေဆိပ်သို့ ကပျာကယာပြေးရပြန်ပါသည်။ယခု သွားမည့်လှေမှာ အမြန်ရေယာဉ်မဟုတ်၊အခြား
လှေဆိပ်ကနေ သစ်လှေဖြင့် သွားရမည်ဖြစ်၏။ပစ္စည်းများ၍ဖြစ်ပြီး အမြန်ရေယာဉ်တွင် ထိုပစ္စည်းများတင်
ဆောင်ခွင့်မပြုခြင်းကြောင့်ဖြစ်သည်။ဤသို့ဖြင့် လှေဆိပ်ရောက်သော် မျက်လုံးများပင် ပြူးကျယ်သွားပါတော့သည်။ဆိပ်ကမ်းတွင် လှေထွက်တော့မည်မဆိုထားနှင့်၊လှေထွက်ရန်ရေပင်မရှိသေးချေ။ထိုကြောင့် အနားရှိ ဦးလေးတစ်ယာက်အား "ဦးလေး လှေဘာချိန်ထွက်မှာလဲ"ဟုမေးလိုက်ရာ "၃နာရီမှထွက်မည်"တဲ့ ..."ဟိုက်...သေ
ရောကွာ...၂နာရီလောက်တော့ စောင့်ပေဦးတော့။
image
-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

ချိတက်​ထိ​နေပြီ ​နော်​ အဟီးးးးး

Postတိုင်းထြစ်နေတဟ်

အလည်လာတဲ့ ချီးဘဲကို တခါတည်း အိမ်ခေါ်သွားလိုက်

Posted using Partiko Android

ရေထဲကန်ချခဲ့မှာ

သီချင်းလေးနားထောင်ရင်း စောင့်ပါလေ😁

Posted using Partiko Android

ဟဲဟဲ ဒီနေ့စာမရေးဖြစ်ပီထင်နေတာ စောင့်ရင်း Postတစ်ခုရသွားတယ်

ညီအစ်‌ကိုက ဘယ်‌နယ်‌ကလဲ။လမ်းကြုံရင်‌ ဝင်‌လည်‌လို့ရ‌အောင်‌ ‌မေးထားတာ။

မြိတ်မြို့က bro .လာလည်ပါ

နှစ်​နာရီ​တောင်​​စောင့်​ရမှာ...

Posted using Partiko Android

လွမ်းစရာ့ဌာနီပါလားကွယ်

ဘယ်နယ် ဘယ်ဒေသ ဘယ်မြို့ ဘယ်ရွာ ထည့်ပေးရင်ဖီးလ်ရှိတာပေါ့လေ ☺

အချိန်မရလို့ ဦးစိုးရေ

တန်းလန်းကြီး။ ဘာများ ဆက်ပြောမှာလည်းလို့ ၂နာရီ နေမှ ပြန်လာဖတ်မယ်ကွာ။

စောင့်​​ပေအုံး​တော့​လေ 😁😁

Posted using Partiko Android

စောင့်ရတဲ့နာရီကြာတယ်ဟေ့

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62221.65
ETH 2424.80
USDT 1.00
SBD 2.55