ညနှင့်လ

in #myanmar8 years ago

IMG_20181222_212548.jpg
ည၏လသည် လူကြီးခေါင်းချချိန်ခန့်တွင် ပို၍
ပို၍တောက်ပစွာဖြင့် သစ်ပင်တို့၏ အကိုင်း၊အခက်၊ အလက် ကြားမှ ကမ္ဘာမြေပေါ်သို့ လရောင်များ ဖြာကျနေ၏။လပြည့်ည မဟုတ်သော်လည်း လမင်းကြီးသည်
ဝိုင်းစက်ပြည့်တင်းသော သဏ္ဍာန်ဖြင့် ဝေဟင်ကောင်း
ကင်ပြာထက်တွင် ထီးထီးကြီး လှပစွာ တည်ရှိနေပါသည်။ညသည် တိတ်ဆိတ်နေသော်လည်း စမ်းချောင်းကလေးဆီမှ တသွင်သွင် ရေစီးသံလေးကို သာယာငြိမ့်ညောင်းစွာကြားနေရ၏။တစ်ချက် တစ်ချက်တွင် ညပိုးကောင်လေးများ၏ စူးသော အသံကိုလည်ကောင်း၊ညငှက်ကလေးများ၏ အသံကိုလည်ကောင်း ည၏တိတ်ဆိတ်ခြင်းကိုဖြိုခွဲခြင်း အသွင်ဖြင့် ကြားနေရပါသည်။
ညသည် နက်သထက်နက်လာသည်နှင့်အမျှ ည၏လှပခြင်းဂုဏ်ဆောင် လမင်းကြီးသည်လည်း ပို၍
ထွန်းတောက်လာပါသည်။ဒီဇင်ဘာ၏ နှင်းစက်လေးများ တပေါက်ပေါက် ကျသံမှအပ ညပိုးကောင်အသံများလည်းတိတ်ဆိတ်လာ၏။သစ်ရွှက်ပေါ်တွင် တင်ကျန်နေသောနှင်းစက်ကလေးသည် လမင်းကြီး၏ လရောင်လေးဖြင့် ညအလယ်တွင် တဖျတ်ဖျတ် လင်းလက်တောက်ပနေပါသည်။တသွင်သွင် စီးနေသော စမ်းချောင်းလေးပေါ်
သို့ လရောင်ဖြာများ ထိုးကျနေသောကြောင့် ရေအောက်
ဆီမှ ကျောက်စရစ်ခဲလေးများ ငါးအသေးလေးများကိုပါ
အတိုင်းသားမြင်နေရ၏။လှပသည်ထက် လှပနေသော
ညသည် ကျွန်ုပ်၏ အိပ်ချင်စိတ်ကို အဝေးသို့ သယ်ဆောင်သွားကာ သူ၏အလှတွင် နစ်မွန်းနေစေချင်သည်မို့ ကျွန်ုပ်သည်လည်း ငြင်းဆန်ခြင်းမပြုဘဲ တိတ်တဆိတ်သာ
ည၏အလှကို မလွတ်တမ်း တငေးတမော မှေးမြောနေ
လိုက်ပါတော့သည်။
IMG_20181222_212544.jpg
*လေးစားစွာဖြင့်
*နွေဦးသစ်
**@kyawthyein
*MSC-252

Sort:  

ညရဲ့လှပမှု​လေး​ပြောပြထားတာ....တကယ့်​ကိုသာယာလှပမယ်​လို့ထင်​ပါတယ်​.....

Posted using Partiko Android

လနဲ့အတူ
ညရဲ့ ဒီလူမှာ
သဇင်​ကလည်းသင်း
လွမ်း​လေကလည်းညှင်း....

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 59276.76
USDT 1.00
ETH 1542.59
SBD 0.42