Law Of Attraction

in #myanmar7 years ago (edited)

မိမိအလိုရှိရာကို စိတ်ဖြင့်ရအောင်ဆွယ်ခြင်း

image

မိမိလိုချင်ရာကိုစိတ်ဖြင့်ဆွယ်၍ရ၏။ဤကားအပြောချည်းမဟုတ် ကျွန်ုပ်တွေ့ကြုံဖူးသည်ကို ဥပမေယျပြုငြား
အံ့။ကျွန်ုပ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသကာလ
အချိန်တွင် ပီမိုးနင်း၏ ၀တ္တုတိုပေါင်းချုပ် စာအုပ်ကို ဖတ်
မိရာ မိမိအလိုရှိရာကို ထပ်တလဲလဲ စိတ်ဖြင့်ဆွယ်ခြင်း
ဖြင့် ရရှိသည် ဟူသောပီမိုးနင်း၏ကိုယ်တွေ့တစ်ခုကိုဖတ်
ရှုမိခဲ့သည်။သို့သော် ငယ်စဉ်အချိန်မို့ မဟုတ်တန်ရာဟု တွေးကာ မေ့မေ့ပျောက်ပျောက် ထားခဲ့လိုက်သည်။
ဤသို့ဖြင့် ၃လမျှကြာအချိန်တွင်Computerတစ်လုံး အသည်းအသန်လိုချင်မိတဲ့ ဆန္ဒကား ကျွန်ုပ်အားနှိပ်စက်
ခဲ့သည်။စားလည်း ဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်း
ဒီစိတ်ဖြင့်သာ ထိုင်မရ ထမရ အိပ်မရ ဤမျှထိနှိပ်စက်သောစိတ်ပေတကား။မိဘကလည်း ဈေးကြီးသောအရာမို့
အလိုမလိုက် မဝယ်ပေးချေတော့ စိတ်ကအလိုမကျ လို
ချင်စိတ်ကလည်း အမြင့်ဆုံးဒီဂရီ။ဤစိတ်ဖြင့် တစ်နေ့ပြီး
တစ်နေ့ဖြတ်ကျော်နေချိန် ငါဘာလုပ်ရမလဲလို့ စဉ်းစားမိ
ချိန် ပီမိုးနင်း၏အထက်တွင်ဖော်ပြခဲ့သောစာအုပ်လေးကို
ပြန်လည်သတိရမိသည်။
သို့သည်နှင့် ထိုစာအုပ်ကို ပြန်ရှာကာ ဘယ်သို့ဖြစ်
သည်ဆိုတာကို ပြန်ဖတ်ရင်း ငါ စမ်းလုပ်ကြည့်မည်ဟုကြံ
ကာ စိတ်ဖြင့်ဆွယ်ခြင်းအလုပ်ကိုစတင်ခဲ့လေသည်။စိတ်
ကိုခိုင်းစေခြင်းအလုပ်မှာလွယ်သည်ဟုထင်ရသော်လည်း
တကယ်တမ်းကားမလွယ်ကူလှချေ။အရင်ကသွားလည်း
ဒီစိတ် ၊စားလည်းဒီစိတ် ၊အိပ်လည်း သည်စိတ်ဖြစ်ခဲ့ခြင်း
မှာ ထိုComputer အားမရခြင်းကြောင့် စိတ်အလိုမကျ
ခြင်းသက်သက်သာဖြစ်ခဲ့လေသည်။သို့ရာတွင် သည်
လိုဖြစ်ခြင်းကပင် အလေ့အကျင့်တစ်ခုဖြစ်ခဲ့ဟန်တူလေ
သည်။
ထိုသို့နေ့ည စွဲစွဲမြဲမြဲအလိုမကျခဲ့ခြင်း စိတ်နေရာတွင်
ငါထိုComputerအား ရကိုရနိုင်ရမည်ဟူသော စိတ်အား
အစားထိုးထည့်ပေးခဲ့လိုက်သည်။ အလေ့အကျင့်တစ်ခု
ဟန်ဖြစ်ခဲ့သောကြောင့် ခက်ခဲစွာ အစားမထိုးရ။သို့ရာတွင် အရင်ကထက်ပို၍ ဘယ်နေရာရာသွား၊ဘာအလုပ်လုပ်နေစေကာမူ "Computer တစ်လုံး ရကိုရ ရမည်"ဟူ
သောစကားစုကို အမြဲလိုလို ရွတ်ဆိုခဲ့သည်။ဤကျင့်စဉ်
ကိုတစ်ပတ်မျှ စွဲစွဲမြဲမြဲလုပ်ခဲ့ပီးနောက် မယုံနိုင်လောက်
သောအဖြစ်အပျက်ကို ကျွန်ုပ်ကြုံတွေ့ခဲ့ရသည်။တစ်နေ့
ကျွန်ုပ်ဖခင်က ကျွန်ုပ်အားခေါ်ပြီး "သား Computerတစ်
လုံးက ဘယ်လောက်ပေးရလဲ ပိုက်ဆံလေးသိန်းပေးလိုက်မယ် မနက်ဖြန်မြို့တက်ဝယ်ချေ မလောက်ငှခဲ့လျှင်
ပြန်ပြော"တဲ့ ။ကျွန်ုပ်ကား ပျော်လိုက်ချေခြင်း။ကျွန်ုပ်၏
ဖခင်မှာ တစ်သိန်းမျှသာ ဖုန်းတစ်လုံးတောင် ဝယ်ပေးဖူးသည်မဟုတ် ထိုသို့ဈေးကြီးသည်ကိုကား ဘယ်နည်းနှင့်မျှ ဝယ်ပေးလိမ့်မည်မဟုတ်ချေ။(​ငွေကြေးမတတ်နိုင်၍လည်းပါပါသည်။)​အဘယ်စိတ်ကူးပေါက်၍လွယ်လွယ်ကူကူ ဝယ်ပေးချေသည်ကား မသိချေ။သို့တွင်ကား ကျွန်ုပ်၏ကျင့်စဉ် တစ်နည်းအားဖြင့် လိုချင်သည့်အရာအားစိတ်ဖြင့်ဆွယ်၍ရသည်ဟူကား ကျွန်ုပ်လက်တွေ့ယုံခဲ့ရလေသည်။
ထိုယုံကြည်မှုကို ထပ်လောင်းအသက်သွင်းခဲ့သည့်
အဖြစ်များအား ဆက်လက်ဖော်ပြငြားအံ့။ကျွန်ုပ် တက္ကသိုလ် ဒုတိယနှစ်တွင် စီးတော်မြင်းဆိုင်ကယ်မရှိသည့်
အတွက် မျက်နှာအလွန်ငယ်ရသည်။သို့အတွက် အကြံ
အိုက်လျက်ရှိရာ ဖေမြင့်၏ "သင်ဘာကြောင့်ခုထိမချမ်း
သာသေးတာလဲ"ဟူသော စာအုပ်ကိုဖတ်ရှုမိခဲ့တယ်။
ထိုအထဲမှာ ချမ်းသာခြင်း၏လျို့ဝှက်ချက်ကား မိမိဖြစ်ချင်
လိုချင်သည်ကို အတိအလင်း ချရေးခြင်း ၊ထပ်တဲလဲရေးချခြင်းပဲ့တဲ့။ကျွန်ုပ်သည် အကြံတစ်ခုဖြစ်ပေါ်လာသည်နှင့် ကျွန်ုပ်အထက်တွင်စမ်းသပ်ခဲ့သည့်ကျင့်စဉ်နှင့် ယခု
ဖတ်ရှုမိသော ကျင့်စဉ် နှစ်ခု ပေါင်းစည်း၍ စာအုပ်တစ်
အုပ်တွင် "ဆိုင်ကယ်တစ်စီးရနိုင်ရမည် ဆိုင်ကယ်တစ်စီး
ရနိုင်ရမည်"ဤသို့သော စကားစုကို တစ်နေ့ စာမျက်နှာ
နှစ်မျက်နှာမျှ ချရေး၍သော်လည်းကောင်း ထိုစာစုကိုပင်
ယခင်ကကျင့်ခဲ့သည့်အတိုင်း နှုတ်မှတတွတ်တွတ် အမြဲ
ရွတ်ဆို၍သော်လည်းကောင်း ပြုလုပ်ခဲ့သည်။ရွတ်ဆိုသည်မှာ စိတ်ထဲမှာရွတ်ဆိုခြင်းမဟုတ်ဘဲ နှုတ်မှအသံထွက်
ကာရွတ်ဆိုခြင်းဖြစ်သည်။အစပိုင်းတွင် ရှက်သလိုလို ရွံ့
သလိုလို ဖြစ်မိသော်လည်း နှစ်ရက်မျှရွတ်ဆိုပီးနောက်
တွင် ကျင့်သားရလာခဲ့သည်။ရွတ်ဆိုသည့်အခါ အမြန်
ရွတ်ဆိုခြင်းမပြုလုပ်ဘဲ ကိုယ့်နားကိုယ် ပြန်ကြားအောင်
စိတ်ထဲ စွဲသထက်စွဲလာအောင် ဖြေးဖြေးနှင့်ပုံမန်ရွတ်ဆို
ခြင်းဖြစ်သည်။ထိုစဉ်က အလုပ်ထဲတွင် သူငယ်ချင်းများ
စာရေးကြီးများက ဒီကောင်ရူးများရူးနေလား မသိဘူးဟူ
၍ပျက်ရယ်ပြုလှောင်ပြောင်ကြသည်။သို့သော်လည်း
ကျွန်ုပ်မှာဂရုမစိုက်ဘဲ ရွတ်ဆိုခြင်း ထပ်တလဲလဲရေးချခြင်းကိုသာ မပျက်ပြုလုပ်ခဲ့သည်။
image
ဤသို့ပြုလုပ်သော်လည်း တစ်ပတ်ပြည့်ငြားလည်း
မထူးခြား နှစ်ပတ်ပြည့်သော်လည်းအစွမ်းမပြသဖြင့် စိတ်
မှာ နည်းနည်းကလေးအားလျော့လာခဲ့သည်။သို့သော်
လည်း တန်ဖိုးပိုကြီး၍ ပိုပြီးပြုလုပ်ရသည်ဟု အားတင်း
ကာ ပို၍ကြိုးစားပြုလုပ်ခဲ့သည်။တစ်လမျှကြာသောအခါ
စိတ်ထဲတွင် ငါဆိုင်ကယ်ရတော့မည်ဟုပင် ထင်လာ မြင်
လာမိပါသည်။
တစ်လကျော်မှာကြာသောအခါ ကျွန်ုပ်၏ဖခင်မှာနယ်ကတက်လာ၍ကျွန်ုပ်အားဆိုင်ကယ်ဝယ်ပေးလေသည်။(ကျွန်ုပ်တို့မှာ ပိုက်ဆံရှိလူတန်းစားများမဟုတ်ပေ။
ပိုက်ဆံရှိလို့ဝယ်ပေးတာ ဘာဆန်းသလဲဟုထင်ကြမည်
စိုးသောကြောင့်ဖော်ပြခြင်းဖြစ်ပါသည်။)တစ်ခုမှာကား
မကြာသေးမှီအချိန်ကပင် ကျွန်ုပ်မှာMI SMART PHONE
တစ်လုံးအားလိုချင်မိသည်နှင့် ထိုနည်းများနှင့်ပင် အသုံး
ပြု၍ ကျင့်ခဲ့သည်။ဤတွင် တစ်ခုပို၍ထူးခြားသည်မှာ
"တစ်ပတ်အတွင်း mi max 2ဝယ်နိုင်ရမည်"ဟုအချိန်
သတ်မှတ်ကာပြုလုပ်ခြင်းဖြစ်သည်။အံ့သြဖွယ်ကောင်း
သည်ကား ထိုစဉ်က ကျွန်ုပ်လက်ထဲတွင် ကျပ်၁သိန်းမျှ
သာရှိခဲ့သည်။ဖုန်းတန်ဖိုးမှာ သုံးသိန်းကျပ်နီးပါးဖြစ်၍
တစ်သိန်းကိုးသောင်းကျပ်လိုအပ်နေသည်မှာ တစ်ပတ်
ပြည့်၍၈ရက်မြောက်နေ့တွင် မထင်မှတ်သော အလုပ်
တစ်ခုရ၍နှစ်ရက်တည်းဖြင့်လိုအပ်နေသောငွေပမာဏ
ပြည့်သွားခဲ့လေသည်။(လော်လီကား ပြောဆိုခြင်းမဟုတ်သည်ကား ကတိပြုအပ်ပါသည်။)
ဤသည်တွင် ထိုသို့ပြုလုပ်ခြင်းဖြင့် အမှန်တကယ်
ရသည်ဆိုလျှင် လူအားလုံးချမ်းသာတာကြာလှပေါ့ဟု
စောဒကတက်ဖွယ်ရှိပါသည်။သို့သော် ထိုသို့ပြုလုပ်ခြင်း
မှာ လွယ်ကူလှသည်မဟုတ်၊သို့တွင်လည်း ခက်ခဲလွန်းသောအရာလည်းမဟုတ်ပေ။ကျွန်ုပ်တစ်ခုပြောနိုင်သည်
ကား လူတိုင်းသည် ထိုအလုပ်ကို မလုပ်နိုင်ကြပေ။မလုပ်ကြသည်မှာလည်းစွဲမြဲသောဆန္ဒ၊ပြင်းထန်သောကြိုးစား
မှုမရှိခြင်းတို့ကြောင့်ဖြစ်ပါသည်။
image
ကျွန်ုပ်မှာ ယခု
Steemitသို့ရောက်ရှိချိန်တွင် ဆရာတင်လှိုင်ဦး(သရက်)
၏ "ယုံကြည်မှုကိုအသုံးပြုခြင်း၊ ရေးသားချက်နှင့်ထပ်
ကာတလဲလဲပြုလုပ်ခြင်း စသည့်သင်ခန်းစာများကို သင်
ကြားရချိန်တွင် ကျွန်ုပ်လေ့ကျင့်ခဲ့သော အရာများနှင့်
ထပ်တူကျနေတာကို သိရှိခဲ့ရသည်။သို့အတွက် ကျွန်ုပ်
ကျင့်စဉ်များကို သာ၍မှန်သည်၊သာ၍ ဖြစ်နိုင်သည်ဟုယုံ
ကြည်ခဲ့ပါတယ်။ဆရာတင်လှိုင်ဦး(သရက်)၏သင်ခန်း
စာများကို သင်ကြားရချိန်တွင် ကျွန်ုပ်မှာလည်း အတိတ်
ကိုပြန်လည်တမ်းတမှန်းဆသည်နှင့် ထိုစာစုကိုရေးသား
ဖြစ်ခဲ့ခြင်းဖြစ်ပါသည်တကား။
image
image

မှတ်ချက်။ ။ကျွန်ုပ်မှာ ရင့်ကျင့်ပီးသော စာရေးဆရာမဟုတ်သည့်နှယ် လိုအပ်ချက်များ မပြည့်စုံမှုများရှိ
သည့်အတွက် သည်းခံဖတ်ရှု ဝေဖန်ပေးကြပါရန် မေတ္တာ
ရပ်ခံအပ်ပါသည်။Steemitမှဆရာ၊ညီအစ်ကို၊​မောင်နှစ်မများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)

Sort:  

စိတ်​စွမ်းအားကိင်းမဲ့ပါbro

ဟုတ်ကဲ့bro

အင်ျးေ..စိတ်တန်ခိုးရသွားရင်.ဒါတွေက ခနလေဲး့ ပြည့်တယ်။ တတ်ယမျက်လုံးကျင့်စဉ်အောင်ရင်..ဘာမဆိုရတယ်ဗျ..ကိုကလောဘသိပ်မရှိ့လားမသိဘူး..သိပ်တော့မတောငိးဖြစ်ဘူး။ ပြန်ပေးဆပ်ရတာလဲ့ဟာကျရှိတယ်

ဟုတ်တယ်bro

အကျင့်မရှိသေးချိန်မှာ ခက်ပေမဲ့
လုပ်လက်စရှိရင်တော့လည်း လွယ်သွားတာပါပဲ။
သမာဓိအားကောင်းဖို့လည်းလိုပါတယ်..bro

လက်ခံတယ်ညီ ဒီနည်းကို

ဟုတ် bro.

vote ပေးခဲ့တယ် bro

စိတ်တန်ခိုးကြီးလေလေမိမိကိုယ်ကိုယ်ယုံကြည်မှုပိုရလေ။

စိတ်တည်ငြိမ်ဖို့  အဓိကပေါ့နော်

မှန်ပါတယ်bro

ဆိုင်ကယ်... ရအောင်ဝယ်မယ်... ကိုယ့်မှာဆိုင်ကယ်မရှိတော့.. ကျောင်းတက်ရတာ.. မျက်နျှာငယ်... မျက်နှာငယ်.....
ကိုယ်မှာသာဆိုင်ကယ်ရှိရင်.. ချစ်တဲ့သူက နောက်မှာထိုင်မယ်... ကမ္ဘာတစ်ပတ်တောင် မဖြုံပေါင်.. ရအောင်ပတ်ဦးမယ်....

ဟီး နောက်ပီလို့စ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58972.92
ETH 2315.53
USDT 1.00
SBD 2.50