မနက်ခင်း၏
image source
မနက်အိပ်ရာထသည်နှင့် ..ဟာ.ငါ့ချစ်ဆီဖုန်းဆက်ဦးမယ် ကျောင်းတူတူသွားဖို့ ခေါ်ဦးမှပဲ့။ထိုနောက် ဖုန်းကို
လှမ်းယူကာ ချစ်သူလေးဆီ လှမ်းဆက်လိုက်သည်။
"ချစ်. .ကိုလာခေါ်မယ်နော် ကျောင်းသွားဖို့"
"အင်း ကို. .ချစ်စောင့်နေမယ်"မနက်စောစောစီးစီးဒီလိုချစ်သူအသံလေးကြားလိုက်ရတော့လည်းကြည်နူးဖို့ကောင်းသွားပြန်ရော။
ကျောင်းရောက်တော့ ကန်တင်းသွားထိုင်ကြရင်း မနက်စာမှာစားကြသည်။"ချစ်.ဘာစားမလဲ စားချင်တာမှာလိုက်လေ...''
"ဟုတ်ကို. ..ချစ်ထမင်းကြော်ပဲ့စားမယ် "
"အင်း ကိုလည်းဒါပဲ့စားမယ်" " အအေးသောက်ဦးမလားချစ်" " မသောက်တော့ဘူးကို"
"အင်း..အာ့ဆို ထမင်းကြော်လောက်ပဲ့မှာလိုက်မယ်နော်။
""အစ်မရေ. ထမင်းကြော်နှစ်ပွဲ. ကြက်ဥ အကျက် လုပ်ပေး""
မကြာမှီသောအချိန်တွင်ပင် မှာထားသော စားစရာများ
ရောက်လာသည်မို့ ကိုယ်စီ အသီးသီးစားသောက်ကြသည်။
"ချစ်ရော့. .ရေ သောက်...ဒီမှာတစ်သျူး နှုတ်ခမ်းသုတ်လိုက်ဦး....။ "အင်း ကျေးဇူးနော်ကို..."။
image source
2..
"လာ..ချစ် အတန်းထဲလိုက်ပို့ပေးမယ်"
စာသေချာသင်နော် အိပ်မငိုက်နေနဲ့ အိပ်ပုတ်လေး
"အမယ်. .လူကိုများအိပ်ပုတ်ပဲ့သေး:.ကိုနော်..။
" ဟားးး ..ချစ်လို့ခေါ်တာပါကွာ" အတန်းချိန်ပြီးလို့ရှိရင် ဖုန်းဆက်လိုက်နော် ...လာခေါ်မယ်..."ဟုတ်..ကို "အရမ်းချစ်တယ်နော်ချစ်တုံးလေး..." " အင်း...ချစ်ရောအ ရမ်းချစ်တယ်ကို " အာ့ဆို ကိုသွားပြီ နော် BYE.."
3..
တီ..တီ..တီ
ဟော ချစ်ဖုန်းဆက်ပြီ
"ချစ်လေး ပြော အတန်းချိန်ပြီးပြီလား. .." " အင်း. .ပြီးပြီလေ.."။ချစ်လေးကိုလာခေါ် အခန်းထဲမှာ. .အပြင်သွားချင်လို့...လိုက်ပို့ပေး"
"ဟုတ်ပါပြီဗျာ အခုလာခေါ်မယ် စောင့်နေနော်...။
4..
"ချစ်လေး ဘယ်သွားမလဲ ပြော..." " ဘုရားအရင်သွားမယ်...ပီးဆို ပန်းခြံသွားမယ်...ပြီး ရုပ်ရှင်သွားကြည့်မယ်"
"ဟုတ်ပါပြီ ..လိုက်ပို့ပေးရမှာပေါ့ဗျ.. ဒီချစ်ချစ်လေးကို "
#တကယ်ပြောတာနော်..အာ့ကြောင့် ကို့ကို ကို ရမ်းချစ်တာ #
ကဲ. ဘယ်လောက်ကြည်နူးစရာကောင်းလဲဗျာ..။
4..
ဒီလိုပဲ့. ပန်းခြံသွား ဆယ်လ်ဖီဆိုလား ဘာလား အာ့တွေလည်းဆွဲပေါဗျာ ..အမှတ်တရပုံလေးတွေ ရိုက်
ကယ် ပျော်စရာကောင်းတာ
#ရုပ်ရှင်သွားကြည့်ပြီး ပြန်ထွက်လာတော့ ၅နာရီထိုးတောင်ထိုးပြီးပြီ။
#ချစ်အိမ်ပြန်မယ်မလား လိုက်ပို့ပေးမယ်""အင်း အိမ်ပြန်မယ်လေ. ချစ်က ပြန်တောင်မပြန်ချင်သေးဘူး
ဒီနေ့ ရမ်းပျော်တာပဲ့သိလားကို ..ကို့ ကိုလည်း ရမ်းချစ်တာပဲ့# "ဟုတ်ပါပြီဗျ ချစ်ပျော်ရင်ကိုလည်းပျော်တာပေါ့"
#ဟဲဟဲ ကိုယ့်မှာတော့ အပြုံးတွေဝေလို့ပေါ့ဗျာ။
5..
သူ့အိမ်လိုက်ပို့ပေး...လမ်းမှာလည်း စကားတပြောပြောပေါ့ဗျာ စကားတွေလည်း ပြောလို့ကိုမ၀နိုင်/
သူ့အိမ်ရောက်တော့ #ကဲ နားပြီးရေချိုးတော့ အကြာကြီးလည်းချိုးမနေနဲ့ ဦး အအေးမိမယ်"
"ဟုတ် ကိုကို ..ကိုလည်း အိမ်တန်းပြန် ကောင်းကောင်းနော်...။ဆိုင်ကယ်ဂရုစိုက်မောင်းဦး. .အရမ်းချစ်တယ်ကို ..ညကျဖုန်းဆက်ဦးနော်.. စောင့်နေမယ်" #အင်းအာ့ဆိုကိုသွားမယ်..#အရမ်းချစ်တယ်ချစ်တုံး #အာဘွား#
ပြန်ခါနီးတော့ သူမိဘတွေက အိမ်ထဲကထွက်လာကာ
%ကောင်လေး ထမင်းစားပြီးမှသွားပါလား%
"ကျေးဇူးပါခင်ဗျ မစားတော့ဘူး နောက်ကြုံမှစားတော့မယ်" %အေ..အေ..ကောင်းကောင်းသွားဦး%
"ဟုတ်ကဲ့ခင်ဗျာ အာ့ဆိုသွားဦးမယ်"
ကဲ..ဘယ်လောက်အဆင်ပြေလဲ အဆင်ကိုချောနေရော
ထိုအခိုက်..#@$.ငါကဗိုလ်အောင်ဒင်.နင်ကဒါကိုမမြင်..
ငါ့အသည်းကို ခလုတ်တိုက်သွားတယ် မိန်းကလေးရယ် မင်းမိုက်တယ်$#& ဆိုတဲ့ မကြိုက်ဆုံးသီချင်းက. နားထဲကျယ်လောင်စွာဝင်လာသည်။
"အင်း သည်းခံနားထောင်ရမှာပဲ့လေ. သီချင်းကထပ်တလဲလဲလာနေပြန်ရာ စိတ်မရှည်စွာဖြင့်..."ဘယ်ကောင်လဲကွ ဒီသီချင်း ချည်းပဲ့ဖွင့်နေတာ"ဟု ကြိမ်းမောင်းရင်း လှမ်းကြည့်လိုက်ရာ ..ဟင် ဘာဖြစ်တာလဲ..ဟာ.ပလုတ်တုတ်.... "သွားပါပြီကွာ practial ချိန်တောင်လွန်နေပြီ ဒုက္ခပဲ့. ငါ့ဖုန်းringtone က ဒါဗိုလ်အောင်ဒင် ဘယ် လိုဖြစ်သွာတာတုန်းဟ.သွားပါပြီကွာ ..ငါ့ချစ်ဘယ်ရောက် ဖုန်းဆက်..ဆက် .....အော် အိပ်မက်.. အိပ်မက် ပါလားကွာ....အဟင့်။
image source
မှတ်ချက်။ ။ထိုစာလေးသည် ကျွန်ုပ်First Yearတုန်းက ရေးခဲ့ဖူးသောစာလေးဖြစ်ပါသည်။အခုမှပြန်တွေ့၍
သဘောကျမိကာ postတင်ခြင်းဖြစ်ပါသည်။ထိုအချိန်က
ရေးထားသောစာကိုအခုပြန်ဖတ်မိတဲ့အခါ ..သြော်...ငါ
အရင်က စာရေးတာ လိုအပ်ချက်တွေအများကြီးရှိခဲ့ပါလားလို့ တွေးမိကာ တစ်ကိုယ်တည်း ရယ်မိပါသည်။အခုလည်း ကြိုးစားနေဆဲမို့အရင်ကထက်စာရင်တော့ အနည်းငယ်တိုးတက်လာကြောင်း ကိုယ့်ကိုကိုယ် ချီးမွန်းထောပနာ ပြုမိပါသည်😂။
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
ဆက်အိပ်ပေါ့ ဒါမှ စေ့စပ်ကြောင်းလမ်း မင်ဂါဆောင် ကလေးတစ်ပြုံကြီးနဲ့ ပိုပျော်ဖို့ ကောင်းမှာ
ဖျားဖျား
ပြန်မရနိုင်သောအချိန်
တကယ်မှတ်လို့ စွံ့လှပါလားပေါ့
အိပ်မက်ဆိုတော့ ကြေကွဲပီယေ
နည်းနည်းလောက်ပြင်ပေးပါရစေဗျ ချီးမွမ်း တာနဲ့ ပတ်သက်ပြီး ပြောချင်တယ်ဆိုရင် ထောမနာ ပါဗျာ
ဟုတ်ကဲ့ပါဦးစိုး ကျေးဇူး
ဂယ်ကြီးလားလို့။
ဟီး အိပ်မက်ပါဗျာ
မနက် စောစော အိပ်ရာကထ
Hello . Good Morning ... ချစ် ဘာညာသာရကာ
ဘဝက စိုပြည်ပါသကွာ
အိပ်မက်ဖြစ်နေတော့ ကြေကွဲရတယ် ကိုဟိန်းရေ😂😂
ရေးစက တို့လည်း အတူတူပ
ဟုတ်ပါ့ ဦးထွေးရေ.ကိုယ်ရေးတာ ပြန်ဖတ်ပြီး ရယ်နေရတယ်
အရင်ကတည်းက စာရေးဖြစ်တာ ကောင်းပါတယ်။အရင်ကရေးခဲ့တဲ့စာတွေကြောင့် အခုချိန်မှာ ပိုကောင်းတဲ့စာတွေ ရေးနိုင်သွားတာပေါ့။
လိုအပ်ချက်ရှိတယ်ဆိုတော့ Edit လုပ်သေးလား
ကျောင်းတက်တုန်းကအဲ့လိုကိုမroခဲ့ရပါဘူးဗျာ