စိတ်၏အပန်းဖြေရာ

in #myanmar6 years ago

တစ်နေ့တာ စိတ်မောပန်းသမျှ ကို ဖြေဖျောက်ရန်စိတ်ကူးလေးတစ်ခုရလာခဲ့ပြန်ပါသည်။ထိုကြောင့် ညနေ
၎နာရီခန့်တွင်ပင် ရေချိုးရန်ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်း
ထဲဝင်လိုက်သည်။ပူပြင်းသော နေ့တွင် ထူးထူးခြားခြား
ရေပီပါထဲက ရေများက အေးစက်နေ၏။ရှေးဦးစွာ ဒူး
အထက်ကို ရေ၅ခွက် တဖြည်းဖြည်းလောင်းချလိုက်သည်။ပူပြင်းသောနေရောင်အောက်တွင် သွားလာလှုပ်ရှားထားသောကြောင့် ရုတ်ချည်းရေမချိုးချရဲပေ။အခန့်မသင့်လျှင် ရှော့ဖြစ်တတ်သဖြင့် ထိုအချက်ကို တတ်နိုင်သမျှရှောင်ကျဉ်ကာ ခေတ္တနားနေခြင်း၊ရေချိုးသည့်အခါတွင်လည်းခန္ဓာကိုယ်အောက်ပိုင်းကို ရေအရင်ထိတွေ့စေခြင်းဖြင့်ဦးခေါင်းကိုအပူဆောင့်တက်ခြင်းပြသာနာကိုကာကွယ်ထားလိုက်သည်။ထိုနောက်မှ တဖြည်းဖြည်းချင်း အေးမြသောရေ၏အရသာကို ခံစားလိုက်သည်။အေးမြသောရေစက်များထိတွေ့လိုက်သောကြောင့် ရုတ်ချည်းပင်တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းလာသလိုခံစားရ၏။အချိန်အားလပ်နေသဖြင့် ရေကို စိန်နပြေချိုးပစ်လိုက်သည်။
ထိုနောက် အိမ်မှာနေလျှင် သနပ်ခါးမလူးတတ်သောကျွန်ုပ်၊အခု သနပ်ခါးစင်ဆီလှမ်းလိုက်သည်။ထိုသို့
ရေစောစောချိုးပြီး သနပ်ခါးလူးကာ သစ်လွင်သော အဝတ်အစားများ ဝတ်ဆင်ခြင်းကိုကား ငယ်စဉ်ကတည်းက
အရမ်းသဘောကျခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် လွန်စွာပင် လန်းဆန်းပေါ့ပါးသောကြောင့်တည်း။ဘာမှပင်လုပ်စရာ နတ္တိဖြစ်နေသောကြောင့် သနပ်ခါးလူးခြင်း၊ဆံကေသာဖြီးလိမ်းခြင်း၊အဝတ်အစား ဝတ်ခြင်းတို့ကို သီချင်းလေးညည်းကာ အေးအေးဆေးပင် လုပ်နေလိုက်သည်။ထိုနောက် ထုံးစံအတိုင်း စီးတော်မြင်း ကို အဟာရအားအင်ရှိမရှိ စစ်ဆေးကာ အိမ်မှထွက်ခွာလာခဲ့၏။(စီးတော်မြင်း အဟာရ က မစစ်၍မဖြစ် အခုတလော အဟာရအားဆေးတွေက လွန်စွာဈေးကြီးနေကာ ဘယ်တော့မှလောက်ငှခြင်းရှိသည်မဟုတ်သောကြောင့်တည်း။)
ထိုနောက် နဂိုစိတ်ကူးထားသည့်အတိုင်း ကျွန်ုပ်
တို့မြို့၏ ကမ်းနားလမ်းဆီသို့ လေညင်းခံရန်အလို့ငှာ ထွက်လာခဲ့သည်။ကျောင်းပြန်ချိန်၊ကျူရှင်လွှတ်ချိန်များဖြစ်၍ မြို့တွင်းလမ်းမများသည် ရှုပ်ထွေးပွေလီလှသည်။
ရှုပ်ထွေးသောလမ်းမများကို ကျော်လွန်၍မိနစ်အနည်းငယ် ကြာသော် မြို့ပြ၏လှပသော နေရာတစ်ခုဖြစ်သည့်ကမ်းနားလမ်းသို့ ဆိုက်ရောက်လာခဲ့ပါသည်။ကမ်းနားလမ်းမကြီးပေါ်သို့ ရောက်ရှိသည်နှင့်ပင် ပင်လယ်ပြင်ကြီးကိုဖြတ်ကာ တိုက်ခတ်လာသော လေပြနုနုက ကယု
ကယဆီးကြိုနှုတ်ဆက်လိုက်ပါသည်။ရေတက်ချိန်ဖြစ်သော်လည်း ရွှံ့နံ့ကင်းစင်နေသော လေပြေနုနုကို အားရပါးရပင် အငမ်းမရ ရှုရှိုက်ပစ်လိုက်သည်။တစ်နေ့တာ လောဘ၊ဒေါသ၊မောဟတို့သည် ထိုလေပြေနှင့်အတူ အဝေးသို့လွှင့်စင်သွားလေသလားမပြောတတ်
စိတ်သည် အထူးပင်ကြည်လင်လန်းဆန်းသွားပါတော့သည်။
image
ကမ်းနားလမ်းတစ်လျှောက်တွင် ကျွန်ုပ်နည်းတူ အပန်းဖြေလာကြသော လူများ၊လေ့ကျင့်ခန်းလာလုပ်ကြသူများ၊လမ်းလျှောက်ထွက်လာကြသော လူများဖြင့် စည်ကားလျက်ရှိ၏။လမ်းဘေးတစ်လျှောက်တွင်လည်း
အသားကင်ဆိုင်များ၊ရေခဲမှုန့်သည်များ စီတန်းကာ ရှိနေကြသည်။ထိုလမ်းမပေါ်တွင် သွားလာလှုပ်ရှားနေကြသူများအားလုံး၏ မျက်နှာများသည် ထူးထူးခြားခြား ကြည်လင်လန်းဆန်းကာ သောကကင်းစင်နေကြသည်။အေးချမ်းနေကြပါသည်။
image
image
ကျွန်ုပ်သည် တွေးရင်း ငေးရင်းနှင့် ဆိုင်ကယ်ကိုအေးအေးလူလူမောင်းနှင်ကာ ကမ်းရိုးတန်းမြို့လေး၏
ညနေခင်းအချိန်ခါသမယကို ခံစားနေလိုက်သည်။ထိုနောက် ဆိုင်ကယ်ကိုရပ်နားကာ လှစ်လပ်နေသော လမ်းဘေးပလက်ဖောင်းတစ်နေရာကို ရွေးချယ်၍ထိုင်လိုက်သည်။ကမ်းရိုးတန်းမြို့လေး၏ညနေခင်း အချိန်သည် လှလလိုက်လေခြင်း။ကောင်းကင်ပြင်ကြီးတစ်ခုလုံး သည်
ရောင်နီဖြာများဖြင့်လှပနေ၏။မိုးရာသီ မကုန်ဆုံးသေး၍မိုးတိမ်များသည်ကား အသင့်နေရာယူလျက်ရှိနေ၏။သို့သော် သည်ကနေ့အဖို့ကား ရွာသွန်းမည်မထင်ဟုတွေးမိသည်။နေမင်းကြီးသည် တစ်နေ့တာ အလင်း
ရောင်များ ဖြန့်ကျက်ပေး၍ အိပ်စက်အနားယူရန်အနောက်ဂေါ်ယာကျွန်းဆီသို့ ယွန်းရန် အနီရောင်ကမ္ဗလာကိုလွှမ်းခြုံကာ တောင်စွယ်များပေါ်မှေး
တင်နေပြီဖြစ်၏။နေမင်းကြီးကား တာဝန်ကျေပွန်လှပါသည်။တစ်နေ့တာ၏တာဝန်များကို ထမ်းဆောင်လျက် နောက်ဆုံးအချိန်ထိ ကမ္ဘာမြေကို အလှဆင်ခဲ့ပါသေးသည်။
image
မြို့ပြ၏ ညနေခင်းနေဝင်ဆည်းဆာအလှကို ထပ်မံ
ဖြည့်စွက်သူများ ရှိနေပြန်ပါသေးသည်။လေနတ်သားသည် ဝေးလံသော သမုဒ္ဒရာဆီမှ ရေများကို သူ၏အင်အားကိုအသုံးပြု၍ ကမ်းဆီသို့ သယ်ဆောင်လာပါသည်။ကမ်းဆီသို့ နဝင်ပီယံ တရှဲရှဲမြည်သံနှင့်အတူ ပြေးလာလိုက်၊ပြန်ဆင်းပြေးသွားလိုက်ဖြင့် ရေလှိုင်းကလေးများသည် မြူးတူးစွာကခုန်နေကြ၏။နေမင်းကြီးကတဖန် ထိုမြူးတူးနေသော ရေလှိုင်းကလေးများပေါ်သို့ နီညိုရောင် မျက်လုံးများဖြင့် လှမ်းကြည့်နေသည်မှာ ရွှေအိုရောင်လေးတလက်လက်ထလို့...အို...လှပလိုက်လေခြင်း၊ပနံရလိုက်လေခြင်း။ကျွန်ုပ်သာ ပန်းချီဆရာတစ်ဦးဖြစ်အံ့။ထိုနေဝင်ဆည်းသာအလှသည် တန်းဝင်
ပန်းချီကားတစ်ခုအဖြင့် ပြောင်းလဲနိုင်ခဲ့မှာ အသေအချာပင်။ကျွန်ုပ်၏စိတ်တစ်ခုလုံးသည် လေပြေ၏ဆွဲခေါ်ရာ
ဆီသို့ လှိုင်းကလေးစီးကာ လွှင့်မျောသွားလိုက်၊ကမ်းဆီ
သို့ ပြန်လာလိုက်ဖြင့် ရေလှိုင်း၏ သာယာသောသံစဉ်နှင့်အတူ စီးမျောလိုက်ပါနေမိသည်။များမကြာမှီတွင်ပင် နေမင်းကြီးသည် ကမ္ဘာမြေကို နှုတ်ဆက်ကာ အနောက်ဂေါ်ယာကျွန်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။ထိုနောက်ညနေနေဝင်ဆည်းဆာအလှကုန်ဆုံး၍ ညချမ်းအလှဆီသို့ကူးပြောင်းသွားကာ ကျွန်ုပ်သည်လည်း စိတ်နှလုံးအေးချမ်းစွာပင် အိမ်သို့ပြန်ခဲ့လေတော့သည်တကား။ ။
image
-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252
(Post End-10:41PM)

Sort:  

စာမေးပွဲပြီးတော့ အေးဆေးသွားပြီပေါ့

Posted using Partiko Android

အေးဆေးပေမဲ့ မအေးဆေးရပါဘူးဗျာတစ်ရက်တစ်ရက် ပိုက်ဆံမရတာရှိတာ လုပ်လိုက်ရတာအမော

ကမ်းခြေမှာ အပန်းဖြေတာ တကယ်အားကျစရာ
ကျောင်းတော်က အလွမ်းတွေရော တမ်းတနေရောလား

စုံလင်သပဗျာ

ရေချိုးပြီးတော့လည်း စိတ်ကလန်းတာပါပဲ

ဒီလို စောစောချိုးရင် ပိုပြီးလန်းဆန်းသဗျ

တစ်နေ့တာ ဖြတ်သန်းမှု အက်ဆေးတစ်ပုဒ်ရသွားပြီပေါ့

ဟုတ်ပါ့ဗျာ အမြတ်တွေချည်းပဲ့

ကမ်းနားလမ်းမှာ အသားကင်ဆိုင် ရေခဲမုန့်ဆိုင်တွေကတော့ အဆင်မပြေဘူး ကျန်းမာရေးလုပ်တဲ့သူတွေနဲ့ အဲဒါတွေနဲ့မတည့်လောက်ဘူး မသကာ ဘီယာဆိုင်လေးဖွင့်ထားတယ်ဆိုဟုတ်သေး ☺

သန်ရာသန်ရာပေါ့ ဟားး

သနပ်‌ခါးကို ဘယ်‌ညာလူး ဆံထုံး‌လေးပါထုံး

ကဗျာ ဆန်​လိုက်​တာဗျာ 😊

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62964.22
ETH 2595.61
USDT 1.00
SBD 2.74