မိုးစက်ကြွေသံ

in #myanmar6 years ago (edited)

မိုးစက်ကြွေသံ
image
ပြာလဲ့သောကောင်းကင်ပြာကြီးသည် ချက်ချင်းဆိုသလိုရုတ်တရက်မဲမှောင်လာ၏။ငိုတော့မဲ့မျက်နှာကြီးပ
မာ မှိုင်းညို့အုပ်ဆိုင်းလာ၏။တခဏက ကြည်လင်လှ
သောဝန်းကျင်တခွင်သည် ရုတ်ချည်း ညနေစောင်းရောက်သွားသကဲ့သို့ ဝိုးတဝါး ဖြစ်သွားချေ၏။
image
ပိုးကောင်အော်
သံလေးများ ဖားကောင် အော်သံလေးများသည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့် အသံမျိုးစုံထွက်ပေါ်လာ
၏။အိမ်ရှေ့မှ နေကြာပန်းပင်လေးသည် နေရောင်ရှိစဉ်
က ထိုးထောင် လန်းဆန်းနေသော်လည်း ယခုညိုးငယ်
သွားချေသည်။မိုးမင်းကြီး၏ရှေ့တော်ပြေး
လေနတ်သားသည်သာယာသောတေးသံအဖြစ်ဝှေ့လိုက် ရုတ်ချည်း မုန်ယိုနေသော ဆင်ရိုင်းပမာ တရှုးရူး တိုက်
ခတ်လိုက်ဖြင့် ကျီစားနေ၏။များမကြာမှီပင် မိုးစက်မိုးမွှား
ကလေးများသည် တဖြုတ်ဖြုတ် ကြွေဆင်းလာလေသည်။ခြောက်သွေ့သောမြေပြင်သည် တဖြည်းဖြည်း မိုးမွှား
ကလေးများ ကျဖန်များသဖြင့် ဟိုတကွက် သည်တကွက် စိုလာ၏။တစ်နေ့တာ နေမင်းရဲ့အပူရှိန်ဖြင့် ရှိနေသောလမ်းမသည် ရုတ်ချည်း မိုးရွာလိုက်သဖြင့် မီးခဲပေါ် ရေလောင်းလိုက်သည့်ပမာ ရှဲခနဲမြည်သံသည် တိုးညင်းစွာထွက်ပေါ်လာ၏။မြေသင်းနံ့များသည် ဝန်းကျင်တခွင် တလူလူပျံ့နှံ့လာလေသည်။တဖြည်းဖြည် နူးညံ့သော
မိုးမွှားကလေးများသည် ကြမ်းတမ်းသော မိုးစက်များအ
ဖြင့်ပြောင်းလဲလာချေသည်။
image
။ခေါင်မိုးထက် သစ်ရွှက်များ
ထက် ကျဆင်းသော မိုးစက်သံ မှောက်ထားသော ရေပုံး
များထက် ကျဆင်းသောတပေါက်ပေါက် မိုးစက်ကြွေသံများသည် တစ်ယောက်တည်းရှိအခိုက် အားငယ်စိတ် ကြောက်ရွံ့စိတ်ကို အလိုလိုဖြစ်ပေါ်ချေ၏။အိမ်ဘေးစမ်း
ချောင်းကလေးသည် မိုးရေဖြင့် လျှံတက်လာ၏။ပတ်ဝန်း
ကျင်သည် မိုးစက်များ ကိုသာမြင်ရတော့ကာ မဲမှောင်နေ
လေသည်။ပိုးကောင်များ ပုဇဉ်းကောင်များ သည် မိုးရွှာ
သဖြင့် ပျော်၍လော ဘာကြောင့်ရယ်မသိ မိုးစက်ကြွေ
သံများနှင့်အပြိုင် ထွက်ပေါ်လာကြ၏။ထိုအသံများသည်
ပင် အားငယ်စိတ်ကို တိုး၍ဖြစ်ပေါ်လာချေ၏။တစ်ကိုယ်
လုံးချမ်းအေးလာကာ ငိုချင်စိတ်သည် ထိန်းမရအောင်ရှိ
လာ၏။တစ်ခါတစ်ရံ သော်လည်ကောင်း ဆက်တိုက်သော်လည်းကောင်း ထွက်ပေါ်လာသော မိုးခြိမ်းသံ
ကောင်းကင်ပြင်တခွင် လက်ကနဲ လက်ကနဲ ပေါ်လာသော လျှပ်စီးများသည် အားငယ်စိတ် ကြောက်ရွံ့စိတ်ကို
တိုးလာကာ မျက်ဝန်းအိမ်မှ မျက်ရည်တို့သည် မိုးစက်တို့
နှင့်အတူ အပြိုင် ရွာလေပြီ။
image
မိုးကြိုးသံ တစ်ချက်ကြားတိုင်း ဘယ်ဆီပြေးပုန်းရမယ်မသိ အဖေအမေနှင့်တကြော်ကြော် အော်ခေါ် ရင်း မိုးစက်ကြွေသံနှင့်အပြိုင်
ငိုကြွေးရင်း အိမ်တံခါးထောင့်မှာ အိပ်ပျော်ခဲ့ရလေသည်တကား။ ။
image
မှတ်ချက်။ ။ ငယ်စဉ်က အဖေနှင့်အမေ တောင်ယာ
သွားအခိုက် တစ်ယောက်တည်းအိမ်မှာကျန်ရစ်ချိန် မိုး
သည်းထန်စွာရွာသွန်းသဖြင့် တစ်ကိုယ်တည်းအားငယ်
ကြောက်ရွံ့ခဲ့ရပုံကို ပြန်ပြောင်းသတိရကာ ဤစာစုလေး
ကိုရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ယခုအခါ မိုးစက်ကြွေသံလေးများ ကြားတိုင်း ငယ်စဉ်ဘဝကို တမ်းတလွမ်းဆွတ်
မိပါ၏။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)

Sort:  

 Transfer 0.100 SBD or 0.150 steem to @mrbean1 and put the link of your post in the public memo I GIVE you FOLLOW AND 5 UPVOT and resteem by @mrbean1

click here to read more  about me
 

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawthuyein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖြောက်ဖြောက်.. ဝေါဝေါ... ဗြန်းဗြန်း....

goodတယ်

Thanks ပါ bro.

မိုးရာသီတောင် ပြန်လွမ်းလာလိုပဲ
အရေးသားကောင်းတယ် အားပေးလျက်

ကျေးဇူးပါbro

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01