မုဆိုးကြီးဦးတိမ်

in #myanmar6 years ago (edited)

[ယခင်အပတ်မှအဆက်]
image
image source
မုဆိုးကြီးဦးတိမ်သည် အံ့သြထိတ်လန့်နေရာမှ သတိဝင်လာ၏။သို့သော် မင်သက်မှုကား မျက်နှာ၌အထင်းသား ပေါ်လွင်လျက်ရှိသေးသည်။အရှေ့တွင်ကား လူနှစ်ယောက်ပိုက်ဖက်သည့်တိုင် မမှီနိုင်သောလုံးပတ်ရှိ သစ်ပင်ကြီးနှစ်ပင်သည် ညီညာဖြောင့်တန်းစွာ မိုးပေါ်သို့ထိုးတက်နေ၏။သစ်ပင်နှစ်ပင်သည် လုံးပတ်ချင်း၊အရွယ်အစားချင်း၊ညီညာဖြောင့်တန်းချင်း တစ်ပင်နှင့်
တစ်ပင်ခွဲ၍မရအောင်ပင် တူလှ၏။ထိုသစ်ပင်ကြီးနှစ်ပင်
သည် အလယ်တွင် လှည်းနှစ်စီးခန့်ပြိုင်တူ ကောင်းစွာဝင်နိုင်သော အကွာအဝေးခန့်တွင် ပေါက်ရောက်နေပြီး
သစ်ပင်အပေါ်ဘက်ရှိ အကိုင်းအခက်အချို့သည် တစ်ပင်နှင့်အပင် ရစ်ပတ်ယှက်နွယ်ထားကြသည်မှာ မြို့ရိုးတံခါးအဝင်ပေါက်နှင့်တူလှသည်။ဦးတိမ်သည် ထိုသစ်
ပင်ကြီးကို မြင်ရုံနှင့် အဘယ်ကြောင့် ဒီမျှလောက်
အံ့သြထိတ်လန့်နေရ၏လော။
ဦးတိမ်သည်ထိုသစ်ပင်ကို မြင်ရုံနှင့်ပင်ထိတ်လန့်
ရသည်သာမဟုတ်၊ထိုသစ်ပင်ကြီးနှစ်ပင်အဝင်ဝတံခါး အနောက်တွင်ဖြူဖွေးပြီး ခြင်္သေ့ခံတွင်းကြီးဟထားသကဲ့သို့ သော ဂူကြီးကို တွေ့လိုက်ရသောကြောင့်တည်း။ထိုအရာကို တွေ့ရလိုက်ရသော ဦးတိမ်၏မျက်နှာသည်
သွေးမရှိသကဲ့သို့ဖြူရော်နေ၏။အဘယ်ကြောင့်မူ ဦးတိမ်ငယ်ငယ်က ကြားဖူးခဲ့သော ဒဏ္ဍာရီလို ပုံပြင်လိုလို
ဇာတ်လမ်းတစ်ပုဒ်ကို ပြန်အမှတ်ရမိသောကြောင့်ဖြစ်
လေသည်။ဦးတိမ်၏အဖေ၊ အဖိုးတို့ရှိစဉ်က နေ့စဉ် ပြော
ပြလေ့သောရှိသော ဇာတ်လမ်းထဲ က သစ်ပင်ကြီးနှင့်
ခြင်္သေ့ဂူကြီးသည် ယခုထိုနေရာရှိအရာတို့မှာ ထပ်တူကျနေသောကြောင့် ဦးတိမ်သည် အံ့သြထိတ်လန့်နေ
လေတော့သည်။
image
image source
ဦးတိမ်တို့မျိုးရိုးသည် စဉ်ဆက်မုဆိုးများဖြစ်လေသည်။အဖိုးမှဦးတိမ်အဖေ၊အဖေမှ ဦးတိမ် ဤသို့နယ် မုဆိုး
မျိုးရိုးမှ ဆင်းသက်လာကြ၏။ဦးတိမ် ကလေးဘဝ က
အဖိုးနေ့စဉ်ပြောပြသော ဇာတ်လမ်းတစ်ပုဒ်ရှိလေသည်။
ထိုဇာတ်လမ်းတွင် တောနက်ကြီးထဲတွင်သစ်ပင်ကြီးနှစ်ပင်နှင့်ခြင်္သေ့ခံတွင်းဂူကြီးရှိကြောင်း၊ထိုနေရာသို့ ရောက်ခဲ့သောမုဆိုးတို့ သည် မည်သို့ဖြစ်သည် မသိရဘဲ
ပျောက်ဆုံးသွားတတ်ကြောင်း၊မုဆိုးများသည် သာမက
တောကောင်များပါ ထိုနေရာရောက်သည့်အခါ ပျောက်
ကွယ်သွားတတ်သည်ဟူ၏။ပျောက်ဆုံးသွားသော မုဆိုး
တို့မှာ တစ်ဦးတစ်ယောက်သာ မဟုတ်ဘဲထိုနေရာ၌ ပျောက်ဆုံးသွားသော သူတို့မှာ မရေမတွက်နိုင်အောင်ရှိ
သည်ဆို၏။ထူးဆန်းသည်ကား ထိုသစ်ပင်ကြီးနှင့်ဂူကြီးမှာ လိုက်လံရှာဖွေသည့်အခါတွင်ကား မည်သို့ပင်ရှာသော်လည်း မတွေ့ရတတ်ကြောင်း၊တစ်ခါတစ်ရံ ထိုတောကြီးတစ်ခုလုံးပင် မတွေ့ရတတ်ကြောင်း၊ဆိုကြသည်ဟူ၏။အချို့မုဆိုးများပြောပြသည်မှာ ဤတောကြီးနား ရောက်ရှိသည့်အခါများတွင် တောထဲမှာ ကြောက်မက်ဖွယ်
အသံနက်ကြီးများ၊ထူးဆန်းသည့် အသံများကြားရကြောင်းပြန်လည်ပြောပြကြသည့် အကြောင်းများပါရှိလေသည်။ ထိုအကြောင်းအရာများမှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ ဒဏ္ဍာရီလိုလို၊ပုံပြင်လိုလိုသာ ကျန်ရှိတော့
သည်။
ယခုဦးတိမ်သည် ငယ်စဉ်က မိမိသိခဲ့ရသော ထိုဇာတ်လမ်းမှာ ပုံပြင်တစ်ခုမဟုတ်ဘဲ တကယ်လက်တွေ့
ရှိကြောင်း တွေ့မြင်ရလေသည်။ထိုအခါ ဦးတိမ်သည်
ဘာဖြစ်ဖြစ်ဤနေရာမှ စွန့်ခွာလျှင်ပိုသင့်တော်မည်ဖြစ်
ကြောင်းတွေးမိသည်နှင့် ထိုနေရာမှ ပြေးလွှားထွက်ခွာလာခဲ့လေသည်။တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဦးတိမ်သည် ၄င်းနေရာမှလွတ်မြောက်ပြီဟု တွေးကာဆက်လျှောက်လာခဲ့ရာ ရုတ်တရက်ဦးတိမ်၏လှမ်းနေသော ခြေလှမ်းတို့သည့် တုံ့ခနဲ့ ရပ်သွားလေသည်။ရပ်တန့်သွားသော ခြေလှမ်းများနှင့်အတူ ဦးတိမ်၏မျက်နှာတစ်ခွင်သည် ညို့မှောင်သွားလေသည်။အရှေ့
တွင်ကား ယခင်သစ်ပင်ကြီးနှစ်ပင်နှင့်ဂူကြီးမှာ ဆီးကြိုလျက်။ ။
image
image source
ထိုသစ်ပင်ကြီးနှင့်ဂူကြီးကား အဘယ်နည်း။ဦးတိမ်တစ်ယောက်မည်သည့် အန္တရာယ်ကို ကြုံတွေ့ကာ မည်သို့ဆက်ဖြစ်မည်နည်း……။

(ဇာတ်သိမ်းပိုင်းမျှော်...…)

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ဇာတ်လမ်းကမိုက်နေပါပီကော။မျိုးနဲ့ရိုးနဲ့ဆိုတော့မုဆိုးကြီးက၀ါရင့်စာရေးတဲ့သူကလဲဝါရင့်ကြီးဖြစ်လာပြီ။နောက်တစ်ပိုင်းမျှော်နေပြီညီ။

ကျေးဇူးပါခိုခိုဇာရေ.နောက်တစ်ပိုင်းကျ ဘယ်လိုဆက်ဖြစ်မလဲ စောင့်မျှော်ဖတ်ရှုပေးပါ

ကောင်းခန်းမှကွာ 😁

ဇာတ်သိမ်းပိုင်း လာတော့မယ်

ဇာတ်သိမ်းပြီပေါ့လေ

ဇာတ်လမ်းတိုလေးပေါ့ မမစုရေ

ဇာတ်လမ်းကတော့ ဇာတ်ရှိန်ုမြင့်နေပြီ

ပြီးတော့မယ်ဦးထွေးရေ

ကောင်းတယ်ဗျာ ဇာတ်သိမ်းမျှော်နေမယ်

နောက်တစ်ပတ်သိမ်းပါပြီ

မျှော်ရတာ မောပြီ မြန်မြန်ရေးပါ

ဟုတ်broရေ ဇာတ်သိမ်းတော့မယ်

ဦးတိမ် ကမပျောက်သွားလောက်ဘူး ဘာလို့ဆို ဦးတိမ်ကပြန်ပြောနေဟန်
ဇာတ်လမ်း မို့

ဟဲဟဲ ဘယ်လိုဖြစ်လာမလဲ ဇာတ်သိမ်းပိုင်းမျှော်

အရမ်းစိတ်​ဝင်​စားဖို့ ​ကောင်းတယ်​ဗျို့ .. ဘာ​တွေဖြစ်​မလဲ သိချင်​လှပြီ .. ဇာတ်​သိမ်း​မျှော်​​နေပါပြီဗျ ..

ကျေးဇူးပါဗျာ လာရောက်အားပေးလို့

မျှော်နေပါတယ်

ကျေးဇူးပါBroရေ

မင်္ဂလာပါဗျာ ။
ဇာတ်သိမ်းကို မျှော်ဖတ်ပါ့မယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64233.18
ETH 3491.62
USDT 1.00
SBD 2.54