ကုက္ကိုလ်ပင်အောက်မှ သရဲ

in #myanmar6 years ago

image
image source
ထန်းတစ်ပင်ရွာသည် မန္တလေး-ရန်ကုန်အဝေးပြေးကားလမ်းမကြီးဘေး ၂မိုင်ခန့်အကွာတွင်တည်ရှိပြီး အိမ်ခြေ၇၀ခန့်သာရှိသော ရွာငယ်လေးတစ်ရွာဖြစ်သည်။ရွာငယ်ဟုဆိုသော်လည်း တောသိပ်မကျသော၊သူ့ဟာနှင့်သူ အတန်အသင့်ပြည်စုံသော ရွာလေးဖြစ်၏။လမ်းမကြီးဘေးမှ ရွာထိပ်ထိ ကားလမ်းပေါက်ပြီး ရွာထိပ်တွင်ပင် ဂိတ်ဆုံး၏။ထိုရွာထိပ်မှအနည်းငယ်လှမ်းသောရွာအဝင်လမ်းဘေးတွင် နှစ်ရှည်လများ ကြီးထွားနေသော ကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိလေသည်။အကိုင်းအခက်၊အရွက် တို့ သည် နေရောင်တိုးမပေါက်အောင်ပင် ပိန်းပိတ်နေကာ နေ့အချိန်တွင်ပင် ထိုအပင်အောက်၌ မှောင်နေ၏။ထို့အပြင် ထိုကုက္ကိုလ်ပင်ကြီး၏ကိုက်၁၀၀အကွာ၌ ရှေးက သုသာန်ဟောင်းတစ်ခုလည်း ရှိလေသည်။ထိုကြောင့် ထိုနေရာတွင် နေ့ခင်းအချိန် ညနေ၃နာရီထိသာ လူအသွားအလာ ရှိပြီး ထိုမှလွန်လျှင်အသွားအလာလုံးဝမရှိတော့ချေ။
image
image source
ထန်းတစ်ပင်ရွာသား ကိုအောင်ကြီးသည် ရွာနှင့်
မြို့ကို ကူးလူး ရောင်းဝယ်နေသော သူတစ်ယောက်ဖြစ်သည်။ထိုကြောင့် မြို့ကိုတစ်ပတ် ၂ကြိမ်ထက် မနည်း တက်ရလေသည်။ရွာမှထွက်သော ကုန်စိမ်းများယူကာ ကိုမြို့ပေါ်တက် ရောင်းကာ မြို့မှ စားစရာများ၊အထည်များ၊ပြန်လည်ဝယ်ယူကာ အထည်များကိုမူ ရွာရှိ အန်တီစုဆိုသူအား ပြန်လည်ဖောက်သည်ပေး၏။လူပျိုကြီး ကိုအောင်ကြီးသည် တစ်ယောက်တည်းသမားဖြစ်သည့်အလျောက် လုပ်ကိုင်နေသော စီးပွားရေးမှာ သိပ်မဆိုးလှပေ။ကိုအောင်ကြီး၏ ရုပ်ရည်ရူပကာမှာလည်း သိပ်မဆိုးလှ။အသားညိုညို မေးရိုးကားကား နှာတံပေါ်ပေါ်နှင့် ဗိုက်ကလေးတစ်လုံး ပူရုံမှတစ်ပါး ခန္ဓာကိုယ်အချိုးအစား
တောင့်တောင့်တင်းတင်းရှိလှသည်မို့ ရွာရှိ မိန်းမပျိုလေးများမှာ လူပျိုကြီးကိုအောင်ကြီးကို မျက်စိကျ ကြ၏။သို့သော် ကိုအောင်ကြီးသည် လာရောက်ပိုးပန်းကြသော လှပျိုဖြူများကို ခပ်ချေချေသာ ဆက်ဆံတတ်လေသည်။
ကိုအောင်ကြီးသည် ဘယ်အရာကိုမှ မကြောက်တတ်ပေ။သို့သော် ခြွင်းချက်ကား တစ်ခုရှိ၏။ထိုချွင်းချက်ကား
သရဲကြောက်တတ်ခြင်းပင်ဖြစ်လေသည်။
ယခုအခါလည်း ကိုအောင်ကြီးသည် မြို့တက်ရမည့် ရက်ရောက်လာလေသည်။ရွာမှ ထွက်သမျှ အသီးအနှံ၊အမြစ်အဖု၊စသည့် စုံလင်လှသော ပစ္စည်းများကို တစ်ရွာလုံးတွင်တစ်စီးသာရှိသော ဦးဖိုးသက်၏ နွားလှည်းနှင့်
သယ်ယူကာ မနက်၇နာရီခန့် အချိန်တွင်ကားဂိတ်ကို သွားရှာလေသည်။ထိုနောက်ကားဂိတ်မှတစ်ဆင့် မြို့ကို သွားကာ ပါလာသမျှ ပစ္စည်းတို့ကို ရောင်းချလေသည်။ထိုသို့ ရောင်းရသောငွေနှင့်ပင် မိမိဝယ်ယူလိုသော ပစ္စည်းများနှင့် ရွာမှ ဟိုဟိုဒီဒီမှာလိုက်သော ပစ္စည်းများကို ရှာဖွေဝယ်ယူချေ၏။ယမန်နေ့များတွင် နေ့ခင်း၁၁နာရီခေန့်တွင် ကိစ္စများ ပြီးပြတ်၍ ၁၂ကားနှင့်ရွာပြန်လေ့ရှိသောလည်း သည်ကနေ့ကား ၁၂နာရီထိုးပြီးသည့်တိုင်
မပြန်ရသေးချေ။မြို့ရောက်တိုင်း စီးနေကျဖြစ်သော ကယ်ရီနှင့် တစ်မြို့လုံးပတ်ကာ ပစ္စည်းတစ်ခုကို လိုက်ရှာ
နေ၏။နေပူပူတွင် ချွေးတဒီးဒီးနှင့် ကိုအောင်ကြီးတစ်
ယောက် မြို့ထဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးနေ
လေသည်။သို့သော် ဆိုင်သာကုန်သလောက်ဖြစ်သွားသော်လည်း ရှာမတွေ့သေးပေ။ထိုပစ္စည်းကား ရွာမှ နွားလှည်းဆရာဦးဖိုးသက်တစ်ယောက် ဘယ်ကကြားလာမှန်းမသိသော"ဆီကွန်ဆိုလား ဆီလီကွန်ဆိုလား ..ဒီအရုပ်လေးတစ်ခု ဝယ်လာပေးခဲ့စမ်းပါကွာ.. ပျင်းတဲ့အခါ စကားပြောလို့ရတယ်ဆိုလားပဲ့...အိမ်ကမိန်းမက ပြသာနာ
ရှာလွန်းလို့ပါကွာ" ဟု အမှာစကားကြောင့် ကိုအောင်ကြီးတစ်ယောက် မိမိမှာမသိသော်လည်း ကြိုးစား၍ လိုက်ရှာ ပေးနေလေသည်။
image
image source
အပိုင်းဆက်မျှော်....

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

စိတ်ဝင်စားစရာကောင်းတယ် မောင်လေးရေ အဆက်ကလေး မျှော်နေပါတယ်

မမစု ဆီအထည်တွေမရောက်သေးပုလား

သရဲဆို​ကြောက်​တယ်​ကွယ်

‌စောင့်‌‌မျှော်‌‌နေမယ်‌ညီ။

ကျေးဇူးပါbro

စီလီကွန်ရုပ်တွေဈေးကျဆိုပဲ

ဦးဖိုးသက်အတွက် ရှာဝယ်ပေးဦးမှပါ

သရဲကြောက်တယ်။
မဖတ်ရဲဘူး😁

ကိုအောင်ကြီးက g3 ကအောင်ကြီးကိုပြောတာလား သူ့ ကြည့်ရတာ လူမိုက်ရုပ်နဲ့နော် သရဲမကြောက်လောက်ဘူး

ဟီး အမွှန်းတင်ထားနာကို သရဲကြောက်ကိုကြောက်ရမယ်လေ

ဆက်ဖတ်ပါမည်

ဟုတ်ကဲ့ ဆက်ရေးပါ့မည်ခင်ဗျ

အယ်...သရဲ ဆီ မရောက်လိုက်ပါလားကွယ်

ဟီး နောက်နေ့မှ သရဲလာမှာ

အပိုင်းဆက်မျော်နေပါမည်

ဟုတ်ကဲ့ပါ

ဆီလီကွန်ဆော့မို့ပေါ့ အဲ့အတွေ့အကြုံလေးပြောပြဦးနော်

သားမုတ်ပု ဦးသက်ကြီး မှာနာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63277.26
ETH 2570.12
USDT 1.00
SBD 2.82